ဗဟုသုတ အစားအစာ
အကြော် ကြော်ရင် ခဏလေးနဲ့ ပျော့သွားတယ်ဆိုတဲ့ အိမ်ရှင်မတို့အတွက် အချဉ်ဖျော်နည်း နဲ့ အကြော်ကြော်နည်းလျို့ဝှက်ချက်
အကြော် ကြော်ရင် ခဏလေးနဲ့ ပျော့သွားတယ်ဆိုတဲ့ အိမ်ရှင်မတို့အတွက် အချဉ်ဖျော်နည်း နဲ့ အကြော်ကြော်နည်းလျို့ဝှက်ချက်လေးဝေမျှပေးလိုက်ပါတယ်နော်#အကြော်စုံ လေး စားကြပါနော်။
ဘူးသီးကြော် ကြက်သွန်ကြော် ရွှေဖရုံသီးကြော် မြင်းခွာရွက်ကြော် ပြောင်းဖူးကြော်
အခုက ရွှေလိပ်ပြာ၁ထုပ်ခွဲ/ကောက်ညှင်း ၁ဇွန်း/ရွှေကြည် ၁ဇွန်း/ပဲအစိမ်းမှုန့် ၂ဇွန်း/နနွင်း အနည်းငယ်/ြက်သားမှုန့် အနည်းငယ်/ကြက်ဥအကာ၁ဇွန်းကိုရေနဲ့မပျစ်မကျဲဖျော်တာပါ၊
စမ်းပြီးလုပ်ကြည့်တာ တော်တော်ကြာတဲ့အထိ မေပ်ာ့သြားပါဘူး။ဇွန်းက စတီးချိုင့် အသေးမှာထည့်လို့ရတဲ့ ကလေးထမင်းစားဇွန်း အေသးပါ။
အချဉ်ကတော့မန်းကျည်သီးကိုရေစိမ် အနှစ်တိုက် /ကြက်သွန်ဖြူ ၆မွှာ ငရုတ်သီးစိမ်း ၂တောင့်/ငံပြာရည် ၁ဇွန်း/သကြား ၁ဇွန်း
ရွက်လှေတံဆိပ် ငရုတ်ဆီ ၁ဇွန်း/origano tamarind sauce ၂ဇွန်း/ပဲအကျက်မှုန့် ၁ဇွန်း ရောမွှေပြီး နံနံပင် ၄ပင်နုတ်နုတ်စင်းထည့်ပါ။
(ရွှေလိပ်ပြာနဲ့ မကြော်ချင်ရင် ဆန် ၂ဆ ကောက်ညှင်း ၁ဆ ရွှေကြည် ၁ဆ ပဲမှုန့် ၁ဆနဲ့ဖျော်ပါ။)
Credit : ချက်ကြည့်ကြစို့ & All photos
အခုက ရွှေလိပ်ပြာ၁ထုပ်ခွဲ/ကောက်ညှင်း ၁ဇွန်း/ရွှေကြည် ၁ဇွန်း/ပဲအစိမ်းမှုန့် ၂ဇွန်း/နနွင်း အနည်းငယ်/က်ြသားမှုန့် အနည်းငယ်/ကြက်ဥအကာ၁ဇွန်းကိုရေနဲ့မပျစ်မကျဲဖျော်တာပါ၊