ကျန်းမာရေး ဗဟုသုတ

အမျိုးသားတွေ မျိုးပွားနှုန်းကို သိသိသာသာ လျော့ကျ ပျက်ဆီးစေတဲ့ အကြောင်း

အမျိုးသားတွေ မျိုးပွားနှုန်းကို သိသိသာသာ လျော့ကျ ပျက်ဆီးစေတဲ့ အကြောင်း

ကလေး လိုချင်ပေမယ့် ကလေးမရနိုင်ဖြစ်နေသလား

ဒါဆိုရင်တော့ အဖြေက သင့် အိတ်ထောင်ထဲက
ဖုန်းရဲ့ Wifi ကြောင့် ဖြစ်နိုင်ပါတယ် ။ဂျပန် သုတေသန တစ်ယောက်ဖြစ်တဲ့ Kumiko Nakata က Wifi က ထွက်တဲ့ Electromagenic Wave ဟာ အမျိုးသားတွေရဲ့သုတ်ပိုးကို သိသိသာသာ ပျက်ဆီးစေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။

အဲ့လို ကြုံရတဲ့အခါလည်း သုံးပုံတစ်ပုံက အမျိုးသားတွေ မျိုးပွားနှုန်းကြောင့် ဖြစ်ရတာပါ။

မျိုးပွားနှုန်းကျဆင်းတာက အခြေနေအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ပတ်ဝန်းကျင် ဆိုးရွားမှု၊စိတ်ဖိစီးမှု ၊ စားသောက်ပုံစံမှားယွင်းမှု နဲ့ မျိုးရိုးဗီဇ စတဲ့ အခြေနေများစွာကြောင့် ဖြစ်နိုင်ပါတယ်။အခုတော့ နောက်ထပ် အန္တရာယ်တစ်ခုပိုလာပါပြီ။

ဖုန်းနဲ့ အခြား Wifi တွေကလည်း မျိုးပွားနှုန်းကို ထိခိုက်စေပါတယ်။ဒီဖြစ်စဉ်ကို ဂျပန်သုတေသန ပညာရှင်ဟာ အမျိုးသား ၅၁ယောက်ကို အုပ်စုသုံးစုခွဲပြီး စမ်းသပ်ခဲ့တာပါအုပ်စု တစ်ခုကို Wifi ရှိတဲ့ ဘယ်ပစ္စည်းနဲ့မှ မထိတွေ့စေပါဘူး ။ နောက်အုပ်စုကို ကြားခံနယ်ထားပြီး Wifiသုံးစေတယ်။တတိယအုပ်စုကို Wifi ကို တိုက်ရိုက်ထိတွေ့ သုံးစေတယ်။

ဥပမာ Wifi မိနေတဲ့ ဖုန်းကိုဘောင်းဘီအိပ်ကပ်ထဲ ထည့်တာမျိုးပေါ့

အဲ့လို လေ့လာပြီး ထွက်လာတဲ့ အဖြေကတော့
တော်တော်လေး ကြောက်ဖို့ကောင်းပါတယ် ။
မိနစ်၃၀လောက် wifi နဲ့ တိုက်ရိုက် ထိတွေ့ခြင်းက
သိသာတဲ့ ထိခိုက်မှုမရှိပေမယ့် ဒီထက်ကြာလာတဲ့အခါတော်တော်ဆိုးတဲ့ရလဒ်တွေ ဖြစ်လာတာတွေ့ရပါတယ်။

၂နာရီကြာ စမ်းသပ်ကြည့်တဲ့အခါသုတ်ပိုး နှုန်းဟာ wifi နဲ့ မထိတွေ့တဲ့ အုပ်စုက 26.4% ကြားခံနယ် ခံထားတဲ့ အုပ်စုက 44.9% တိုက်ရိုက်ထိတွေ့တဲ့ အုပ်စုက 55.3% သုတ်ပိုးသေဆုံးတာ တွေ့ရပါတယ်Wifi နဲ့ တိုက်ရိုက်ထိတွေ့တဲ့ အုပ်စုက အခြားအုပ်စုတွေထက် သုတ်ပိုးသေဆုံးနှုန်း ၃ဆလောက် ဖြစ်နေပါတယ် ။

ဂျပန် သုတေသန ပညာရှင် Nakata ရဲ့အတည်ပြုချက် အရ ယောက်ျားလေးတွေ အနေနဲ့ ဖုန်းကို ဘောင်းဘီအိတ်ထဲ လုံးဝ မထည့်သင့်ပါဘူး။စားပွဲပေါ်တင်ထားတာ ဒါမှမဟုတ် ကျောပိုးအိတ်ထဲထည့်ထားတာ ဘေးကင်းပါတယ် ။

အားလုံး ကျမ်းမာချမ်းသာ ကြပါစေ

Crd

Zawgyi












Crd