International News Knowledge Sharing

“နေကို ၅ လလုံး မမြင်ရတဲ့ ကမ္ဘာ့မြောက်ဘက် အဆုံးက မြို့”

Zawgyi

လောင်ရီယာဘန်ယန် Longyearbyen မြို့ဟာ နော်ဝေးနိုင်ငံမြောက်ပိုင်း အာတိတ်သမုဒ္ဒရာထဲက Svalbard နယ်မြေမှာ တည်ရှိပါတယ်။ Spitsbergen ကျွန်းစုလို့ သိကြတဲ့ Svalbard နယ်မြေဟာ နော်ဝေးမြောက်ပိုင်းကမ်းရိုးတန်း နဲ့ မြောက်ဝန်ရိုးစွန်းရဲ့ အလယ်မှာ ရှိနေပါတယ်။

လူသူနေထိုင်မှု အလွန်နည်းပါးတဲ့ Svalbard နယ်မြေထဲမှာ လောင်ရီယာဘန်ယန် မြို့ဟာ လူဦးရေအများဆုံးနေထိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ လူဦးရေအများဆုံးဆိုပေမယ့် ဒီမြို့မှာ နေထိုင်သူစုစုပေါင်းဟာ ၂၃၀၀ ကျော်သာ ရှိပါတယ်။ ဒီမြို့ဟာ ကမ္ဘာရဲ့မြောက်ဘက်အကျဆုံးမြို့ဖြစ်သလို မြောက်ဝန်ရိုးစွန်းနဲ့ အနီးဆုံးမြို့လည်း ဖြစ်ပါတယ်။

ဒီမြို့ကို ၁၉၀၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး မြို့ရဲ့အမည်ကို Longyear City လို့ ခေါ်ခဲ့ကြတာ ၁၉၂၆ ခုနှစ်တိုင်အောင် ဖြစ်ပါတယ်။ ဒီဒေသမှာ ၁၉၀၆ ခုနှစ်ကစလို့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းကို စတင်ခဲ့ရာကနေ လူများလာခဲ့ပြီး မြို့အဖြစ် အစပြုခဲ့တာဖြစ်ပါတယ်။

မြို့ရဲ့အမည်ကိုတော့ ဒီဒေသမှာ အာတိတ်ကျောက်မီးသွေးကုမ္ပဏီကို တည်ထောင်ခဲ့သူ အမေရိကန် စက်မှုလုပ်ငန်းရှင် John Munro Longyear ရဲ့ အမည်ကတဆင့် ရခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်က အာတိတ်ကျောက်မီးသွေးကုမ္ပဏီမှာ လုပ်သားပေါင်း ၅၀၀ နီးပါး လာရောက် လုပ်ကိုင်ခဲ့ကြပါတယ်။

၁၉၄၃ ခုနှစ်မှာတော့ နာဇီရေတပ်ဟာ လောင်ရီယာဘန်ယန် တမြို့လုံးနီးပါးကို ဖျက်စီးပစ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာတော့ နော်ဝေကုမ္ပဏီ SNSK က မြို့ကို ပြန်လည်တည်ဆောက်ပြီး ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အစဉ်အဆက် လုပ်ကိုင်ခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာတော့ ငွေကြေးဆုံးရှုံးမှု အခက်အခဲများကြောင့် လုပ်ငန်းကို ရပ်နားသွားခဲ့ရပါတယ်။

ကုမ္ပဏီဝန်ထမ်းတွေ အလုပ်လုပ်ရာကနေ ဖြစ်လာခဲ့တာကြောင့် ဒီမြို့ကို ကုမ္ပဏီမြို့လို့လည်းခေါ်ကြပါသေးတယ်။ Longyear တောင်ကြား မြေနိမ့်ပိုင်း နဲ့ Longyear မြစ်အစပ်မှာ တည်ရှိနေပါတယ်။ မြောက်ဝန်ရိုးစွန်းကနေ ဆိုရင်တော့ မိုင်ပေါင်း ၆၅၀ ခန့် အကွာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။

မြို့ကို အရှေ့ပိုင်း နဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားကာ Skjæringa လို့ အမည်ရတဲ့နေရာမှာတော့ အစိုးရရုံးဌာနတွေ တည်ရှိနေပါတယ်။

စီးပွားရေးဆိုင်ရာလုပ်ငန်းတွေ နဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းတွေကတော့ မြစ်အရှေ့ဘက်ကမ်းမှာ တည်ရှိနေပြီး ဒီနေရာကိုတော့ Sjøskrenten လို့ ခေါ်ပါတယ်။ နေထိုင်သူအများဆုံးရှိတဲ့နေရာကတော့ Gruvedalen လို့ခေါ်ပြီး ဒီနေရာမှာ ဈေးဆိုင်များစွာ နဲ့ မြို့တော်ခန်းမတို့ တည်ရှိနေပါတယ်။

ဒီမြို့မှာ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာ ၅ ရက်နေ့လောက်မှာ နေဝင်သွားပြီးတဲ့နောက် အဲဒီနေကို ၅ လ နီးပါး နောက်ထပ်မြင်တွေ့ရခြင်း မရှိတော့ပါဘူး။ ရက်ပေါင်း ၁၅၅ ရက်ခန့်အကြာ နောက်နှစ်ရဲ့ မတ်လ ၈ ရက်နေ့မှာမှ နေကို နောက်တဖန် ပြန်မြင်ကြရလေ့ ရှိပါတယ်။ အဲဒီကာလမှာတော့ ဒီမြို့ရဲ့အချိန်အများစုဟာ မှောင်အတိပြီးလျက်ရှိပါတယ်။

ဒါနဲ့ပြောင်းပြန် ဧပြီလ ၁၈ ရက်နေ့ကနေ သြဂုတ်လ ၂၃ ရက်နေ့အထိ ၄လ ကျော်ကာလမှာတော့ အမြဲလိုလို နေထွက်ပြီး လင်းနေတတ်ပြန်သတဲ့။ ဒီကာလကိုတော့ သန်းခေါင်ယံမှာ နေပြန်ထွက်တဲ့ကာလ midnight sun လို့ ခေါ်လေ့ရှိကြပါတယ်။

ဒီမြို့ရဲ့ ညဘက်ကောင်းကင်ယံမှာတော့ အလွန်လှပတဲ့ ဥတ္တရအလင်းတန်းတွေကို မြင်တွေ့ရလေ့ရှိပြီး ဒါဟာ ဒီမြို့ကို ခရီးသွားတွေ လာရခြင်းရဲ့ အဓိက အချက်တချက်လည်း ဖြစ်ပါတယ်။

အာတိတ်ဒေသရဲ့ ဘုရင်လို့ တင်စားကြတဲ့ ပိုလာဝက်ဝံတွေကိုလည်း ဒီမြို့ပတ်ဝန်းကျင်မှာ မကြာခဏ မြင်တွေ့ရလေ့ရှိပါတယ်။ ပိုလာဝက်ဝံကောင်ရေ ၃၀၀၀ ခန့်ရှိပြီး လူတွေကို အန္တရာယ်ပြုတတ်တာကြောင့် မြို့ခံတွေအတွက် ပြင်းအားကြီးတဲ့ ရိုင်ဖယ်သေနတ်တွေကို ကိုင်ဆောင်ခွင့်ပြုထားရပါတယ်။

ဒီမြို့နဲ့ပတ်သက်လို့ လူသိများတဲ့ ဥပဒေတခုကတော့ လူသေဆုံးခြင်းကို တားမြစ်ထားတာပါတဲ့။ တကယ်တော့ သေဆုံးတာကို တားမြစ်ခြင်း မဟုတ်ပဲ မြုပ်နှံခွင့်မပြုတာသာ ဖြစ်ပါတယ်။

၁၉၅၀ ခုနှစ်ဝန်းကျင်မှာ သိပ္ပံပညာရှင်တွေဟာ DB (၁၉၁၈ ခုနှစ် စပိန်တုပ်ကွေးကြောင့်သေဆုံးခဲ့သူ) ကို စစ်ကြည့်တဲ့အခါ ကူးစက်ရောဂါရဲ့ ဗိုင်းရပ်စ်ပိုးအကြွင်းအကျန်တွေ ကျန်ရှိနေတာကို တွေ့ရပါတယ်။

ဒါဟာ မြုပ်နှံခြင်းကို တားမြစ်တဲ့အချက်တချက်ဖြစ်ပြီး နောက်တချက်ကတော့ ဒီမြို့ဟာ အပူချိန် အနုတ် ၁၂ ဒီဂရီဝန်းကျင်အထိ အေးခဲတတ်တဲ့ ရာသီဥတုကြောင့် DB တွေဟာ ပုပ်သိုးခြင်းမရှိပဲ ရှိနေမှာ စိုးတဲ့အတွက် ဖြစ်ပါတယ်။

ဒီမြို့မှာ DB မြုပ်နှံခွင့်မရှိပေမယ့် အစိုးရရဲ့ခွင့်ပြုချက်ယူကာ မီးသဂြိုဟ်ပြီး ပြာကို မြုပ်မယ်ဆိုရင်တော့ ခွင့်ပြုပါသတဲ့။ ဒါပေမယ့် ဒီရွေးချယ်ချက်ကို မည်သူမှရွေးလေ့မရှိပဲ သေလုမျောပါး ဖြစ်နေစဉ် (သို့) သေဆုံးပြီးချိန်မှာ နော်ဝေးကုန်းမကြီးဘက်ကို သင်္ဘော ၊ လေယာဉ်တို့နဲ့ ချက်ချင်းပို့ပစ်ကြလေ့ရှိပါတယ်။

အိမ်ရောင်စုံနဲ့ အေးချမ်းလှပနေဟန် ရှိတဲ့ ဒီမြို့ဟာ တခါတရံမှာတော့ အလွန်ပြင်းတဲ့ နှင်းမုန်တိုင်းဒဏ်ကို ခံရတတ်ပါတယ်။ နှင်းထုများပြိုကျမှုကြောင့် အဆောက်အုံတွေ ပျက်စီးတတ်တာကြောင့် ၂၀၁၈ ခုနှစ်မှာတော့ နော်ဝေးအစိုးရဟာ အမေရိကန်ဒေါ်လာ ၄၁သန်းခန့် အကုန်အကျခံပြီး ပိုမိုခိုင်ခံ့ကောင်းမွန်တဲ့ အဆောက်အအုံတွေကို တည်ဆောက်ပေးခဲ့ပါတယ်။

ဒီမြို့ဟာ လက်ရှိအချိန်မှာတော့ ခရီးသွားလာရေးလုပ်ငန်း နဲ့ သုတေသနလုပ်ငန်းတွေကို အဓိက လုပ်ကိုင်လျှက်ရှိပါတယ်။ Svalbard ဒေသအစိုးရ ရုံးစိုက်ရာမြို့ဖြစ်သလို တက္ကသိုလ်ပညာရပ်တွေကို သင်ကြားနိုင်တဲ့ တက္ကသိုလ်စင်တာ ၊ ကမ္ဘာပေါ်က အသီးအနှံမျိုးစေ့ပေါင်း ၄၀၀၀၀၀

ကျော်ကို သိုလှောင်ထားရာ Svalbard မျိုးစေ့ဘဏ် ၊ Svalbard ဂြိုဟ်တုစတေရှင် ၊ Svalbard လေဆိပ် နဲ့ Svalbard ဘုရားကျောင်း စတာတွေရှိနေတဲ့ မြို့လည်း ဖြစ်ပါတယ်။ နေထိုင်သူ ၂ထောင်ကျော်သာ ရှိတဲ့ ဒီမြို့ကို နှစ်စဉ်နှစ်တိုင်း ခရီးသွား ၃၀၀၀၀ ခန့်ဟာ ခက်ခက်ခဲခဲ လာရောက်လည်ပတ်လေ့ ရှိကြပါတယ်။

Unicode

လောင်ရီယာဘန်ယန် Longyearbyen မြို့ဟာ နော်ဝေးနိုင်ငံမြောက်ပိုင်း အာတိတ်သမုဒ္ဒရာထဲက Svalbard နယ်မြေမှာ တည်ရှိပါတယ်။ Spitsbergen ကျွန်းစုလို့ သိကြတဲ့ Svalbard နယ်မြေဟာ နော်ဝေးမြောက်ပိုင်းကမ်းရိုးတန်း နဲ့ မြောက်ဝန်ရိုးစွန်းရဲ့ အလယ်မှာ ရှိနေပါတယ်။

လူသူနေထိုင်မှု အလွန်နည်းပါးတဲ့ Svalbard နယ်မြေထဲမှာ လောင်ရီယာဘန်ယန် မြို့ဟာ လူဦးရေအများဆုံးနေထိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။ လူဦးရေအများဆုံးဆိုပေမယ့် ဒီမြို့မှာ နေထိုင်သူစုစုပေါင်းဟာ ၂၃၀၀ ကျော်သာ ရှိပါတယ်။ ဒီမြို့ဟာ ကမ္ဘာရဲ့မြောက်ဘက်အကျဆုံးမြို့ဖြစ်သလို မြောက်ဝန်ရိုးစွန်းနဲ့ အနီးဆုံးမြို့လည်း ဖြစ်ပါတယ်။

ဒီမြို့ကို ၁၉၀၇ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး မြို့ရဲ့အမည်ကို Longyear City လို့ ခေါ်ခဲ့ကြတာ ၁၉၂၆ ခုနှစ်တိုင်အောင် ဖြစ်ပါတယ်။ ဒီဒေသမှာ ၁၉၀၆ ခုနှစ်ကစလို့ ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းကို စတင်ခဲ့ရာကနေ လူများလာခဲ့ပြီး မြို့အဖြစ် အစပြုခဲ့တာဖြစ်ပါတယ်။

မြို့ရဲ့အမည်ကိုတော့ ဒီဒေသမှာ အာတိတ်ကျောက်မီးသွေးကုမ္ပဏီကို တည်ထောင်ခဲ့သူ အမေရိကန် စက်မှုလုပ်ငန်းရှင် John Munro Longyear ရဲ့ အမည်ကတဆင့် ရခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်က အာတိတ်ကျောက်မီးသွေးကုမ္ပဏီမှာ လုပ်သားပေါင်း ၅၀၀ နီးပါး လာရောက် လုပ်ကိုင်ခဲ့ကြပါတယ်။

၁၉၄၃ ခုနှစ်မှာတော့ နာဇီရေတပ်ဟာ လောင်ရီယာဘန်ယန် တမြို့လုံးနီးပါးကို ဖျက်စီးပစ်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီးမှာတော့ နော်ဝေကုမ္ပဏီ SNSK က မြို့ကို ပြန်လည်တည်ဆောက်ပြီး ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ အစဉ်အဆက် လုပ်ကိုင်ခဲ့ရာကနေ ၂၀၁၇ ခုနှစ်မှာတော့ ငွေကြေးဆုံးရှုံးမှု အခက်အခဲများကြောင့် လုပ်ငန်းကို ရပ်နားသွားခဲ့ရပါတယ်။

Credit