International News ဗဟုသုတ

ဖတ်စာအုပ်ရဲ့မူရင်းပုံစံပျောက်သွားတဲ့အထိ စာလေ့လာခဲ့တာကြောင့် လူပြောများနေတဲ့ အမှတ်အများဆုံးစာရင်းဝင်တက္ကသိုလ်ဝင်ခွင့်အောင်ကျောင်းသူတစ်ဦး

ဖတ်စာအုပ်ရဲ့မူရင်းပုံစံပျောက်သွားတဲ့အထိ စာလေ့လာခဲ့တာကြောင့် လူပြောများနေတဲ့ အမှတ်အများဆုံးစာရင်းဝင်တက္ကသိုလ်ဝင်ခွင့်အောင်ကျောင်းသူတစ်ဦး

အချို့ကျောင်းသားများဟာ ကောလိပ်စာမေးပွဲအောင်မြင်ခြင်းကို ကံတရားကြောင့်လို့ထင်တတ်ကြပြီး မိမိတို့အတွက် ပြီးပြည့်စုံရမှတ်ရရှိရန် အလွန်အမင်းစာကြိုးစားကြတဲ့ကျောင်းသားအနည်းငယ်သာရှိပါတယ်။

အချို့နိုင်ငံတွေမျာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဟာ အများအားဖြင့် လိုအပ်တဲ့ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်ပါတယ်။ကျောင်းသားအများစုဟာ ၎င်းတို့တက်ချင်တဲ့တက္ကသိုလ်အမှတ်ကိုရည်မှန်းကာ စာကြိုးစားကြရပါတယ်။

ရမှတ်အပြည့်ဖြင့် အောင်မြင်ခဲ့တဲ့ကျောင်းသားများရဲ့အမည်များကို ထုတ်ပြန်တဲ့အခါ ဂျပန်နိုင်ငံမှ ကျောင်းသူတစ်ဦးဟာ သူမရဲ့ပြီးပြည့်စုံတဲ့ရမှတ်ကြောင့်မဟုတ်ဘဲ အခြားမမျှော်လင့်ထားတဲ့အကြောင်းကြောင့် လူများစွာရဲ့အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။

၎င်းဟာ သူမရဲ့စာလေ့လာခဲ့တဲ့ဖတ်စာအုပ်တစ်ခုကြောင့်ပါဘဲ။စာမေးပွဲအတွက် သူမလေ့လာခဲ့ဖူးတဲ့စာအုပ်တစ်အုပ်ကိုကြည့်ခြင်းအားဖြင့် ဘာကြောင့်သူမက ရမှတ်အပြည့်ရခဲ့လဲဆိုတာကို လူအများက အထူးသလည်မေးမြန်းနေစရာအကြောင်းမရှိတော့ပါဘူး။

သူမရဲ့၎င်းစာအုပ်ဟာ သူမက ကမ္ဘာ့တစ်လွှားကို နှစ်ပေါင်းများစွာခရီးလှည့်လည်သွားခဲ့ပြီး သူမတွေ့မြင်ခဲ့တဲ့အရာအားလုံးကို ၎င်းမှာချမှတ်ရေးသားခဲ့တဲ့ပုံနဲ့ တူနေပါတယ်။၎င်းစာအုပ်ဟာ သူမရဲ့မှတ်သားရာများကြောင့် အတော်လေးကိုပျက်စီးသွားခဲ့ပြီး မူရင်းစာအုပ်ပုံစံကိုတော့ မမှတ်မိနိုင်တော့ပါဘူး။

၎င်းစာအုပ်ကို ဖွင့်ကြည့်လိုက်ရင် မှတ်စုသေးသေးလေးများနှင့်ပြည့်နှက်နေပြီး အရေးကြီးအချက်များကိုလည်း colored pen များဖြင့် highlight လုပ်ထားပါသေးတယ်။သူမရဲ့၎င်းစာအုပ်ဟာ ရောင်စုံကာလာများနှင့်ပြည့်နက်နေတာကြောင့် ကြည့်လို့တောင် လှသွားပါတယ်။

၎င်းစာအုပ်နှင့် မူလစာအုပ်ပုံစံတို့ရဲ့ ခြားနားချက်ကတော့ လုံးဝကိုမယုံနိုင်လောက်အောင် ကွဲပြားနေခဲ့ပါတယ်။စာအုပ်ရဲ့ before and after ပုံကို မြင်လိုက်ရပြီးနောက် လူအများက အဆိုပါကျောင်းသူမလေးရဲ့ပုံစံအနေအထားကို စိတ်ဝင်စားလာခဲ့ကြပြီးနောက် စူးစမ်းလာခဲ့ကြကာ သူမဟာ စမတ်ကျရုံသာမက ချစ်ဖို့ပါကောင်းနေခဲ့တာကို တွေ့ရှိသွားခဲ့ကြပါတယ်။

ထက်မြက်ပြီး ချစ်ဖို့ကောင်းတဲ့အဆိုပါကျောင်းသူမလေးက သူမရဲ့ရည်မှန်းချက်ဟာ အနာဂတ်မှာ သူမအကြိုက်ဆုံးတက္ကသိုလ်သို့ဝင်ခွင့်ရရန်သာဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။တစ်ကယ်လည်း သူမရဲ့စာအုပ်က ကမ္ဘာအနှံ့ကို ခရီးသွားပြီး မှတ်သားထားတဲ့ လှပတဲ့ notebook တစ်ခုလိုပါဘဲဗျာ။

သူမရဲ့စာလုပ်တဲ့စကေးကတော့ လေးစားစရာပါဘဲဗျာ။သင့်မှာ ဒီလိုလှပတဲ့မှတ်စုစာအုပ်ရှိခဲ့ရင်တော့ သင်ယူခြင်းက သင့်အတွက် ပိုစိတ်ဝင်စားစရာကောင်းနေပါလိမ့်မယ်။

Mia (KBdailynews)

Reference : goodtimes

Zawgyi

အခ်ိဳ႕ေက်ာင္းသားမ်ားဟာ ေကာလိပ္စာေမးပြဲေအာင္ျမင္ျခင္းကို ကံတရားေၾကာင့္လို႔ထင္တတ္ၾကၿပီး မိမိတို႔အတြက္ ၿပီးျပည့္စုံရမွတ္ရရွိရန္ အလြန္အမင္းစာႀကိဳးစားၾကတဲ့ေက်ာင္းသားအနည္းငယ္သာရွိပါတယ္။

အခ်ိဳ႕ႏိုင္ငံေတြမ်ာ တကၠသိုလ္ဝင္ခြင့္စာေမးပြဲဟာ အမ်ားအားျဖင့္ လိုအပ္တဲ့ဝင္ခြင့္စာေမးပြဲတစ္ခုျဖစ္ပါတယ္။ေက်ာင္းသားအမ်ားစုဟာ ၎တို႔တက္ခ်င္တဲ့တကၠသိုလ္အမွတ္ကိုရည္မွန္းကာ စာႀကိဳးစားၾကရပါတယ္။ရမွတ္အျပည့္ျဖင့္ ေအာင္ျမင္ခဲ့တဲ့ေက်ာင္းသားမ်ားရဲ႕အမည္မ်ားကို ထုတ္ျပန္တဲ့အခါ ဂ်ပန္ႏိုင္ငံမွ ေက်ာင္းသူတစ္ဦးဟာ သူမရဲ႕ၿပီးျပည့္စုံတဲ့ရမွတ္ေၾကာင့္မဟုတ္ဘဲ အျခားမေမွ်ာ္လင့္ထားတဲ့အေၾကာင္းေၾကာင့္ လူမ်ားစြာရဲ႕အာ႐ုံစိုက္ျခင္းကို ခံခဲ့ရပါတယ္။

၎ဟာ သူမရဲ႕စာေလ့လာခဲ့တဲ့ဖတ္စာအုပ္တစ္ခုေၾကာင့္ပါဘဲ။စာေမးပြဲအတြက္ သူမေလ့လာခဲ့ဖူးတဲ့စာအုပ္တစ္အုပ္ကိုၾကည့္ျခင္းအားျဖင့္ ဘာေၾကာင့္သူမက ရမွတ္အျပည့္ရခဲ့လဲဆိုတာကို လူအမ်ားက အထူးသလည္ေမးျမန္းေနစရာအေၾကာင္းမရွိေတာ့ပါဘူး။

သူမရဲ႕၎စာအုပ္ဟာ သူမက ကမာၻ႔တစ္လႊားကို ႏွစ္ေပါင္းမ်ားစြာခရီးလွည့္လည္သြားခဲ့ၿပီး သူမေတြ႕ျမင္ခဲ့တဲ့အရာအားလုံးကို ၎မွာခ်မွတ္ေရးသားခဲ့တဲ့ပုံနဲ႔ တူေနပါတယ္။၎စာအုပ္ဟာ သူမရဲ႕မွတ္သားရာမ်ားေၾကာင့္ အေတာ္ေလးကိုပ်က္စီးသြားခဲ့ၿပီး မူရင္းစာအုပ္ပုံစံကိုေတာ့ မမွတ္မိႏိုင္ေတာ့ပါဘူး။

၎စာအုပ္ကို ဖြင့္ၾကည့္လိုက္ရင္ မွတ္စုေသးေသးေလးမ်ားႏွင့္ျပည့္ႏွက္ေနၿပီး အေရးႀကီးအခ်က္မ်ားကိုလည္း colored pen မ်ားျဖင့္ highlight လုပ္ထားပါေသးတယ္။သူမရဲ႕၎စာအုပ္ဟာ ေရာင္စုံကာလာမ်ားႏွင့္ျပည့္နက္ေနတာေၾကာင့္ ၾကည့္လို႔ေတာင္ လွသြားပါတယ္။

၎စာအုပ္ႏွင့္ မူလစာအုပ္ပုံစံတို႔ရဲ႕ ျခားနားခ်က္ကေတာ့ လုံးဝကိုမယုံႏိုင္ေလာက္ေအာင္ ကြဲျပားေနခဲ့ပါတယ္။စာအုပ္ရဲ႕ before and after ပုံကို ျမင္လိုက္ရၿပီးေနာက္ လူအမ်ားက အဆိုပါေက်ာင္းသူမေလးရဲ႕ပုံစံအေနအထားကို စိတ္ဝင္စားလာခဲ့ၾကၿပီးေနာက္ စူးစမ္းလာခဲ့ၾကကာ သူမဟာ စမတ္က်႐ုံသာမက ခ်စ္ဖို႔ပါေကာင္းေနခဲ့တာကို ေတြ႕ရွိသြားခဲ့ၾကပါတယ္။

ထက္ျမက္ၿပီး ခ်စ္ဖို႔ေကာင္းတဲ့အဆိုပါေက်ာင္းသူမေလးက သူမရဲ႕ရည္မွန္းခ်က္ဟာ အနာဂတ္မွာ သူမအႀကိဳက္ဆုံးတကၠသိုလ္သို႔ဝင္ခြင့္ရရန္သာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။တစ္ကယ္လည္း သူမရဲ႕စာအုပ္က ကမာၻအႏွံ႔ကို ခရီးသြားၿပီး မွတ္သားထားတဲ့ လွပတဲ့ notebook တစ္ခုလိုပါဘဲဗ်ာ။

သူမရဲ႕စာလုပ္တဲ့စေကးကေတာ့ ေလးစားစရာပါဘဲဗ်ာ။သင့္မွာ ဒီလိုလွပတဲ့မွတ္စုစာအုပ္ရွိခဲ့ရင္ေတာ့ သင္ယူျခင္းက သင့္အတြက္ ပိုစိတ္ဝင္စားစရာေကာင္းေနပါလိမ့္မယ္။

Mia (KBdailynews)