ဗဟုသုတ

မြန်မာ့ ပိုက်ဆံ ငွေစက္ကူပေါ်က လက်မှတ်ပိုင်ရှင် မောင်ကောင်းဆိုတာ ဘယ်သူလဲလို့ နှောင်းလူတို့သိစေရန်အတွက်

ကျွန်တော် တို့ ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။

အဲဒါက တခြားစကားတော့ မဟုတ်ပါဘူး။

“ ငွေ က တန်ဖိုး မရှိတော့ဘူး”

စသဖြင့် ပြောဖူးပါတယ်။ပြန်လည်း ပြောခဲ့ကြဖူးပါတယ်။

“ စံလင်း၊ မောင်ကောင်း ခေတ်ကလို မဟုတ် မှ မဟုတ်ဘဲ ဘယ်လို တန်ဖိုးရှိမှာလဲ ..”

ဆိုပြီး … စသဖြင့် ပေါ့ ..။

အမှန်တကယ် က သမိုင်း မှာဆိုတာထက် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် ၁၉၅၀ ပတ်ဝန်းကျင် ခေတ်က မြန်မာ့ငွေကြေး ဟာ တော်တော် တန်ဖိုး ရှိခဲ့ဖူးပါတယ်။..။

မြန်မာ့ငွေကြေး ကို နိုင်ငံတကာ က ဘဏ် တွေ လက်ခံခဲ့ကြပါတယ်။

အဲဒီလိုလက်ခံခဲ့တဲ့ အချိန်မှာ မြန်မာ့ ပိုက်ဆံ စက္ကူပေါ်မှာ “နိုင်ငံခြားသား တစ်ဦး နဲ့ မောင်ကောင်း” လက်မှတ် ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ “စံလင်း + မောင်ကောင်း” ဆိုတဲ့ လက်မှတ် တွေ ပါဝင်ခဲ့ပါတယ်။

ကျွန်တော် ပြောချင်တာ က အဲဒါပါ

အဲဒီမှာ လက်မှတ် ထိုးခဲ့တဲ့စံလင်းဆိုတာ ဘယ်သူလဲ ..???

မောင်ကောင်းဆိုတာ ဘယ်သူလဲ ..???

(စံလင်း ၊ နိုင်ငံခြားသားတစ်ဦး … ၂ ယောက် အကြောင်းကိုတော့ ထပ်ပြီး ဖွေရှာ တင်ဆက် ပေးပါမယ်)

အခုက … မောင်ကောင်း ဆိုသူအကြောင်း ပါ..။

ဆရာကြီးဦးကောင်း

“မြန်မာနိုင်ငံ သမိုင်း ကော်မရှင်” ၏ ဥက္ကဌကြီးမှာ ဆရာကြီး ဦးကောင်း ပဲ ဖြစ်ပါတယ်။

ဆရာကြီး ဟာ မြန်မာသက္ကရာဇ် ၁၂၆၆ ခု၊ သီတင်းကျွတ်လဆုတ် ၇ ရက်နေ့မှာ မြင်းခြံမြို့နေ အဖ ယစ်မျိုးဝန်ကြီး ဦးဘသော်နှင့် အမိ ဒေါ်ကြင်မြိုင်တို့မှ မွေးဖွားခဲ့ပါတယ်။

ဦးကောင်း ဟာ ၁၉၂၆ ခုနှစ်မှာ အင်္ဂလိပ်ဘာသာအထူးဂုဏ်ထူး ဖြင့် ဘီအေ အောင်မြင်ခဲ့ပါတယ်။

အင်္ဂလိပ် အစိုးရ က ဆရာကြီးကို နိုင်ငံခြားပညာတော်သင် အဖြစ် အင်္ဂလိပ်ပြည်၊ လန်ဒန် ယူနီဗာစီတီရှိ ကင်း ကောလိပ်ကျောင်း(King’s College) သို့ စေလွှတ်ပြန်ရာ ထိုတက္ကသိုလ်တွင် ၁၉၂၇ ခုနှစ်တွင် ပညာသင်ကြားခဲ့ကာ ဒီပလိုမာဘွဲ့ထူးကို ဆွတ်ခူးခဲ့ရုံသာမက ၁၉၂၉ ခုနှစ်တွင် မဟာဝဇ္ဇာဘွဲ့ထူးအောင်ပန်းကို ပထမတန်းမှနေ၍ ဆွတ်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ ဆရာကြီး ရေးသားပြုစုသော “ရှေးအကျဆုံးခေတ်မှ ၁၉၂၉ ခုနှစ်အထိ၊ မြန်မာပြည်၏ ပညာရေးသမိုင်းကြောင်း လေ့လာချက်” ကျမ်းစောင် က ဆရာကြီး ဦးကောင်း ကို အဲဒီဘွဲ့ထူး ကို ဆွတ်ခူးစေခဲ့တာ ဖြစ်ပါတယ်။

ကျောင်းအုပ် – လက်ထောက် ပညာဝန်ထောက် – ပညာဝန်ထောက် – (ပထမတန်း) ပညာရေးဝန်ထမ်း – အထက်တန်းကျောင်းကြီး ကျောင်းအုပ်ကြီး – ပထမဆုံး ပညာရေး အရာရှိချုပ် – ခရိုင်ပညာရေး အရာရှိ လက်ထောက် ပညာမင်းကြီး – အထက်တန်း ပညာရေးရာ အကြံပေးအရာရှိ စသဖြင့် အမျိုးမျိုး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာနိုင်ငံ တော် ငွေးကြေးဘုတ်အဖွဲ့ဝင် တစ်ဦး လည်း ဖြစ်ပါတယ်။ခန့်အပ်ခြင်းခံရပါတယ်။

၁၉၅၃ ခုနှစ်မှာ ဆရာကြီး ဦးကောင်းအား ပြည်ထောင်စု မြန်မာနိုင်ငံ တော် အစိုးရ က “စည်သူ” ဘွဲ့ထူးဖြင့် ချီးမြှင့်ခဲ့ပါတယ်။

အခုလက်ရှိမှာ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်း နာယက အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ (ဦး) သော်ကောင်း ဟာ ဦးကောင်း ရဲ့ သား ဖြစ်သူဖြစ်ပြီး (ဦး) သန့်သော်ကောင်း ကတော့ ဦးကောင်း ရဲ့မျိုးဆက် မြေးဖြစ်သူ ဖြစ်ပါတယ်။

သံပါးစပ်

Credit : မွဝတီ

Zawgyi

ကြၽန္ေတာ္ တို႔ ငယ္ငယ္ကတည္းကေန အခုအခ်ိန္အထိ ေျပာဖူးတဲ့ စကားတစ္ခြန္းရွိပါတယ္။

အဲဒါက တျခားစကားေတာ့ မဟုတ္ပါဘူး။

“ ေငြ က တန္ဖိုး မရွိေတာ့ဘူး”

စသျဖင့္ ေျပာဖူးပါတယ္။ျပန္လည္း ေျပာခဲ့ၾကဖူးပါတယ္။

“ စံလင္း၊ ေမာင္ေကာင္း ေခတ္ကလို မဟုတ္ မွ မဟုတ္ဘဲ ဘယ္လို တန္ဖိုးရွိမွာလဲ ..”

ဆိုၿပီး … စသျဖင့္ ေပါ့ ..။

အမွန္တကယ္ က သမိုင္း မွာဆိုတာထက္ လြန္ခဲ့တဲ့ ႏွစ္ေျခာက္ဆယ္ ၁၉၅၀ ပတ္ဝန္းက်င္ ေခတ္က ျမန္မာ့ေငြေၾကး ဟာ ေတာ္ေတာ္ တန္ဖိုး ရွိခဲ့ဖူးပါတယ္။..။

ျမန္မာ့ေငြေၾကး ကို ႏိုင္ငံတကာ က ဘဏ္ ေတြ လက္ခံခဲ့ၾကပါတယ္။

အဲဒီလိုလက္ခံခဲ့တဲ့ အခ်ိန္မွာ ျမန္မာ့ ပိုက္ဆံ စကၠဴေပၚမွာ “ႏိုင္ငံျခားသား တစ္ဦး နဲ႔ ေမာင္ေကာင္း” လက္မွတ္ ပါဝင္ခဲ့ပါတယ္။ ေနာက္ပိုင္းက်ေတာ့ “စံလင္း + ေမာင္ေကာင္း” ဆိုတဲ့ လက္မွတ္ ေတြ ပါဝင္ခဲ့ပါတယ္။

ကြၽန္ေတာ္ ေျပာခ်င္တာ က အဲဒါပါ

အဲဒီမွာ လက္မွတ္ ထိုးခဲ့တဲ့စံလင္းဆိုတာ ဘယ္သူလဲ ..???

ေမာင္ေကာင္းဆိုတာ ဘယ္သူလဲ ..???

(စံလင္း ၊ ႏိုင္ငံျခားသားတစ္ဦး … ၂ ေယာက္ အေၾကာင္းကိုေတာ့ ထပ္ၿပီး ေဖြရွာ တင္ဆက္ ေပးပါမယ္)

အခုက … ေမာင္ေကာင္း ဆိုသူအေၾကာင္း ပါ..။

ဆရာႀကီးဦးေကာင္း

“ျမန္မာႏိုင္ငံ သမိုင္း ေကာ္မရွင္” ၏ ဥကၠဌႀကီးမွာ ဆရာႀကီး ဦးေကာင္း ပဲ ျဖစ္ပါတယ္။

ဆရာႀကီး ဟာ ျမန္မာသကၠရာဇ္ ၁၂၆၆ ခု၊ သီတင္းကြၽတ္လဆုတ္ ၇ ရက္ေန႔မွာ ျမင္းၿခံၿမိဳ႕ေန အဖ ယစ္မ်ိဳးဝန္ႀကီး ဦးဘေသာ္ႏွင့္ အမိ ေဒၚၾကင္ၿမိဳင္တို႔မွ ေမြးဖြားခဲ့ပါတယ္။

ဦးေကာင္း ဟာ ၁၉၂၆ ခုႏွစ္မွာ အဂၤလိပ္ဘာသာအထူးဂုဏ္ထူး ျဖင့္ ဘီေအ ေအာင္ျမင္ခဲ့ပါတယ္။

အဂၤလိပ္ အစိုးရ က ဆရာႀကီးကို ႏိုင္ငံျခားပညာေတာ္သင္ အျဖစ္ အဂၤလိပ္ျပည္၊ လန္ဒန္ ယူနီဗာစီတီရွိ ကင္း ေကာလိပ္ေက်ာင္း(King’s College) သို႔ ေစလႊတ္ျပန္ရာ ထိုတကၠသိုလ္တြင္ ၁၉၂၇ ခုႏွစ္တြင္ ပညာသင္ၾကားခဲ့ကာ ဒီပလိုမာဘြဲ႕ထူးကို ဆြတ္ခူးခဲ့႐ုံသာမက ၁၉၂၉ ခုႏွစ္တြင္ မဟာဝဇၨာဘြဲ႕ထူးေအာင္ပန္းကို ပထမတန္းမွေန၍ ဆြတ္လွမ္းႏိုင္ခဲ့ျပန္ပါတယ္။ ဆရာႀကီး ေရးသားျပဳစုေသာ “ေရွးအက်ဆုံးေခတ္မွ ၁၉၂၉ ခုႏွစ္အထိ၊ ျမန္မာျပည္၏ ပညာေရးသမိုင္းေၾကာင္း ေလ့လာခ်က္” က်မ္းေစာင္ က ဆရာႀကီး ဦးေကာင္း ကို အဲဒီဘြဲ႕ထူး ကို ဆြတ္ခူးေစခဲ့တာ ျဖစ္ပါတယ္။

ေက်ာင္းအုပ္ – လက္ေထာက္ ပညာဝန္ေထာက္ – ပညာဝန္ေထာက္ – (ပထမတန္း) ပညာေရးဝန္ထမ္း – အထက္တန္းေက်ာင္းႀကီး ေက်ာင္းအုပ္ႀကီး – ပထမဆုံး ပညာေရး အရာရွိခ်ဳပ္ – ခ႐ိုင္ပညာေရး အရာရွိ လက္ေထာက္ ပညာမင္းႀကီး – အထက္တန္း ပညာေရးရာ အႀကံေပးအရာရွိ စသျဖင့္ အမ်ိဳးမ်ိဳး တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ေတာ္ ေငြးေၾကးဘုတ္အဖြဲ႕ဝင္ တစ္ဦး လည္း ျဖစ္ပါတယ္။ခန႔္အပ္ျခင္းခံရပါတယ္။

၁၉၅၃ ခုႏွစ္မွာ ဆရာႀကီး ဦးေကာင္းအား ျပည္ေထာင္စု ျမန္မာႏိုင္ငံ ေတာ္ အစိုးရ က “စည္သူ” ဘြဲ႕ထူးျဖင့္ ခ်ီးျမႇင့္ခဲ့ပါတယ္။

အခုလက္ရွိမွာ ျမန္မာႏိုင္ငံ စာၾကည့္တိုက္အသင္း နာယက အျဖစ္ တာဝန္ထမ္းေဆာင္ေနတဲ့ ေဒါက္တာ (ဦး) ေသာ္ေကာင္း ဟာ ဦးေကာင္း ရဲ႕ သား ျဖစ္သူျဖစ္ၿပီး (ဦး) သန႔္ေသာ္ေကာင္း ကေတာ့ ဦးေကာင္း ရဲ႕မ်ိဳးဆက္ ေျမးျဖစ္သူ ျဖစ္ပါတယ္။

သံပါးစပ္

Credit : မြဝတီ