Entertainment International News

အွန်လိုင်းကနေ လှပသော ဒေါင်းရုပ်ပုံ မင်္ဂလာကိတ်မုန့်အား ယုံယုံကြည်ကြည်နှင့် မှာယူခဲ့ရာ ပစ္စည်းရောက်လာချိန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်သွားရသည့် ဇနီးမောင်နှံ

အွန်လိုင်းကနေ လှပသော ဒေါင်းရုပ်ပုံ မင်္ဂလာကိတ်မုန့်အား ယုံယုံကြည်ကြည်နှင့် မှာယူခဲ့ရာ ပစ္စည်းရောက်လာချိန်မှာတော့ ပါးစပ်အဟောင်းသားဖြစ်သွားရသည့် ဇနီးမောင်နှံ

ယနေ့ခေတ်သည် ဖုန်းလေးတစ်ချက်လှမ်းဆက်ရုံနှင့် အိမ်ကနေပဲ ကိုယ်လိုသည့် ထုတ်ကုန်ပစ္စည်းများကို အွန်လိုင်းကနေ မှာယူနိုင်ပြီး အတော်လေးလည်း ရေပန်းစားလာခဲ့သည်။

သို့ဖြစ်၍ အမေရိကန်နိုင်ငံ ဂျော်ဂျီယာတွင် နေထိုင်သော အသက် ၅၂နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် ချစ်ရသူနှင့် မင်္ဂလာဆောင်တော့မည်ဖြစ်၍ မင်္ဂလာကိတ်အတွက် အလှဆုံးသော ပုံလေးဖြစ်အောင်ဆိုပြီး လိုင်းပေါ်ကနေကြည့်ခဲ့သည်။

ထို့နောက် အမျိုးသားကြီးသည် လိုင်းပေါ်ကနေဖြစ်သည့်အတွက် အလွဲလွဲအမှားမှားမဖြစ်ရစေအောင် တစ်လလောက်အလိုကတည်းက ကြိုတင်မှာယူခဲ့သည်။

အမျိုးသားကြီးသည် မင်္ဂလာကိတ်ကြီးအား လှပပြီး စွဲမက်ဖွယ်ကောင်းသော ဒေါ်လာ ၃၀၀တန် အပြာရောင် ဒေါင်းရုပ်ပုံလေးလုပ်ပေးရန် ပုံနှင့်တကွ ပို့ပေးခဲ့ပြီး အသေအချာ ပြောဆိုမှာခဲ့သည်။

ထို့နောက် မင်္ဂလာဆောင်သည့်နေ့တွင် မှာယူထားသည့် ကိတ်ကြီးအား အခမ်းအနားထိ လာပို့ပေးခဲ့စဥ် ချစ်ရသောဇနီးလေးအား ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ဖောက်ခိုင်းခဲ့ရာ ကိတ်မုန့်ပုံကြီးကိုမြင်ပြီး အရမ်းအံ့အားသင့်သွားခဲ့ရသည်။

ဉဒေါင်းပုံ ကိတ်မုန့်ကြီးမှာ လက်တွေ့တွင် ပုံဆိုးပန်းဆိုးနှင့် အတော်လေးစိတ်ပျက်စရာကောင်းနေပြီး မသန်စွမ်းဖြစ်နေသည့် ကြက်ဆင်တစ်ကောင်ပုံစံနှင့်ပင် တူနေခဲ့၍ ရယ်ရမလို ငိုရမလိုဖြစ်ခဲ့ကြရသည်။

Zawgyi








Crd