ဗဟုသုတ

ချစ်ရေးလာဆိုတဲ့ အဖိုကင်းမြီးကောက်တွေကို စားသုံးလေ့ရှိတဲ့ အမကင်းမြီးကောက်များ

ချစ်ရေးလာဆိုတဲ့ အဖိုကင်းမြီးကောက်တွေကို စားသုံးလေ့ရှိတဲ့ အမကင်းမြီးကောက်များ

ကင်းမြီးကောက်ကိုကမ္ဘာအနှံ့အပြားအပူပိုင်းသစ်တော၊သဲကန္တာရနှင့်တကွနှင်းကျတဲ့အရပ်ဒေသမှာပင်တွေ့ရပါတယ်။ကင်းမြီးကောက်တို့ရဲ့အစာများမှာသေးငယ်သောပိုးမွှား၊ပင့်ကူ၊ဖွတ်ပုတတ်မျိုးဝင်အကောင်ငယ်များ၊ဖားပြုပ်၊ပက်ကျိ၊ခရုပက်ကျိစတဲ့အကောင်ကလေးများအပြင် ကြွက်စသော နို့တိုက်သတ္တဝါကလေးများ ဖြစ်ကြပါတယ်။ ကင်းမြီးကောက်တွေဟာ သူတို့ကို နှောင့်ယှက်ရန်စခြင်းမပြုလျှင် ရန်မမူ တတ်ပဲ လူကိုလည်း သာမန်အားဖြင့် ရန်ပြုဖို့ ခက်ခဲလှပါတယ်။

ထူးဆန်းတဲ့ အချက်ကတော့ ကင်းမြီးကောက်တွေရဲ့ ချစ်တင်းနှီးနှောပုံမှာ များစွာ စိတ်ဝင် စားဖွယ်ကောင်းလှပြီး ကင်းမြီးကောက်အမဟာ အဖိုထက် ကိုယ်လုံးကိုယ်ထည် ကြီးမားပြီး မိမိထံ ကင်းမြီးကောက် အဖိုတစ်ကောင်လာပြီး ချစ်ရေးဆိုလျက်ရှိစဉ် သဘောကောင်းချိန်နဲ့ ကြုံကြိုက်ပြီး စိတ်ကြိုက်နှင့်တွေ့ပါက ကြည်သာစွာပင် လက်ခံတတ်ပြီး အခန့်မသင့်ပါက အဲ့ဒီအဖိုကိုကိုက်သတ်ပြီး စားပစ်တတ်ပါတယ်။ နှစ်ဦးနှစ်ဝချစ်ရေးကြည်ဖြူခဲ့လျှင်အဖိုဟာအမရဲ့လက်မ၂ဖက်ကိုမိမိ၏လက်မများဖြင့်ညှပ်လျက်အချိန်အတော်ကြာအောင်စုံတွဲလျှက်နေပြီးနောက် မိမိခိုအောင်းရာသို့ ခေါ်ဆောင်သွားတတ်ပါတယ်။ဒါပေမယ့်လည်းကာလအတော်ကြာမျှအတူတကွနေထိုင်ပြီးတဲ့အခါအမဟာအဖိုကို စားပစ်လိုက်တာက များပါတယ်။

ဒါပေမယ့်လည်း ကင်းမြီးကောက်အမတွေဟာ မိမိသားငယ်များ အပေါ်မှာတော့ များစွာခင်မင်ကြင်နာသည်ကို တွေ့ရတတ်ပါတယ်။ ကင်းမြီး ကောက်တွေဟာအကောင်လိုက်ပေါက်ဖွားကြပြီးမိခင်ကင်းမြီးကောက်မကြီးဟာသားငယ်များကိုကျောပေါ်မှာသယ်ဆောင်ပြီးသွားလာလေ့ရှိပါတယ်။ကင်းမြီးကောက်ပေါက်စတွေဟာကိုယ်လုံးကိုယ်ထည်ငယ်သည်မှအပအမိအဖဖြစ်သောကင်းမြီးကောက်ကြီးများနှင့်ပုံသဏ္ဌာန်ချင်းတူလှပြီး ကြိမ်ဖန်များစွာအရေလဲပြီးမှသာ တဖြည်းဖြည်း ကြီးပြင်းကြရတာပဲ ဖြစ်ပါတယ်။

Zawgyi
ကင္းၿမီးေကာက္ကို ကမာၻအႏွံ႔အျပား အပူပိုင္း သစ္ေတာ၊ သဲကႏၲာရႏွင့္တကြႏွင္းက်တဲ့အရပ္ေဒသမွာပင္ေတြ႕ရပါတယ္။ ကင္းၿမီးေကာက္တို႔ရဲ႕အစာမ်ားမွာေသးငယ္ေသာပိုးမႊား၊ပင့္ကူ၊ဖြတ္ပုတတ္မ်ိဳးဝင္အေကာင္ငယ္မ်ား၊ဖားျပဳပ္၊ပက္က်ိ၊ခ႐ုပက္က်ိစတဲ့အေကာင္ကေလးမ်ားအျပင္ႂကြက္စေသာႏို႔တိုက္သတၱဝါကေလးမ်ားျဖစ္ၾကပါတယ္။ကင္းၿမီးေကာက္ေတြဟာသူတို႔ကိုေႏွာင့္ယွက္ရန္စျခင္းမျပဳလွ်င္ ရန္မမူ တတ္ပဲ လူကိုလည္း သာမန္အားျဖင့္ ရန္ျပဳဖို႔ ခက္ခဲလွပါတယ္။

ထူးဆန္းတဲ့အခ်က္ကေတာ့ကင္းၿမီးေကာက္ေတြရဲ႕ခ်စ္တင္းႏွီးေႏွာပုံမွာမ်ားစြာစိတ္ဝင္စားဖြယ္ေကာင္းလွၿပီးကင္းၿမီးေကာက္အမဟာ အဖိုထက္ ကိုယ္လုံးကိုယ္ထည္ ႀကီးမားၿပီး မိမိထံ ကင္းၿမီးေကာက္အဖိုတစ္ေကာင္လာၿပီးခ်စ္ေရးဆိုလ်က္ရွိစဥ္သေဘာေကာင္းခ်ိန္နဲ႔ ႀကဳံႀကိဳက္ၿပီး စိတ္ႀကိဳက္ႏွင့္ေတြ႕ပါက ၾကည္သာစြာပင္ လက္ခံတတ္ၿပီး အခန႔္မသင့္ပါက အဲ့ဒီအဖိုကိုကိုက္သတ္ၿပီး စားပစ္တတ္ပါတယ္။ ႏွစ္ဦးႏွစ္ဝခ်စ္ေရးၾကည္ျဖဴခဲ့လွ်င္အဖိုဟာအမရဲ႕လက္မ၂ဖက္ကိုမိမိ၏လက္မမ်ားျဖင့္ညႇပ္လ်က္အခ်ိန္အေတာ္ၾကာေအာင္စုံတြဲလွ်က္ေနၿပီးေနာက္မိမိခိုေအာင္းရာသို႔ေခၚေဆာင္သြားတတ္ပါတယ္။ဒါေပမယ့္လည္းကာလအေတာ္ၾကာမွ်အတူတကြေနထိုင္ၿပီးတဲ့အခါအမဟာအဖိုကို စားပစ္လိုက္တာက မ်ားပါတယ္။

ဒါေပမယ့္လည္း ကင္းၿမီးေကာက္အမေတြဟာမိမိသားငယ္မ်ားအေပၚမွာေတာ့မ်ားစြာခင္မင္ၾကင္နာသည္ကိုေတြ႕ရတတ္ပါတယ္။ကင္းၿမီး ေကာက္ေတြဟာ အေကာင္လိုက္ေပါက္ဖြားၾကၿပီး မိခင္ ကင္းၿမီးေကာက္မႀကီးဟာသားငယ္မ်ားကိုေက်ာေပၚမွာသယ္ေဆာင္ၿပီး သြားလာေလ့ရွိပါတယ္။ ကင္းၿမီးေကာက္ေပါက္စေတြဟာ ကိုယ္လုံးကိုယ္ထည္ငယ္သည္မွအပ အမိအဖျဖစ္ေသာ ကင္းၿမီးေကာက္ ႀကီးမ်ားႏွင့္ ပုံသဏၭာန္ခ်င္းတူလွၿပီး ႀကိမ္ဖန္မ်ားစြာအေရလဲၿပီးမွသာ တျဖည္းျဖည္း ႀကီးျပင္းၾကရတာပဲ ျဖစ္ပါတယ္။

Crd