International News

နိုင်ငံခြားမှာ ၂၁ အကြာအလုပ်လုပ်ပီး ငွေတွေပို့ပေးပေ့မယ် ကြေကွဲစရာဇာတ်လမ်း





Unicode

နိုင်ငံခြားတွင် ၂၁နှစ်ကြာအလုပ်လုပ်ခဲ့ပြီး ပိုက်ဆံများလွဲပေးနေခဲ့သော်လည်း အသက်အရွယ်ရလာ၍ အလုပ်မလုပ်နိုင်သောကြောင့် ပြန်လာသောအခါ အကိုမှလက်မခံလို့ လမ်းဘေးတွင် နေထိုင်နေရသူ

ဖိလစ်ပိုနိုင်ငံသည်လည်း တိုးတက်ဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အချို့သည် တိုင်းတစ်ပါးသို့သွားရောက်ကာ အလုပ်များကို လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ယခုတွင်လည်း နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ခဲ့သော အသက်၆၁နှစ်အရွယ်အမျိုးသားဟာ ပြန်လာသောအခါ အိမ်ခြေမဲ့တစ်ဦးအနေဖြင့် လမ်းဘေးတွင် နေထိုင်နေရပါတယ်။

သူဟာ ဆော်ဒီအာရေးဗျတွင် ၂၁နှစ်ကြာအောင် အလုပ်လုပ်ခဲ့ပြီး ပိုက်ဆံများကို အကိုဖြစ်သူအား အမြဲလွဲပေးနေခဲ့တာဖြစ်ပါတယ်။သို့သော်အသက်အရွယ်ရလာသောအခါ ကျန်းမာရေးမကောင်းတော့ဘဲ အလုပ်မလုပ်နိုင်သောကြောင့် ဖိလစ်ပိုင်သို့ပြန်လာခဲ့ပါတယ်။

ထိုအခါ အကိုဖြစ်သူဟာ ပြန်လာတာကို လက်ခံခြင်းမရှိသည့်အတွက် နေစရာမရှိဖြစ်ကာ လမ်းဘေးတွေနေထိုင်နေရတာဖြစ်ပါတယ်။

Crd