Unicode
ကျောင်းသား၏ဖခင်တစ်ဦးမှ ခိုးရိုက်လိုက်သည့် ဓာတ်ပုံတစ်ပုံကြောင့် လူအများ၏ချစ်ခင်လေးစားခြင်းကို အထူးခံနေရသည့် သူငယ်တန်းကဆရာမလေး
လူတစ်ယောက်၏ ကံကြမ္မာဆိုသည်မှာ ခန့်မှန်း၍မရသောအရာဖြစ်ပေသည်။မြန်မာစကားပုံအရဆိုလျှင် လှံထားလာတာကိုသာ မြင်ရပြီး ကံထမ်းလာတာကိုတော့ မြင်တွေ့ရလိမ့်မည်မဟုတ်ပေ။စာဖတ်သူတို့အနေဖြင့်လည်း အခက်အခဲများရှိခဲ့လျှင် စိတ်ညစ်စရာမလိုပါ တစ်နေ့ကျလျှင် အောင်မြင်လာမှာ အသေအချာပင်ဖြစ်ပါတယ်။
ယခုတွင်လည်း Bui Thuy Nganဆိုသည့် အသက်၃၀နှစ်အရွယ် ဆရာမလေးဟာ ကျောင်းသား၏ ဖခင်တစ်ဦးမှ ခိုးရိုက်ထားပြီး လိုင်းပေါ်တင်လိုက်သော ဓာတ်ပုံလေးကြောင့် လူအများက သတိထားမိလာပြီး နာမည်ကြီးလာခဲ့ပါတယ်။
ဆရာမလေးဟာ အရင်ကဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ချင်သော အိမ်မက်ရှိခဲ့သော်လည်း ကံတရားကြောင့်ပင် ဆရာမအလုပ်ကို ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။မှန်ကန်တဲ့ အလုပ်အကိုင်ကြောင့်ပင် ဆရာမလေးဟာ လူအများ၏ အထင်ကြီး လေးစားခံနေရသော ကျောင်းဆရာမတစ်ဦးဖြစ်လာခဲ့ပါတယ်။
Crd