International News

ဇနီးဖြစ်သူထားသွားပြီးနောက် အရုပ်မလေး ၇ရုပ်နှင့် အစားထိုး သာယာပစ်ခဲ့သော အမျိုးသား

ဇနီးဖြစ်သူထားသွားပြီးနောက် အရုပ်မလေး ၇ရုပ်နှင့် အစားထိုး သာယာပစ်ခဲ့သော အမျိုးသား

တရုတ်နိုင်ငံ Guizhouတွင် နေထိုင်သော Li Chenအမည်ရှိသော အသက် ၅၉နှစ်အရွယ် အမျိုးသားတစ်ဦးသည် အိမ်ထောင်သည်ဖြစ်ပြီး သားလေးတစ်ယောက်ရှိကာ ၅နှစ်သားအရွယ်မှာတင် ဇနီးဖြစ်သူဧ။် ထားသွားခြင်းကို ခံခဲ့ရသည်။

သားဖြစ်သူလည်း ဘော်ဒါဆောင်ကျောင်းများသို့ သွားပို့ရစဥ် အမျိုးသားခမျာ အိမ်တွင်တစ်ယောက်တည်း အရမ်းအထီးကျန်စွာ ခံစားခဲ့ရသည်။

ထို့ကြောင့် အမျိုးသားကြီးသည် ယနေ့တွင် ခေတ်စားနေသော အရုပ်မ ၅ရုပ်ကို ဝယ်ယူခဲ့ပြီး သူတို့လေးတွေကို မိသားစုဝင်တစ်ယောက်လို ပြုမူဆက်ဆံကာ အဖော်ပြုရင်း နေခဲ့ရသည်။

အမျိုးသားကြီးသည် အရုပ်မလေးတွေကို ခေါင်းဖြီးပေးခြင်း အဝတ်အစားလဲပေးခြင်း အိပ်ရာဝင်သည့်အချိန်မှာလည်း အရမ်းဂရုစိုက်ပေးကာ အပြင်ထွက်သည့်အခါမှာလည်း ခေါ်ဆောင်သွားလေ့ရှိသည်။

ထို့နောက် သားဖြစ်သူမှ ဖခင်ဧ။်ခံစားချက်ကို နားလည်ကာ သူဧ။်မွေးနေ့တွင် အရမ်းလှပလွန်းသော အရုပ်မလေးတစ်ရုပ်အား ဝယ်ယူပြီး လက်ဆောင်အဖြစ် ပေးခဲ့သည်။

Zawgyi







Crd