ဗဟုသုတ

သင်အိမ်ပြန်လာပြီဆိုရင် ကြောင်လေးတွေက ဘာကြောင့် စောင့်နေတတ်တာလဲ

သင်အိမ်ပြန်လာပြီဆိုရင် ကြောင်လေးတွေက ဘာကြောင့် စောင့်နေတတ်တာလဲ

ကြောင်တွေက မှီခိုတတ်တဲ့ ကလေးလေးတွေလို့ လူတွေက သိထားကြပါတယ်။ ဒါပေမယ့် ကြောင်လေးတွေက သူတို့ရဲ့သခင်ကို ဂရုစိုက်တတ် ကြပါတယ်။ တရုတ်ပြည်မကြီးမှာတော့ ဖျက်ဆီးတတ်တဲ့ သတ္တဝါတွေကို ထိန်းချုပ်ဖို့ ကြောင်တွေကို အသုံးပြုကြပါတယ်။

သင်က အိမ်ကိုပြန်လာလို့ တံခါးဖွင့်လိုက်သံကို ကြောင်တွေ ကြားနိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကြောင်တွေက ခွေးဟောင်သံတွေနဲ့ တခြား ကျယ်လောင်တဲ့အသံတွေကို ကြားနိုင်စွမ်း ရှိပါတယ်။ သင်က ကားဂိုဒေါင်ထဲကို ရောက်နေတဲ့အချိန်ဖြစ်စေ၊ လှေကားပေါ်တက်နေတဲ့အသံဖြစ်စေ ကြောင်တွေက ကြားရပါတယ်။

ကြောင်တွေက အသံတွေကို မှတ်ထားတတ်ပါတယ်။ အဲဒါကြောင့် သင် အပြန်က ပြန်လာပြီဆိုရင် ကြောင်တွေက နှုတ်ဆက်ဖို့ ရောက်လာတတ်တာပါ။ ဒါ့အပြင် ကြောင်တွေက သင့်ရဲ့ ပုံမှန်လုပ်နေကျ အလုပ်တွေကိုလည်း သိကြပါတယ်။

သူတို့က အချိန်တွေကိုလည်း ခန့်မှန်းတတ်တာကြောင့် သင်ပြန်လာတော့မယ့် အချိန်ကိုလည်း သိပါတယ်။ သင်က အိမ်ကို ညနေ ၇ နာရီ ပြန်ရောက်နေကျဆိုရင် ကြောင်တွေက အဲဒီအချိန်မှာ သင့်ကို စောင့်နေတတ်ပါတယ်။ ဒါ့အပြင် ပုံမှန်လုပ်နေကျ အလုပ်တွေဖြစ်တဲ့ ညစာစားချိန်၊ ရေချိုးချိန်တွေကိုတောင် ကြောင်တွေက မှတ်မိပါသေးတယ်။

သင်က အိမ်ပြန်ရောက်တာနဲ့ ကြောင်ကို ပွတ်သပ်ပေးပြီး ကစားပေးတာမျိုးကို သူတို့က အလွန်သဘောကျပါတယ်။ ကြောင်လေးတွေက သင် ပြန်ရောက်ရောက်ချင်း အစာကျွေးတာမျိုးကိုလည်း သဘောကျပါသေးတယ်။ အဲဒါကြောင့် ကြောင်လေးတွေက လူတွေအတွက် သူငယ်ချင်းကောင်းလိုပါပဲ။

zawgyi
သင္အိမ္ျပန္လာၿပီဆိုရင္ ေၾကာင္ေလးေတြက ဘာေၾကာင့္ေစာင့္ေနတတ္တာလဲ

ေၾကာင္ေတြက မွီခိုတတ္တဲ့ ကေလးေလးေတြလို႔ လူေတြက သိထားၾကပါတယ္။ ဒါေပမယ့္ ေၾကာင္ေလးေတြက သူတို႔ရဲ႕သခင္ကို ဂ႐ုစိုက္တတ္ ၾကပါတယ္။ တ႐ုတ္ျပည္မႀကီးမွာေတာ့ ဖ်က္ဆီးတတ္တဲ့ သတၱဝါေတြကို ထိန္းခ်ဳပ္ဖို႔ ေၾကာင္ေတြကို အသုံးျပဳၾကပါတယ္။

သင္က အိမ္ကိုျပန္လာလို႔ တံခါးဖြင့္လိုက္သံကို ေၾကာင္ေတြ ၾကားႏိုင္တာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ေၾကာင္ေတြက ေခြးေဟာင္သံေတြနဲ႔ တျခား က်ယ္ေလာင္တဲ့အသံေတြကို ၾကားႏိုင္စြမ္း ရွိပါတယ္။ သင္က ကားဂိုေဒါင္ထဲကို ေရာက္ေနတဲ့အခ်ိန္ျဖစ္ေစ၊ ေလွကားေပၚတက္ေနတဲ့အသံျဖစ္ေစ ေၾကာင္ေတြက ၾကားရပါတယ္။

ေၾကာင္ေတြက အသံေတြကို မွတ္ထားတတ္ပါတယ္။ အဲဒါေၾကာင့္ သင္ အျပန္က ျပန္လာၿပီဆိုရင္ ေၾကာင္ေတြက ႏႈတ္ဆက္ဖို႔ ေရာက္လာတတ္တာပါ။ ဒါ့အျပင္ ေၾကာင္ေတြက သင့္ရဲ႕ ပုံမွန္လုပ္ေနက် အလုပ္ေတြကိုလည္း သိၾကပါတယ္။

သူတို႔က အခ်ိန္ေတြကိုလည္း ခန႔္မွန္းတတ္တာေၾကာင့္ သင္ျပန္လာေတာ့မယ့္ အခ်ိန္ကိုလည္း သိပါတယ္။ သင္က အိမ္ကို ညေန ၇ နာရီ ျပန္ေရာက္ေနက်ဆိုရင္ ေၾကာင္ေတြက အဲဒီအခ်ိန္မွာ သင့္ကို ေစာင့္ေနတတ္ပါတယ္။ ဒါ့အျပင္ ပုံမွန္လုပ္ေနက် အလုပ္ေတြျဖစ္တဲ့ ညစာစားခ်ိန္၊ ေရခ်ိဳးခ်ိန္ေတြကိုေတာင္ ေၾကာင္ေတြက မွတ္မိပါေသးတယ္။

သင္က အိမ္ျပန္ေရာက္တာနဲ႔ ေၾကာင္ကို ပြတ္သပ္ေပးၿပီး ကစားေပးတာမ်ိဳးကို သူတို႔က အလြန္သေဘာက်ပါတယ္။ ေၾကာင္ေလးေတြက သင္ ျပန္ေရာက္ေရာက္ခ်င္း အစာေကြၽးတာမ်ိဳးကိုလည္း သေဘာက်ပါေသးတယ္။ အဲဒါေၾကာင့္ ေၾကာင္ေလးေတြက လူေတြအတြက္ သူငယ္ခ်င္းေကာင္းလိုပါပဲ။

Crd