အ၀တ်လျှော်စက်ကို ကိုယ်တိုင် သန့်ရှင်းရေး (DEEP CLEAN ) လုပ်နည်း
အခြားသောသူတွေ လပြည့်နေ့မှာ ဇာတိမြို့ပြန်သူကပြန် ကျောင်းတက်သူကတက် အနားယူသူကယူနေချိန်ကိုယ်တွေမှာ မနက်ဖန် အလုပ်ပြန်ဖွင့်ချိန် အချိန်မှီစက်တွေ run နိုင်ဖို့
Washer တွေ Service လုပ်နေရတယ်လုပ်ရင်းနဲ့ မထူးပါဘူးးးးး အခြားသူတွေလည်း ကိုယ့်ဟာကိုယ် စက်တွေ သန့်ရှင်းရေးလေး လုပ်နိုင်သွားအောင် ပုံလေးတွေ ရိုက်ပြီးမျှဝေ
လိုက်ပါတယ်တချို့လည်း သိပြီး တတ်ပြီးသားဖြစ်မှာပါဆရာကြီးအဆင့်တော့မဟုတ်ပေမဲ့ သိသလောက်မှတ်သလောက်လေးမျှဝေပေးတာပါ။
အဓိကကတော့ Laundry လုပ်ငန်းလုပ်နေတဲ့သူတွေအနေနဲ့ မဖြစ်မနေသိထားတတ်ထားသင့်ပါတယ်။
လုပ်ငန်းသမားတွေအနေနဲ့ စက်တွေကို အနည်းဆုံး (၃)လတစ်ကြိမ်တော့ မဖြစ်မနေ Service လုပ်ပေးသင့်ပါတယ်မလုပ်ရင်ဘာဖြစ်မလဲ?
(၁) စက်ရဲ့ သက်တမ်းကြာရှည်မခံနိုင်ပါဘူး။
(၂) လျှော်တဲ့ အထည်တွေ အရည်အသွေးဆိုးလာမယ်။
(၃) စက်အတွင်း အနံ့အသက်တွေ ဆိုးမယ် အထည်ကို အနံ့ဆိုးတွေ စွဲမယ်၊။
(၄) လျှော်သမျှအထည်တွေမှာ ဂျီးဖတ်တွေ ကပ်မယ်။
အစရှိသဖြင့် အရည်အသွေးပိုင်းဆိုင်ရာက ထိုးဆင်းတော့မယ်။
ဒီတော့ စက်တွေရဲ့ ကြံ့ခိုင်သန့်ရှင်းရေးကို အထူးဂရုစိုက်သင့်ပါတယ်။
ပိုက်ဆံရရင်ပြီးရော ဆပ်ပြာရည်နဲ့ စိမ်ပေးရင်တော့လည်း တမျိုးပေါ့လေ။
ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံတွေအောက်မှာ ရေးပေးထားပါတယ်။
အဆင်ပြေချောမွေ့ကြပါစေဗျာ 😀😀
(မောထှာ)
😑😑
အနီလေးတွေ ဝိုင်းပြထားတဲ့ နတ်လေးတွေ ဖြုတ်ပါပါဝါကြိုးဖြုတ်ပါရေကြိုးကတော့ မဖြုတ်လည်းရပါတယ်လွတ်လွတ်လပ်လပ်လုပ်ချင်ရင်တော့ ဖြုတ်ပေါ့။
အနီဝိုင်း
နေရာက နတ်ကိုဖြုတ်ပါဘေးနှစ်ဖက်လုံးမှာရှိပါတယ်စုစုပေါင်း နတ် လေးလုံးဖြုတ်ရပါမယ်စက်အမျိုးအစားပေါ်မူတည်ပါတယ်ပုံမှန်ကတော့ ၄ လုံးပါ။
ဝိုင်းပြထားတဲ့နေရာမှာ အပြာရောင်အဖုံးငယ်လေးရှိပါတယ်ကျောက်လှဲ့နဲ့ ကလန့်ဖွင့်ပြီး အထဲကနတ်ကိုဖြုတ်ပါ။
ပြီးရင် အောက်အဖုံးကို ကျောက်လှဲ့နဲ့ ကလန့်ပြီး ဆွဲမမှ ရပါတယ်ဒါကတော့ လျှော်ခဲ့တဲ့ အထည်တွေက ထွက်တဲ့ အညစ်အကြေးတွေပါ။
ကာဗာကို ဖြုတ်တဲ့အခါ ဝိုင်းပြထားတဲ့နေရာမှာ ဝါရှာပြားလေးပါပါတယ် သတိထားဖြုတ်ပါသတိမထားမိရင် စက်အတွင်းပိုင်းထဲ ပြုတ်ကျတတ်လို့ပါ။
နောက်တဆင့်အနေနဲ့ Drum လုံးကြီးကို Join ထားတဲ့ နတ် 6 လုံးဖြုတ်ရပါမယ်12 Kg နဲ့အောက်အမျိုးအစားတွေမှာ 10 နတ်ပါ12 Kg အထက်ဆိုရင် 12/13 ပါ
T နဲ့မှ အဆင်ပြေပါမယ်။
ဒါပြီးမှ အဖုံးကိုဖွင့်ပါ အပေါ်မှန်ကိုတော့ လှန်မကျအောင် တိတ်ကပ်ထားဖို့ လိုပါမယ်။
အညစ်အကြေးတွေ ဒီလို တွေ့ရမှာပါ။
ဒါကနည်းသေးတယ်နော်။ အချို့ဆို ဗွက်အိုင်ကြီးလိုပဲ။
သေချာပြောင်အောင် တိုက်ဆေးပြီးးရင် ရေပြန်ထုတ်ပါရေထုတ်တဲ့အခါ ကျနော်ကတော့ power ဖွင့်ပြီး ရေထုတ်ပါတယ်တချို့ကတော့ အနောက်ဖုံးကိုဖွင့်ပြီး ရေထွက်ဗားးကိုလက်နဲ့
ပဲဆွဲထားပါတယ် ဘယ်လိုသုံးသုံးရပါတယ်။
Drum လုံးကြီးကိုလည်း သေချာပြောင်အောင် တိုက်ချွတ်ပြီးးး ပြန်ထည့်ပါ
ပြန်ထည့်တဲ့အခါ အနေအထားကို စကတည်းက သေချာမှတ်ထားဖို့တော့ လိုပါမယ် အဲ့အတိုင်း နေရာတကျထားပါ
နတ် 6 လုံးပြန်တတ်ပြီး ဝါရှာပြားပြန်ထည့်ပါမယ်ပြီးရင် ကာဗာအဖုံးပြန်တတ်ပါမယ်။
ပြီးသွားပြီလားဆိုရင် မပြီးသေးပါဘူးးးးစက်အကုန်ပြန်တပ်ပြီးသွားရင် Tube Clean ပြန်လုပ်ပေးရပါမယ်Drum လုံးမှာရှိတဲ့ ကော်ကာဗာကြားတွေထဲမှာ ကျန်နေတဲ့ အဖတ်တွေကို
ပြန်ဆေးဖို့လိုပါတယ်ဆေးတဲ့အခါ ဆပ်ပြာနဲနဲနဲ့ ဗီနီကာ 1 လီတာလောက်ထည့်ပြီးဆေးရင် ပိုကောင်းပါမယ်ဒါမှမဟုတ် washer တွေကို ဆေးတဲ့ ဆေးမှုန့်(သို့)ဆေးရေရှိပါတယ်
japan store တွေမှာ ရှိပါတယ် ဒါလည်း အဆင်ပြေပါတယ်။
ကျေးဇူးတင်ပါတယ်
Zawgyi Version
(မောထှာ)
😑😑
အနီဝိုင်း
T နဲ့မှ အဆင်ပြေပါမယ်။
ကျေးဇူးတင်ပါတယ်