International News ဗဟုသုတ

နှစ်ပေါင်း ၇၀ ကြာအလုပ်ကြမ်းနဲ့ မကြင်နာတက်တဲ့သူဆီကနေ ကယ်ဆယ်ရေးသမားတွေက ဘေးကင်းရာသို့ခေါ်ဆောင်သွားတဲ့အခါ မျက်ရည်များကျလာခဲ့တဲ့ မျက်မမြင်ဆင်တစ်ကောင်

နှစ်ပေါင်း ၇၀ ကြာအလုပ်ကြမ်းနဲ့ မကြင်နာတက်တဲ့သူဆီကနေ ကယ်ဆယ်ရေးသမားတွေက ဘေးကင်းရာသို့ခေါ်ဆောင်သွားတဲ့အခါ မျက်ရည်များကျလာခဲ့တဲ့ မျက်မမြင်ဆင်တစ်ကောင်

Sook Jai အမည်ရှိဆင်မတစ်ကောင်ဟာ သူမရဲ့ ဘဝတစ်လျှောက်လုံးမှာ အလုပ်ကြမ်းများ လုပ်ခဲ့ရပါတယ် ။ ဆယ်စုနှစ်ခုနစ်စုလုံးလုံး သူမက သူမရဲ့ဘဝတစ်လျှောက် ငြိမ်းချမ်းစွာရှင်သန်ရန် ကယ်ဆယ်ခြင်း မခံရမီ အကြင်နာတဲ့ ဆက်ဆံမှုတို့ကို ကြုံတွေ့ခဲ့ရပါတယ် ။

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဆင်ကို စားဖိုဆောင်မှာ တောင်းရမ်းစားသုံးပြီး ခရီးသွားဆင်အဖြစ် ခြေကျင်သုံးဖို့ အသုံးခံခဲ့ဖူးပါတယ် ။ သူမကို ကယ်ဆယ်တဲ့အချိန်မှာတော့ သူမဟာ မျက်စိမှုန်ပြီး နားလေးနေခဲ့ပါပြီ။ “Sook Jai ရဲ့ဘဝက ဖမ်းဆီးထားတဲ့ဆင်တိုင်းနဲ့တူပြီး သူတို့ရဲ့ဘဝတစ်လျှောက်ကွဲပြားခြားနားတဲ့ အလုပ်များစွာကို လုပ်ဆောင်ရတယ် ။

Sook Jai ရဲ့ဘဝက အမျိုးသားများစွာရဲ့ လက်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်။ သူမက အလုပ်တွေကို လဲကျတဲ့အထိ မဆုတ်မနစ်အလုပ်လုပ်ခဲ့ပါတယ်” လို့ Elephant News က သူတို့ရဲ့ YouTubevideo ဗီဒီယိုမှာ ဖော်ပြခဲ့ပါတယ် ။

ကြင်ကြင်နာနာကယ်ထုတ်သူတွေက သူမကိုရဲ့ဖြစ်ပုံကိုသိတဲ့အခါ သူတို့က သူမကို မကြင်နာတက်တဲ့ သူ‌တွေဆီကကနေ လွတ်မြောက်ဖို့နဲ့ သူမရဲ့အိမ်အသစ်ဖြစ်လာမယ့် Elephant Nature Park ကို ပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ ဒါပေမယ့် သူမကိုခေါ်ဖို့ သူတို့ရောက်လာတဲ့အခါမှာတော့ ဒဏ်ရာတော်တော်များများနဲ့ သူမကို ဆိုးရွားတဲ့ပုံသဏ္ဏာန်နဲ့တွေ့ခဲ့ပါတယ် ။

၂၀၁၇ ခုနှစ် Elephant Nature Park Website မှာ ပြောကြားခဲ့တာက သူမရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ်က ဒဏ်ရာများစွာနဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေရှိနေပါတယ် ။ သူမကို ထိုင်းနိုင်ငံအနောက်ဘက် Kanchanaburi ပြည်နယ်အနီးက နေရာတစ်ခုမှာ သူမကိုသွားခေါ်ခဲ့ပါတယ် ။

သူမရဲ့ သဘာဝကယ်ဆယ်ရေးအဖွဲ့က ဆင်သဘာဝဥယျာဉ်သို့ နာရီ ၂၀ ခရီးအတွင်း ဆင်ကိုသက်တောင့်သက်သာရှိစေရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ် ။ “ ကားပေါ်မှာ သူမတော်တော်ဗိုက်ဆာနေပုံရပေမယ့် နေရာပြောင်းရလို့ သူမရဲ့စိတ်ကအရမ်းပျော်နေတဲ့အတွက် သူမဘာမှမစားခဲ့ပါဘူး ။

နာရီ ၂၀ ကြာခရီးအပြီး သူမဟာ ပန်းခြံကိုရောက်လာပြီး သန့်ရှင်းရာဌာနကို ပထမခြေလှမ်းတက်ခဲ့တယ် ။ Sook Jai က သူမရဲ့အိမ်သစ်ကို နေရတော့မှာမို့ ပျော်နေခဲ့ပါတယ် ” လို့ Website ကဆိုပါတယ် ။

Sook Jai ဟာ အသက်ကြီးပြီး မျက်မမြင်တစ်ပိုင်းဖြစ်ရုံသာမက နားမကြားပေမဲ့ သူမဟာသူမရဲ့အခန်းအသစ်မှာရှိနေတာကို သတိပြုမိပြီး ကယ်ဆယ်ရေးသမားတွေက ဆင်ရဲ့မျက်နှာမှာမျက်ရည်တွေ စီးကျနေတာကိုတွေ့ခဲ့ပါတယ်။“Sook Jai ဟာ သူမရဲ့အိမ်သစ်ကို အနံ့ခံပြီး မျက်ရည်များ စီးကျလာတယ် ။

ယခုသူမ ငြိမ်းချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ရတာကြောင့်ပါ ” လို့ Elephant News က YouTube မှာ ရေးသားခဲ့ပါတယ် ။

သူမကို ကယ်ဆယ်ခဲ့တဲ့ဗီဒီယိုကို ကြည့်တဲ့လူတွေတိုင်း Sook Jai အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြပါတယ်။ “သူမမျက်ရည်ကျတာကို မြင်လိုက်ရတဲ့အခိုက်အတန့်မှာ ငါလည်း မျက်ရည်တွေကျခဲ့တယ်။ သူမလွတ်မြောက်နေပြီဆိုတာ သူမသိပါတယ်။

ကျေးဇူးပြုပြီးဆင်တွေကို ပိုပိုပြီးချစ်ပေးပါ! သူမကို ခက်ခဲကြမ်းတမ်းတဲ့အလုပ်နဲ့ မကြင်နာတက်တဲ့လူတွေဆီကနေ ကယ်ထုတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ” လို့ Yuhong Cui က ဆိုခဲ့ပါတယ် ။

အခုဆိုရင် Sook Jai က ပန်းခြံအားစူးစမ်းခြင်း၊ ရွှံ့တွင်းထဲသို့လှိမ့်ခြင်းနဲ့ ဆင်များ နှစ်သက်တဲ့အရာများကို ပြုလုပ်ခဲ့ပါတယ် ။ ပျော်ရွှင်စရာအခိုက်အတန့်လေးများက သူမအတွက်သာမကဘဲ သူမကိုပြုစုပျိုးထောင်ရန်နေရာတစ်ခုသို့ ရောက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ကြသူတိုင်းကိုလည်း ကျေနပ်စေခဲ့ပါတယ် ။

Sook Jai က သူမရဲ့ပတ်ဝန်းကျင်မှ ချစ်ခြင်းမေတ္တာများစွာကို ရရှိခဲ့ပြီး Elephant Nature Park မှ သူမကိုယ်တိုင်ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့အခိုက်အတန့်များကို မျှဝေခဲ့ပါတယ် ။

Zawgyi
ႏွစ္ေပါင္း ၇၀ ၾကာအလုပ္ၾကမ္းနဲ႕ မၾကင္နာတက္တဲ့သူဆီကေန ကယ္ဆယ္ေရးသမားေတြက ေဘးကင္းရာသို႔ေခၚေဆာင္သြားတဲ့အခါ မ်က္ရည္မ်ားက်လာခဲ့တဲ့ မ်က္မျမင္ဆင္တစ္ေကာင္

Sook Jai အမည္ရွိဆင္မတစ္ေကာင္ဟာ သူမရဲ႕ ဘဝတစ္ေလွ်ာက္လုံးမွာ အလုပ္ၾကမ္းမ်ား လုပ္ခဲ့ရပါတယ္ ။ ဆယ္စုႏွစ္ခုနစ္စုလုံးလုံး သူမက သူမရဲ႕ဘဝတစ္ေလွ်ာက္ ၿငိမ္းခ်မ္းစြာရွင္သန္ရန္ ကယ္ဆယ္ျခင္း မခံရမီ အၾကင္နာတဲ့ ဆက္ဆံမႈတို႔ကို ႀကဳံေတြ႕ခဲ့ရပါတယ္ ။

အသက္ ၇၃ ႏွစ္ရွိၿပီျဖစ္တဲ့ ဆင္ကို စားဖိုေဆာင္မွာ ေတာင္းရမ္းစားသုံးၿပီး ခရီးသြားဆင္အျဖစ္ ေျခက်င္သုံးဖို႔ အသုံးခံခဲ့ဖူးပါတယ္ ။ သူမကို ကယ္ဆယ္တဲ့အခ်ိန္မွာေတာ့ သူမဟာ မ်က္စိမႈန္ၿပီး နားေလးေနခဲ့ပါၿပီ။ Sook Jai ရဲ႕ဘဝက ဖမ္းဆီးထားတဲ့ဆင္တိုင္းနဲ႕တူၿပီး သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္ကြဲျပားျခားနားတဲ့ အလုပ္မ်ားစြာကို လုပ္ေဆာင္ရတယ္ ။

Sook Jai ရဲ႕ဘဝက အမ်ိဳးသားမ်ားစြာရဲ႕ လက္ထဲမွာ ျဖတ္သန္းခဲ့ပါတယ္။ သူမက အလုပ္ေတြကို လဲက်တဲ့အထိ မဆုတ္မနစ္အလုပ္လုပ္ခဲ့ပါတယ္ လို႔ Elephant News က သူတို႔ရဲ႕ YouTubevideo ဗီဒီယိုမွာ ေဖာ္ျပခဲ့ပါတယ္ ။

ၾကင္ၾကင္နာနာကယ္ထုတ္သူေတြက သူမကိုရဲ႕ျဖစ္ပုံကိုသိတဲ့အခါ သူတို႔က သူမကို မၾကင္နာတက္တဲ့ သူေတြဆီကကေန လြတ္ေျမာက္ဖို႔နဲ႕ သူမရဲ႕အိမ္အသစ္ျဖစ္လာမယ့္ Elephant Nature Park ကို ေျပာင္းေပးဖို႔ ဆုံးျဖတ္လိုက္ပါတယ္ ။ ဒါေပမယ့္ သူမကိုေခၚဖို႔ သူတို႔ေရာက္လာတဲ့အခါမွာေတာ့ ဒဏ္ရာေတာ္ေတာ္မ်ားမ်ားနဲ႕ သူမကို ဆိုး႐ြားတဲ့ပုံသဏၰာန္နဲ႕ေတြ႕ခဲ့ပါတယ္ ။

၂၀၁၇ ခုႏွစ္ Elephant Nature Park Website မွာ ေျပာၾကားခဲ့တာက သူမရဲ႕ ဦးေခါင္းနဲ႕ ခႏၶာကိုယ္က ဒဏ္ရာမ်ားစြာနဲ႕ အလြန္ဆိုး႐ြားတဲ့ အေျခအေနရွိေနပါတယ္ ။ သူမကို ထိုင္းနိုင္ငံအေနာက္ဘက္ Kanchanaburi ျပည္နယ္အနီးက ေနရာတစ္ခုမွာ သူမကိုသြားေခၚခဲ့ပါတယ္ ။

သူမရဲ႕ သဘာဝကယ္ဆယ္ေရးအဖြဲ႕က ဆင္သဘာဝဥယ်ာဥ္သို႔ နာရီ ၂၀ ခရီးအတြင္း ဆင္ကိုသက္ေတာင့္သက္သာရွိေစရန္ အတတ္နိုင္ဆုံးႀကိဳးစားခဲ့ပါတယ္ ။ ကားေပၚမွာ သူမေတာ္ေတာ္ဗိုက္ဆာေနပုံရေပမယ့္ ေနရာေျပာင္းရလို႔ သူမရဲ႕စိတ္ကအရမ္းေပ်ာ္ေနတဲ့အတြက္ သူမဘာမွမစားခဲ့ပါဘူး ။

နာရီ ၂၀ ၾကာခရီးအၿပီး သူမဟာ ပန္းၿခံကိုေရာက္လာၿပီး သန႔္ရွင္းရာဌာနကို ပထမေျခလွမ္းတက္ခဲ့တယ္ ။ Sook Jai က သူမရဲ႕အိမ္သစ္ကို ေနရေတာ့မွာမို႔ ေပ်ာ္ေနခဲ့ပါတယ္ လို႔ Website ကဆိုပါတယ္ ။

Sook Jai ဟာ အသက္ႀကီးၿပီး မ်က္မျမင္တစ္ပိုင္းျဖစ္႐ုံသာမက နားမၾကားေပမဲ့ သူမဟာသူမရဲ႕အခန္းအသစ္မွာရွိေနတာကို သတိျပဳမိၿပီး ကယ္ဆယ္ေရးသမားေတြက ဆင္ရဲ႕မ်က္ႏွာမွာမ်က္ရည္ေတြ စီးက်ေနတာကိုေတြ႕ခဲ့ပါတယ္။Sook Jai ဟာ သူမရဲ႕အိမ္သစ္ကို အနံ႕ခံၿပီး မ်က္ရည္မ်ား စီးက်လာတယ္ ။

ယခုသူမ ၿငိမ္းခ်မ္းတဲ့ ဘဝကို ပိုင္ဆိုင္ရတာေၾကာင့္ပါ လို႔ Elephant News က YouTube မွာ ေရးသားခဲ့ပါတယ္ ။

သူမကို ကယ္ဆယ္ခဲ့တဲ့ဗီဒီယိုကို ၾကည့္တဲ့လူေတြတိုင္း Sook Jai အတြက္ ဝမ္းေျမာက္ဝမ္းသာ ျဖစ္ခဲ့ၾကပါတယ္။ သူမမ်က္ရည္က်တာကို ျမင္လိုက္ရတဲ့အခိုက္အတန႔္မွာ ငါလည္း မ်က္ရည္ေတြက်ခဲ့တယ္။ သူမလြတ္ေျမာက္ေနၿပီဆိုတာ သူမသိပါတယ္။

ေက်းဇူးျပဳၿပီးဆင္ေတြကို ပိုပိုၿပီးခ်စ္ေပးပါ! သူမကို ခက္ခဲၾကမ္းတမ္းတဲ့အလုပ္နဲ႕ မၾကင္နာတက္တဲ့လူေတြဆီကေန ကယ္ထုတ္ေပးလို႔ ေက်းဇူးတင္ပါတယ္။ လို႔ Yuhong Cui က ဆိုခဲ့ပါတယ္ ။

အခုဆိုရင္ Sook Jai က ပန္းၿခံအားစူးစမ္းျခင္း၊ ႐ႊံ႕တြင္းထဲသို႔လွိမ့္ျခင္းနဲ႕ ဆင္မ်ား ႏွစ္သက္တဲ့အရာမ်ားကို ျပဳလုပ္ခဲ့ပါတယ္ ။ ေပ်ာ္႐ႊင္စရာအခိုက္အတန႔္ေလးမ်ားက သူမအတြက္သာမကဘဲ သူမကိုျပဳစုပ်ိဳးေထာင္ရန္ေနရာတစ္ခုသို႔ ေရာက္ဖို႔ ခက္ခက္ခဲခဲႀကိဳးစားခဲ့ၾကသူတိုင္းကိုလည္း ေက်နပ္ေစခဲ့ပါတယ္ ။

Sook Jai က သူမရဲ႕ပတ္ဝန္းက်င္မွ ခ်စ္ျခင္းေမတၱာမ်ားစြာကို ရရွိခဲ့ၿပီး Elephant Nature Park မွ သူမကိုယ္တိုင္ေပ်ာ္႐ႊင္စြာျဖတ္သန္းခဲ့တဲ့အခိုက္အတန႔္မ်ားကို မွ်ေဝခဲ့ပါတယ္ ။

JRose (KBdailynews)

Reference : explore.newsner