မိန်းမတို့ဘုန်း ဆံထုံး ဆိုပေမယ့်လည်း ဆံပင်အတိုထားခြင်းဖြင့် ဒီလိုအကျိုးတွေရရှိနိုင်ပါတယ်
မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့ ဆိုရိုးစကားအတိုင်း မိန်းကလေးအများစုဟာ ဆံပင်အရှည်ထားရတာကို နှစ်သက်ကြသလို မိန်းကလေးတွေနဲ့ဆံပင်အရှည်ဆိုတာ ခွဲထားလို့မရတဲ့ စံနှုန်းတစ်ခုလို သဘောထား သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ မိန်းကလေးတွေဟာ ဆံပင်အရှည်ကို ဆက်ပြီး မြတ်မြတ်နိုးနိုးထား ကြတဲ့သူတွေလည်း ရှိသလို ခေတ်ရေစီးအရရော
ရာသီဥတုနဲ့ လိုက်လျောညီထွေ ရှိဖို့ပါ ဦးစားပေးစဉ်းစားလာကြတဲ့အခါမှာ တချို့က ဆံပင်ခပ်တိုတို ကပ်ကပ်လေးတွေ ညှပ်လာတာ တွေ့မြင်ရပါတယ်။
ဆံပင်အတိုဟာ ဖက်ရှင်ရှူထောင့်က ကြည့်ရင်လည်း ခေတ်ဆန်ပြီး အမြင်တစ်မျိုး ဆန်းသလို ကျန်းမာရေးရှူထောင့်က ကြည့်ရင်လည်း အများကြီး ကောင်းကျိုးပေးနိုင်တာ တွေ့ရပါတယ်။
ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ဆံပင်အရှည်ထားတာနဲ့လည်း လိုက်ဖက်တင့်တယ်သလို ဆံပင်အတိုကပ်ကပ်လေးတွေ ညှပ်ဖို့ဆန္ဒရှိတယ် ဆိုရင်လည်း ရှက်မနေ တွေးပူမနေကြပဲ ရဲရဲဝံ့ဝံ့ ညှပ်သင့်တယ်ဆိုတဲ့ အကြောင်းကို အောက်က အချက်လေးတွေနဲ့ သက်သေပြလိုက်ပါရစေ။
ထိန်းသိမ်းရလွယ်ကူခြင်း
ဆံပင်အတိုသမားတွေရဲ့ အကောင်းဆုံးအားသာချက်ကတော့ ဆံသားထိန်းသိမ်းရ လွယ်ကူခြင်းပါ။
ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ဆံပင်ရှူပ်တာ ၊ ငြိတာ ၊ ဆံသားနှစ်ခွဖြစ်တာတွေနဲ့ ထိန်းသိမ်းရ တော်တော်လေးကို ခက်ခဲပေမယ့် ဆံပင်အတိုသမားတွေမှာတော့ ဒီဒုက္ခတွေက မရှိသလောက် နီးပါးပါပဲ။
ဗောက်ပြသနာ
လေ့လာတွေ့ရှိချက်တွေအရ ဆံပင်အတိုသမားတွေအနေနဲ့ ဆံပင်ရှည်သူတွေထက်စာရင် ဗောက်ထဖို့အခွင့်အလမ်း ပိုပြီး နည်းပါးတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ ဗောက်ထခြင်းကို ဖြစ်ပေါ်စေတတ်တဲ့ ဦးရေပြားခြောက်သွေ့ခြင်း မဖြစ်စေဖို့အတွက် ဦးခေါင်းရဲ့ အရေပြားအောက်ကနေ အဆီတွေကို ပုံမှန်ထုတ်ပေးလေ့ ရှိပါတယ်။
ဆံပင်တိုသူတွေအတွက် လုံလောက်တဲ့ အဆီကို ထုတ်ပေးဖို့ မခဲယဉ်းပေမယ့် ဆံပင်ရှည်သူတွေအတွက်တော့ ဦးရေပြားက အဆီကို လုံလောက်အောင် ထုတ်ပေးနိုင်ခြင်း မရှိတော့တာကြောင့် ဦးရေပြား ခြောက်သွေ့ဗောက်ထခြင်းမျိုးနဲ့ ရင်ဆိုင်ရပါတော့တယ်။
ဆံပင်ကျွတ်
အိပ်ရာကနိုးရင် ခေါင်းအုံးပေါ်မှာ ဆံပင်တွေ အထွေးလိုက် ကျွတ်နေတာ မြင်ရတာနဲ့ ခေါင်းဖြီးတိုင်း၊ ခေါင်းလျှော်တိုင်း ဆံပင်တွေ ကျွတ်ပြီး ပါလာတာမျိုးတွေက လူကို တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေပါ။
တချို့ဆို အစားအသောက်တွေထဲမှာပါ ဆံပင်တွေကျွတ်ပြီး ပါလာတတ်တဲ့ ဒုက္ခမျိုးနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။ ဆံပင်တိုတဲ့သူတွေမှာတော့ အဲဒီဒုက္ခတွေ တော်တော်လေးကို နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဘိုကေပုံစံမျိုး ညှပ်ထားတဲ့သူတွေဆိုရင်တော့ ဒီဒုက္ခက လုံးဝကို မရှိသလောက်ပါပဲ။
ပူပူလောင်လောင်
ရာသီဥတုပူတဲ့ အခါမှာ ခံရအခက်ဆုံးက ဆံပင်ရှည်တဲ့ သူတွေပါ။ နေပူပူအောက်မှာ သွားလာရတဲ့အခါ ၊ အစားအသောက်ခပ်ပူပူကို စားတဲ့အခါမျိုးတွေမှာ ဆံပင်ရှည်သူတွေအနေနဲ့ လည်ဂုတ်တစ်ဝိုက် ချွေးတွေထွက်ပြီး အနေရခက်တာမျိုး ၊စိတ်အိုက်တာမျိုးနဲ့ ခဏခဏကြုံရတတ်ပါတယ်။
ဆံထုံးထုံးထားတဲ့အချိန် ၊ဆံပင်စည်းထားတဲ့ အချိန်ဆိုရင် သိပ်မသိသာပေမယ့် ဆံပင်အတိုသမားတွေမှာ ရတတ်တဲ့ ပေါ့ပါးလွတ်လပ်ခြင်းမျိုးတော့ ခံစားရမှာမဟုတ်ပါဘူး။
အားလုံးရယ်ဒီ
ကိစ္စတစ်ခုခု အကြောင်းတစ်ခုခုပေါ်လို့ အရေးတကြီး သွားရတော့မယ်ဆိုရင်လည်း ဆံပင်အတိုသမားတွေက တစ်ပန်းသာပြန်ပါတယ်။
ဆံပင်အရှည်သမားတွေ ခေါင်းလျှော်ပြီး ခေါင်းခြောက်အောင် Dryer တွေမှုတ် ၊ ပုံသွင်းနေရတဲ့ ကြာချိန်တွေထက် ဆံပင်အတိုသမားတွေက ပိုပြီး မြန်မြန်ဆန်ဆန် ပြီးနိုင်ပါတယ်။
ဆံပင်အရမ်းတိုအောင်ညှပ်ထားတဲ့သူတွေဆိုရင် ပုံတောင် ထူးထူးထွေထွေသွင်းစရာမလိုပဲ အဝတ်အစားလဲပြီးထသွားလိုက်ရုံပါပဲ။
Credit
ဆံပင်အတိုထားခြင်းရဲ့ အားသာချက်လေးတွေ
မိန်းမတို့ဘုန်း ဆံထုံးဆိုတဲ့ ဆိုရိုးစကားအတိုင်း မိန်းကလေးအများစုဟာ ဆံပင်အရှည်ထားရတာကို နှစ်သက်ကြသလို မိန်းကလေးတွေနဲ့ဆံပင်အရှည်ဆိုတာ ခွဲထားလို့မရတဲ့ စံနှုန်းတစ်ခုလို သဘောထား သတ်မှတ်ခဲ့ကြပါတယ်။
ဒါပေမဲ့ ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ မိန်းကလေးတွေဟာ ဆံပင်အရှည်ကို ဆက်ပြီး မြတ်မြတ်နိုးနိုးထား ကြတဲ့သူတွေလည်း ရှိသလို ခေတ်ရေစီးအရရော ရာသီဥတုနဲ့ လိုက်လျောညီထွေ ရှိဖို့ပါ ဦးစားပေးစဉ်းစားလာကြတဲ့အခါမှာ တချို့က ဆံပင်ခပ်တိုတို ကပ်ကပ်လေးတွေ ညှပ်လာတာ တွေ့မြင်ရပါတယ်။
ဆံပင်အတိုဟာ ဖက်ရှင်ရှူထောင့်က ကြည့်ရင်လည်း ခေတ်ဆန်ပြီး အမြင်တစ်မျိုး ဆန်းသလို ကျန်းမာရေးရှူထောင့်က ကြည့်ရင်လည်း အများကြီး ကောင်းကျိုးပေးနိုင်တာ တွေ့ရပါတယ်။
ဒါကြောင့် မိန်းကလေးတွေအနေနဲ့ ဆံပင်အရှည်ထားတာနဲ့လည်း လိုက်ဖက်တင့်တယ်သလို ဆံပင်အတိုကပ်ကပ်လေးတွေ ညှပ်ဖို့ဆန္ဒရှိတယ် ဆိုရင်လည်း ရှက်မနေ တွေးပူမနေကြပဲ ရဲရဲဝံ့ဝံ့ ညှပ်သင့်တယ်ဆိုတဲ့ အကြောင်းကို အောက်က အချက်လေးတွေနဲ့ သက်သေပြလိုက်ပါရစေ။
ထိန်းသိမ်းရလွယ်ကူခြင်း
ဆံပင်အတိုသမားတွေရဲ့ အကောင်းဆုံးအားသာချက်ကတော့ ဆံသားထိန်းသိမ်းရ လွယ်ကူခြင်းပါ။
ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ဆံပင်ရှူပ်တာ ၊ ငြိတာ ၊ ဆံသားနှစ်ခွဖြစ်တာတွေနဲ့ ထိန်းသိမ်းရ တော်တော်လေးကို ခက်ခဲပေမယ့် ဆံပင်အတိုသမားတွေမှာတော့ ဒီဒုက္ခတွေက မရှိသလောက် နီးပါးပါပဲ။
ဗောက်ပြသနာ
လေ့လာတွေ့ရှိချက်တွေအရ ဆံပင်အတိုသမားတွေအနေနဲ့ ဆံပင်ရှည်သူတွေထက်စာရင် ဗောက်ထဖို့အခွင့်အလမ်း ပိုပြီး နည်းပါးတယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ ဗောက်ထခြင်းကို ဖြစ်ပေါ်စေတတ်တဲ့ ဦးရေပြားခြောက်သွေ့ခြင်း မဖြစ်စေဖို့အတွက် ဦးခေါင်းရဲ့ အရေပြားအောက်ကနေ အဆီတွေကို ပုံမှန်ထုတ်ပေးလေ့ ရှိပါတယ်။
ဆံပင်တိုသူတွေအတွက် လုံလောက်တဲ့ အဆီကို ထုတ်ပေးဖို့ မခဲယဉ်းပေမယ့် ဆံပင်ရှည်သူတွေအတွက်တော့ ဦးရေပြားက အဆီကို လုံလောက်အောင် ထုတ်ပေးနိုင်ခြင်း မရှိတော့တာကြောင့် ဦးရေပြား ခြောက်သွေ့ဗောက်ထခြင်းမျိုးနဲ့ ရင်ဆိုင်ရပါတော့တယ်။
ဆံပင်ကျွတ်
အိပ်ရာကနိုးရင် ခေါင်းအုံးပေါ်မှာ ဆံပင်တွေ အထွေးလိုက် ကျွတ်နေတာ မြင်ရတာနဲ့ ခေါင်းဖြီးတိုင်း၊ ခေါင်းလျှော်တိုင်း ဆံပင်တွေ ကျွတ်ပြီး ပါလာတာမျိုးတွေက လူကို တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေပါ။
တချို့ဆို အစားအသောက်တွေထဲမှာပါ ဆံပင်တွေကျွတ်ပြီး ပါလာတတ်တဲ့ ဒုက္ခမျိုးနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။ ဆံပင်တိုတဲ့သူတွေမှာတော့ အဲဒီဒုက္ခတွေ တော်တော်လေးကို နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဘိုကေပုံစံမျိုး ညှပ်ထားတဲ့သူတွေဆိုရင်တော့ ဒီဒုက္ခက လုံးဝကို မရှိသလောက်ပါပဲ။
ပူပူလောင်လောင်
ရာသီဥတုပူတဲ့ အခါမှာ ခံရအခက်ဆုံးက ဆံပင်ရှည်တဲ့ သူတွေပါ။ နေပူပူအောက်မှာ သွားလာရတဲ့အခါ ၊ အစားအသောက်ခပ်ပူပူကို စားတဲ့အခါမျိုးတွေမှာ ဆံပင်ရှည်သူတွေအနေနဲ့ လည်ဂုတ်တစ်ဝိုက် ချွေးတွေထွက်ပြီး အနေရခက်တာမျိုး ၊စိတ်အိုက်တာမျိုးနဲ့ ခဏခဏကြုံရတတ်ပါတယ်။
ဆံထုံးထုံးထားတဲ့အချိန် ၊ဆံပင်စည်းထားတဲ့ အချိန်ဆိုရင် သိပ်မသိသာပေမယ့် ဆံပင်အတိုသမားတွေမှာ ရတတ်တဲ့ ပေါ့ပါးလွတ်လပ်ခြင်းမျိုးတော့ ခံစားရမှာမဟုတ်ပါဘူး။
အားလုံးရယ္ဒီ