အစားအစာ

အဟာရပြည့်ဝတဲ့ ကြက်သားလုံးသီးစုံကြွပ်ကြော်နည်း

ကြက်သားလုံးသီးစုံကြွပ်ကြော်နည်းလေးပါ

ကြက်သားလုံးသီးစုံကြွပ်ကြော်

ကြက်သားလုံးသီးစုံကြွပ်ကြော်ဟင်းလျာလေးကတော့ သားသား၊ မီးမီးလေးတို့အကြိုက်တွေ့စေမယ့် ဟင်းလျာလေးပါ။

ပရိုတင်းဓာတ်ကြွယ်ဝပြီး ဗီတာမင်နှင့် သတ္တုဓာတ်တွေလည်း များစွာပါဝင်နေလို့ သားသား၊ မီးမီးလေးတို့အတွက် တကယ့်ကို အထောက်အကူဖြစ်စေမှာပါ။

ပါဝင်ပစ္စည်းများ
ကြက်သား – ၂၅၀ ဂရမ် (ကြိတ်ပြီး)
မုန်လာဥနီ – ၇ ဂရမ်
ပဲစိမ်းသီး – ၇ ဂရမ်
ပြောင်းဖူး – ၇ ဂရမ် (ပြုတ်၍ ခြွေပြီး)

ကော်မှုန့် – စားပွဲဇွန်း ၁/၂ ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
တွဲစားရန် Sauce
ကြက်သွန်နီ – ၁ လုံး

ပြုလုပ်နည်း
၁။ ဇလုံတစ်လုံးထဲ ကြိတ်ထားတဲ့ ကြက်သား၊ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်နီ၊ မုန်လာဥနီ၊ ပဲစိမ်းသီး၊ ြွခေထားတဲ့ပြောင်းဖူး၊ အရသာများနှင့် ကော်မှုန့်တို့ကို ထည့်ပြီး နယ်ပါ။

၂။ အသားစေးပိုင်သွားပြီဆိုလျှင် အနေတော်အလုံးများလုံး၍ ဆီပူပူမှာ ကြွပ်ပြီး ကျက်အောင်ကြော်ပါ။

၃။ ကြက်သားလုံးများ ကျက်ပြီဆိုလျှင် ဆီစစ်ပြီး ပန်းကန်မှာပြင်ကာ ကြိုက်နှစ်သက်ရာ Sauce ဖြင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Crd

ကှကသြားလုံးသီးစုံကှှပကြှောြ

ကှကသြားလုံးသီးစုံကှှပကြှောဟြငြးလွာလေးကတော့ သားသား၊ မီးမီးလေးတို့အကှိုကတြှေ့စမယြေ့ ဟငြးလွာလေးပါ။







Crd