Health Knowledge

အမျိုးသမီးတွေအတွက် ဗီတာမင်စီရဲ့အရေးပါမှု

ယနေ့ခေတ်ကာလမှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေက အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းရပ်တည်နေနိုင်ပါပြီ။

သူတို့တွေဟာ ကျရာကဏ္ဍအမျိုးမျိုးမှာ အကောင်းဆုံးလုပ်ဆောင်ကြပါတယ်။

သူတို့တွေ မကြာခဏ လျစ်လျူရှုမိနေတဲ့အရာကတော့ သူတို့ရဲ့ကျန်းမာရေးပါပဲ။

အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် တစ်နေ့တာလိုအပ်တဲ့ဖြည့်စွက်စာတွေ သောက်ပေးဖို့လည်း လိုအပ်ပါတယ်။

ဗီတာမင်စီက အမျိုးသမီးတွေအတွက် အရေးပါ ပါတယ်။ ဗီတာမင်စီကို ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိုင်တယ်လို့သိထားကြပါတယ်။

ဒါကြောင့် ဗီတာမင်စီကို အစားအစာတွေကနေတဆင့်၊ အခြားဖြည့်စွက်စာတွေကနေတဆင့် နေ့တိုင်းစားသုံးပေးသင့်ပါတယ်။

အမျိုးသမီးတွေအတွက် ဗီတာမင်စီရဲ့ ကောင်းကျိုးတွေကို ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။

Collagen ထုတ်ပေးနိုင်စွမ်းရှိတယ်

ဒီဗီတာမင်ဓာတ်က အားအင်ကြီးတဲ့အန်တီအောက်စီဒန်အဖြစ် လုပ်ဆောင်နိုင်ပါတယ်။

ခန္ဓာကိုယ်က Collagen ဓာတ်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့ Collagen ထုတ်လုပ်မှုက လျော့နည်းလာရပါတယ်။

ဗီတာမင်စီက Collagen ထုတ်လုပ်နိုင်ဖို့အတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ပါတယ်။

Collagen ထုတ်လုပ်နိုင်မှ အမျိုးသမီးတွေရဲ့အိုမင်းရင့်ရော်မှုလက္ခဏာတွေကို ဟန့်တားစေနိုင်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့ရည်လိုက်ခြင်းအတွက် ကောင်းတယ်

ကိုယ်ဝန်ဆောင်သည်နဲ့ မိခင်နို့ထွက်နည်းတဲ့သူတွေအတွက် ဗီတာမင်စီ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေမှာ ဗီတာမင်စီဓာတ်က သာမန်အမျိုးသမီးတွေထက်လျော့နည်းပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေက ဗီတာမင်စီသောက်သုံးပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းနဲ့ဆက်စပ်တဲ့ပြဿနာတွေကို ဖြစ်နိုင်ခြေလျော့နည်းလာစေနိုင်ပါတယ်။

သံဓာတ်စုပ်ယူနိုင်အားကောင်းစေတယ်

ဗီတာမင်စီဖြည့်စွက်အားဆေးက တစ်နေ့တာအစားအစာကနေ သံဓာတ်စုပ်ယူနိုင်အားကို တိုးလာစေနိုင်ပါတယ်။

ဗီတာမင်စီက သံဓာတ်ကို အလွယ်တကူစုပ်ယူနိုင်စေအောင် ထောက်ပံ့ပေးပါတယ်။

ရလဒ်အနေနဲ့ သံဓာတ်ချို့တဲ့တဲ့ အမျိုးသမီးတွေကြားမှာ သွေးအားနည်းရောဂါဖြစ်နိုင်ခြေကို လျော့နည်းပေးနိုင်ပါတယ်။

နှလုံးရောဂါဖြစ်နိုင်ခြေနည်းစေတယ်

ဗီတာမင်စီက နှလုံးရောဂါမဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။ သွေးဖိအားများတာလို နှလုံးရောဂါနဲ့ဆက်စပ်တဲ့ ပြဿနာတွေကို လျော့ချပေးနိုင်စွမ်းရှိပါတယ်။

ဓမ္မတာမှန်စေတယ်

ဗီတာမင်စီက Estrogen ပမာဏနဲ့ လျော့နည်းနေတဲ့ Progesterone ပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။

အဲဒါကြောင့် အမျိုးသမီးတွေကို ဓမ္မတာမှန်စေပါတယ်။
လေးစားစွာဖြင့် Crd

Zawgyi
အမျိုးသမီးတွေအတွက် ဗီတာမင်စီရဲ့အရေးပါမှု

ယနေ့ခေတ်ကာလမှာ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေက အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းရပ်တည်နေနိုင်ပါပြီ။

သူတို့တွေဟာ ကျရာကဏ္႑အမျိုးမျိုးမှာ အကောင်းဆုံးလုပ်ဆောင်ကြပါတယ်။

သူတို့တွေ မကြာခဏ လျစ်လျူရှုမိနေတဲ့အရာကတော့ သူတို့ရဲ့ကျန်းမာရေးပါပဲ။

အမျိုးသမီးတွေရဲ့ကျန်းမာရေးအတွက် တစ်နေ့တာလိုအပ်တဲ့ဖြည့်စွက်စာတွေ သောက်ပေးဖို့လည်း လိုအပ်ပါတယ်။

ဗီတာမင်စီက အမျိုးသမီးတွေအတွက် အေရးပါ ပါတယ်။ ဗီတာမင်စီကို ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိုင်တယ်လို့သိထားကြပါတယ်။

ဒါကြောင့် ဗီတာမင်စီကို အစားအစာတွေကနေတဆင့်၊ အခြားဖြည့်စွက်စာတွေကနေတဆင့် နေ့တိုင်းစားသုံးပေးသင့်ပါတယ်။

အမျိုးသမီးတွေအတွက် ဗီတာမင်စီရဲ့ ကောင်းကျိုးတွေကို ဒီဆောင်းပါးကနေ ဖော်ပြပေးလိုက်ရပါတယ်။

Collagen ထုတ်ပေးနိုင်စွမ်းရှိတယ်

ဒီဗီတာမင်ဓာတ်က အားအင်ကြီးတဲ့အန်တီအောက်စီဒန်အဖြစ် လုပ်ဆောင်နိုင်ပါတယ်။

ခန္ဓာကိုယ်က Collagen ဓာတ္ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ရလာတာနဲ့ Collagen ထုတ်လုပ်မှုက လျော့နည်းလာရပါတယ်။

ဗီတာမင်စီက Collagen ထုတ်လုပ်နိုင်ဖို့အတွက် တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ပါတယ်။

Collagen ထုတ်လုပ်နိုင်မှ အမျိုးသမီးတွေရဲ့အိုမင်းရင့်ရော်မှုလက္ခဏာတွေကို ဟန့်တားစေနိုင်မှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နဲ့ နို့ရည်လိုက်ခြင်းအတွက် ကောင်းတယ်

ကိုယ်ဝန်ဆောင်သည်နဲ့ မိခင်နို့ထွက်နည်းတဲ့သူတွေအတွက် ဗီတာမင်စီ လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေမှာ ဗီတာမင်စီဓာတ်က သာမန်အမျိုးသမီးတွေထက်လျော့နည်းပါတယ်။

ကိုယ်ဝန်ဆောင်သည်တွေက ဗီတာမင်စီသောက်သုံးပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်ခြင်းနဲ့ဆက်စပ်တဲ့ပြဿနာတွေကို ဖြစ်နိုင်ခြေလျော့နည်းလာစေနိုင်ပါတယ်။

သံဓာတ်စုပ်ယူနိုင်အားကောင်းစေတယ်

ဗီတာမင်စီဖြည့်စွက်အားဆေးက တစ်နေ့တာအစားအစာကနေ သံဓာတ်စုပ်ယူနိုင်အားကို တိုးလာစေနိုင်ပါတယ်။

ဗီတာမင်စီက သံဓာတ္ကို အလွယ်တကူစုပ်ယူနိုင်စေအောင် ထောက်ပံ့ပေးပါတယ်။