ဗဟုသုတ အစားအစာ

အရမ်းစားလို့ကောင်းတဲ့ ငါးသလောက် အရိုးနူးအောင် ပေါင်းနည်းလေး

ငါးသလောက် အရိုးနူးအောင် ပေါင်းနည်းလေး

ငါးသလောက် ( ၁ ပိဿာ )ကို အကြေးထိုး,အူဖောက် သန့်စင်ပီး ဆား,သကြား,အရသာမှုန့်,နနွင်း,ရှောက်သီးတို့ဖြင့်နယ်၍နာရီဝက်ခန့် နှပ်ထားပေးပါ။

ခရမ်းချဉ်သီး အကွင်းလိုက် လှီးထားပါ။ ကြက်သွန်နီ အကွင်းလိုက် လှီးထားပါ။ ကြက်သွန်ဖြူမွှာလေးများ နှစ်ခြမ်းခွဲထားပါ။

ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်းကို ရေနဲ့ ရောမွှေထားပါ။

ငါးသလောက် ပေါင်းပါတော့မယ်။

အိုးထဲဆီထည့်၍ ငရုတ်သီးအစိမ်းမှုန့် ထည့်မွှေပီးရင်အပူပေးပီး မီးခဏပိတ်ပါ။ကြက်သွန်နီ ,ခရမ်းချဉ်သီးထည့်မွှေပါ။

ပီးရင် နှပ်ထားတဲ့ ငါးသလောက်များ တင်ပါ။ရေနွေးပူပူကို ငါးသလောက်မြုပ်အောင် ထည့်ပါ။မီးအားမပြင်းစေပဲ ၆ နာရီကြာ တည်ထားပေးပါ။

ရေခန်းခါနီးမှာဖျော်ထားတဲ့ ပဲငံပြာရည် ထည့်ပါ။ရေခန်းခါနီး, အိုးချခါနီး ၁၅ မိနစ် အလိုမှာကြက်သွန်ဖြူခွဲခြမ်းလေးများ ထည့်ပေးပါ။ ဆီပျံလာရင် ငါးသလောက်ပေါင်းရပါပီ။

မှတ်ချက်

ဒီနည်းက Pressure Cooker မရှိတဲ့သူ, မသုံးတဲ့သူ နဲ့ မသုံးရဲတဲ့သူတွေအတွက်တင်ပေးခြင်း ဖြစ်ပါတယ်။

Pressure Cooker နဲ့ပေါင်းရင်တော့အချိန် တစ်နာရီခန့်သာ ကြာမြင့်ပါတယ်။

လူတိုင်း Pressure Cooker မသုံးကြလို့ဒီနည်း တင်ပေးတာပါ။Pressure Cooker နဲ့ပေါင်းမယ်ဆိုရင် ပါဝင်ပစ္စည်းအားလုံး Pressure Cooker ထဲထည့်ပါ။ရေ ၁ လီတာ ထည့်ပါ။

Timer ၁ နာရီပေးပြီး W 2000 နဲ့ ပေါင်းပေးပါ။၁ နာရီဆို ရပါပြီ။ အဖုံးမဖွင့်ပဲ နှပ်ထားပါ။အအေးခံပြီးမှ အဖုံးဖွင့် သုံးဆောင်ပါ။

ငါးသလောက်ပိဿာချိန် များများပေါင်းရင်တော့ ဒန်အိုးအောက်ခြေမှာ ဝါးကပ်ခံပြီး မီးသွေးမီးဖို နဲ့ ဆီများများထည့်ပြီး ပေါင်းရပါတယ်။

ကျမ ငါးသလောက်ပေါင်းရင်ဂျင်း,စပါးလင် မထည့်ပါဘူး။ငံပြာရည် ( လုံးဝ ) မသုံးပါဘူး။ကြိုက်သူများအတွက် တော့ ထည့်လို့ရပါတယ်။

ဒါပေမယ့် တူးမှာစိုးရင်တော့ ဒန်အိုးအောက်ခြေမှာဝါးကပ်/ စပါးလင်/ ကြံရွက် ခံလို့ရပါတယ်။

ရှောက်သီးကအသားတင်းစေရန်နဲ့ အအီပြေစေရန် ထည့်ပါတယ်။ချိုမြမြ အရသာ ရရှိစေဖို့ နဲ့အရောင်လှစေဖို့ အတွက် ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ပေးပါတယ်။

ကြက်သွန်ဖြူခွဲခြမ်းလေးတွေကတော့ကြိုက်လို့ ထည့်တာပါ။မထည့်ချင်ရင်လည်း ရပါတယ်။

ငါးသလောက်ပေါင်းရင်အမြန် နူးချင်ဇောနဲ့ မီးပြင်း မတိုက်ရပါဘူး။မီးအားအနေတော်နဲ့ ၆ နာရီခန့် ပေါင်းပေးရပါမယ်။

ငါးသလောက်ကို ရေမြုပ်အောင်ထည့်ပြီးDigital မီးဖိုကို မီးအား 400 W နဲ့ပေါင်းပါ။

တစ်ရည်ခန်းနဲ့ပဲ ရပါတယ်။ မီးအားပြင်ပြင်းနဲ့ ရေခန်းလိုက် ရေထပ်ထည့်လိုက်နဲ့ ငါးသလောက်ပေါင်းရင်ငါးသလောက်က နူးပေမယ့်အတုံး သိပ် မလှဖြစ်သွားတတ်ပါတယ်။

အိုးချခါနီးရင် ရေကျန်နေချိန်မှာ အရသာမြည်းကြည့်ပီးအချို,အငံ အရသာ ချိန်ဆပါ။

အီနေရင်တော့ ရှောက်သီး ထပ်ညှစ်ထည့်ပေးပါ။ဟင်းအနှစ် အနည်း အများအတွက် ကြက်သွန်နီနဲ့ ခရမ်းချဉ်သီး ကို မိမိ လိုသလောက် ချိန်ဆထည်ပေး့ပါ။

အရသာတွေ စိမ့်ဝင်နေတဲ့ ခရမ်းချဉ်သီးဖပ် အိအိကြီးထွေးထွေးကြီးတွေကြက်သွန်ဖပ် ချိုချိုကြီးတွေကိုငါးသလောက်အသားနဲ့အတူ တွဲဖက်ပြီးဝါးစားရတာ အရမ်းကို အရသာရှိလှပါတယ်။

တစ်ကယ်လို့ အနှစ်နဲ့ ငါးသလောက် တစ်သားတည်း ကျနေစေချင်ရင်တော့ကြက်သွန်နီ နဲ့ ခရမ်းချဉ်သီးကို ကွင်းမထည့်ပဲကြိတ်ထည့်လို့ ရပါတယ်။

အားလုံးပဲ ကျေးဇူးတင်ပါတယ်ရှင်။

ပဲခူး ဒေါ်ထွေးရီ

Zawgyi

ငါးသေလာက္ အရိုးႏူးေအာင္ ေပါင္းနည္းေလး

ငါးသေလာက္ ( ၁ ပိႆာ )ကို အေၾကးထိုး,အူေဖာက္ သန္႔စင္ပီး ဆား,သၾကား,အရသာမႈန္႔,နႏြင္း,ေရွာက္သီးတို႔ျဖင့္နယ္၍နာရီဝက္ခန္႔ ႏွပ္ထားေပးပါ။

ခရမ္းခ်ဥ္သီး အကြင္းလိုက္ လွီးထားပါ။ ၾကက္သြန္နီ အကြင္းလိုက္ လွီးထားပါ။ ၾကက္သြန္ျဖဴမႊာေလးမ်ား ႏွစ္ျခမ္းခြဲထားပါ။

ပဲငံျပာရည္ ထမင္းစားဇြန္း ၁ ဇြန္းကို ေရနဲ႔ ေရာေမႊထားပါ။

ငါးသေလာက္ ေပါင္းပါေတာ့မယ္။

အိုးထဲဆီထည့္၍ င႐ုတ္သီးအစိမ္းမႈန္႔ ထည့္ေမႊပီးရင္အပူေပးပီး မီးခဏပိတ္ပါ။ၾကက္သြန္နီ ,ခရမ္းခ်ဥ္သီးထည့္ေမႊပါ။

ပီးရင္ ႏွပ္ထားတဲ့ ငါးသေလာက္မ်ား တင္ပါ။ေရေႏြးပူပူကို ငါးသေလာက္ျမဳပ္ေအာင္ ထည့္ပါ။မီးအားမျပင္းေစပဲ ၆ နာရီၾကာ တည္ထားေပးပါ။

ေရခန္းခါနီးမွာေဖ်ာ္ထားတဲ့ ပဲငံျပာရည္ ထည့္ပါ။ေရခန္းခါနီး, အိုးခ်ခါနီး ၁၅ မိနစ္ အလိုမွာၾကက္သြန္ျဖဴခြဲျခမ္းေလးမ်ား ထည့္ေပးပါ။ ဆီပ်ံလာရင္ ငါးသေလာက္ေပါင္းရပါပီ။

မွတ္ခ်က္

ဒီနည္းက Pressure Cooker မရွိတဲ့သူ, မသုံးတဲ့သူ နဲ႔ မသုံးရဲတဲ့သူေတြအတြက္တင္ေပးျခင္း ျဖစ္ပါတယ္။

Pressure Cooker နဲ႔ေပါင္းရင္ေတာ့အခ်ိန္ တစ္နာရီခန႔္သာ ၾကာျမင့္ပါတယ္။

လူတိုင္း Pressure Cooker မသုံးၾကလို႔ဒီနည္း တင္ေပးတာပါ။Pressure Cooker နဲ႔ေပါင္းမယ္ဆိုရင္ ပါဝင္ပစၥည္းအားလုံး Pressure Cooker ထဲထည့္ပါ။ေရ ၁ လီတာ ထည့္ပါ။

Timer ၁ နာရီေပးၿပီး W 2000 နဲ႔ ေပါင္းေပးပါ။၁ နာရီဆို ရပါၿပီ။ အဖုံးမဖြင့္ပဲ ႏွပ္ထားပါ။အေအးခံၿပီးမွ အဖုံးဖြင့္ သုံးေဆာင္ပါ။

ငါးသေလာက္ပိႆာခ်ိန္ မ်ားမ်ားေပါင္းရင္ေတာ့ ဒန္အိုးေအာက္ေျခမွာ ဝါးကပ္ခံၿပီး မီးေသြးမီးဖို နဲ႔ ဆီမ်ားမ်ားထည့္ၿပီး ေပါင္းရပါတယ္။

က်မ ငါးသေလာက္ေပါင္းရင္ဂ်င္း,စပါးလင္ မထည့္ပါဘူး။ငံျပာရည္ ( လုံးဝ ) မသုံးပါဘူး။ႀကိဳက္သူမ်ားအတြက္ ေတာ့ ထည့္လို႔ရပါတယ္။

ဒါေပမယ့္ တူးမွာစိုးရင္ေတာ့ ဒန္အိုးေအာက္ေျခမွာဝါးကပ္/ စပါးလင္/ ႀကံရြက္ ခံလို႔ရပါတယ္။

ေရွာက္သီးကအသားတင္းေစရန္နဲ႔ အအီေျပေစရန္ ထည့္ပါတယ္။ခ်ိဳျမၿမ အရသာ ရရွိေစဖို႔ နဲ႔အေရာင္လွေစဖို႔ အတြက္ ပဲငံျပာရည္ ထမင္းစားဇြန္း ၁ ဇြန္း ထည့္ေပးပါတယ္။

ၾကက္သြန္ျဖဴခြဲျခမ္းေလးေတြကေတာ့ႀကိဳက္လို႔ ထည့္တာပါ။မထည့္ခ်င္ရင္လည္း ရပါတယ္။

ငါးသေလာက္ေပါင္းရင္အျမန္ ႏူးခ်င္ေဇာနဲ႔ မီးျပင္း မတိုက္ရပါဘူး။မီးအားအေနေတာ္နဲ႔ ၆ နာရီခန႔္ ေပါင္းေပးရပါမယ္။

ငါးသေလာက္ကို ေရျမဳပ္ေအာင္ထည့္ၿပီးDigital မီးဖိုကို မီးအား 400 W နဲ႔ေပါင္းပါ။

တစ္ရည္ခန္းနဲ႔ပဲ ရပါတယ္။ မီးအားျပင္ျပင္းနဲ႔ ေရခန္းလိုက္ ေရထပ္ထည့္လိုက္နဲ႔ ငါးသေလာက္ေပါင္းရင္ငါးသေလာက္က ႏူးေပမယ့္အတုံး သိပ္ မလွျဖစ္သြားတတ္ပါတယ္။

အိုးခ်ခါနီးရင္ ေရက်န္ေနခ်ိန္မွာ အရသာျမည္းၾကည့္ပီးအခ်ိဳ,အငံ အရသာ ခ်ိန္ဆပါ။

အီေနရင္ေတာ့ ေရွာက္သီး ထပ္ညႇစ္ထည့္ေပးပါ။ဟင္းအႏွစ္ အနည္း အမ်ားအတြက္ ၾကက္သြန္နီနဲ႔ ခရမ္းခ်ဥ္သီး ကို မိမိ လိုသေလာက္ ခ်ိန္ဆထည္ေပး့ပါ။

အရသာေတြ စိမ့္ဝင္ေနတဲ့ ခရမ္းခ်ဥ္သီးဖပ္ အိအိႀကီးေထြးေထြးႀကီးေတြၾကက္သြန္ဖပ္ ခ်ိဳခ်ိဳႀကီးေတြကိုငါးသေလာက္အသားနဲ႔အတူ တြဲဖက္ၿပီးဝါးစားရတာ အရမ္းကို အရသာရွိလွပါတယ္။

တစ္ကယ္လို႔ အႏွစ္နဲ႔ ငါးသေလာက္ တစ္သားတည္း က်ေနေစခ်င္ရင္ေတာ့ၾကက္သြန္နီ နဲ႔ ခရမ္းခ်ဥ္သီးကို ကြင္းမထည့္ပဲႀကိတ္ထည့္လို႔ ရပါတယ္။

အားလုံးပဲ ေက်းဇူးတင္ပါတယ္ရွင္။

ပဲခူး ေဒၚေထြးရီ