Cele News

နောက်ဆုံးအချိန်မှာတောင် သမီးလေးကို မတွေ့လိုက်ရဘဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်တဲ့ ချစ်သုဝေရဲ့ဖခင်

ဒီနေ့မနက်မှာတော့ စိတ်မကောင်းစရာ သတင်းတစ်ခု လူမှုကွန်ယက်တွင် တက်လာခဲ့ပါတယ်။ ဒါကတော့ ချစ်သုဝေရဲ့ ဖခင်ဟာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားတယ်လို့ အနုပညာအသိုင်းအဝိုင်းမှ ချစ်သုဝေရဲ့ အသိမိတ်ဆွေတစ်ချို့မှ  အတည်ပြုရေးသားထားကြတာ ဖြစ်ပါတယ်။ 

ဖခင်ရဲ့ နောက်ဆုံးအခြေအနေမှာတောင်  အနားမှာရှိခွင့် မရလိုက်တဲ့ ချစ်သုဝေအတွက် ပရိတ်သတ်များက စိတ်မကောင်း ဖြစ်နေကြတာ ဖြစ်ပါတယ်။

 လက်ရှိမှာ ချစ်သုဝေဟာ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတာကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။ သူမရဲ့ လုံခြုံရေးကြောင့်  အွန်လိုင်းအသုံးပြုခြင်းမရှိဘဲ လူမှုကွန်ယက်ပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။

 ရှောင်တိမ်းနေရချိန်ကာလအတွင်း  ဖခင်ကို ဆုံးရှုံးလိုက်ရတာဟာ ချစ်သုဝေအတွက်တော့ အကြီးမားဆုံး နာကျင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

 ဂီတအသိုင်းအဝိုင်းမှညီအစ်ကိုမောင်နှမများကလည်း ချစ်သုဝေရဲ့ ဖခင်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို သူတို့ရဲ့လူမှုကွန်ယက် အကောင့်များတွင် တင်ပြီး ဝမ်းနည်းနေကြတာကို မြင်တွေ့ရပါတယ်

လွန်ခဲ့တဲ့ လပိုင်းလောက်က ချစ်သုဝေရဲ့ ခင်ပွန်း အဆိုတော် လင်းလင်းရဲ့ ဖခင်လည်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ 

ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားတဲ့ မိဘတွေ ကွယ်လွန်ချိန်မှာတောင် အနားမှာ ရှိနေခွင့်မရတာဟာ သူတို့အတွက်တော့ အကြီးမားဆုံး ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ ချစ်သုဝေရဲ့ ဖခင်လည်း ကောင်းရာမွန်ရာဘုံဘဝမှာအေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
Crd-Original Uploader

Zawgyi





 ဂီတအသိုင်းအဝိုင်းမှညီအစ်ကိုမောင်နှမများကလည်း ချစ်သုဝေရဲ့ ဖခင်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို သူတို့ရဲ့လူမှုကှနျယကျ အကောင့်များတွင် တင်ပြီး ဝမ်းနည်းနေကြတာကို မြင်တွေ့ရပါတယ်


Crd-Original Uploader