Home made ကြက်ချဉ်စပ်ဟော့ပေါ့ချက်နည်း
ပါဝင်ပစ္စည်း
-ကြက်သား(လူ၄ယောက်စာဗမာကြက်တစ်ကောင်ထည့်ပါတယ် စားမယ့်လူပမာဏနဲ့ချိန်ပြီးကြိုက်သလောက်ထည့်ပေါ့နော်)
-ကြက်သွန်ဖြူ/ဂျင်းအနည်းငယ်
ဟော့ပေါ့အနှစ်ထုပ်(အခုပုံမှာပြထားတဲ့အနှစ်ထုပ်လေးကစျေးချိုပြီးခိုင်လီကြက်ချဉ်စပ်ဟော့ပေါ့အရသာနဲ့တော်တော်လေးဆင်ပါတယ်)
အခုချက်ပြထားတဲ့အိုးမျိုးဆိုရင်တော့တစ်ထုပ်ခွဲလောက်ထည့်ရပါတယ်
အသားမှုန့်/ဆားအနည်းငယ်
-CP chicken/pork sausage ကျန်တာတွေကတော့ပြောတော့ဘူးနော်
ကိုယ်ကြိုက်နှစ်သက်ရာအသား/ဟင်းသီးဟင်းရွက်အမျိုးမျိုးထည့်လို့ရပါတယ်(ကြက်ချဉ်စပ်ဟော့ပေါ့ဖြစ်တဲ့အတွက်ကြက်သားကတော့မပါမဖြစ်ပေါ့နော်)
ချက်ပြုတ်နည်း
-ဆီကိုအိုးကပ်တယ်ဆိုရုံလေးထည့်ပြီးဂျင်းနဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ
-အနံ့လေးမွှေးလာပြီဆိုကြက်သားထည့်ပါ
(ကြက်သားကိုဆား/ဆနွင်း/အချိုမှုန့်အနဲငယ်ထည့်နယ်ထားပေးပါ)
-ကြက်သားအရောင်ပြောင်းပြီးအနဲငယ်ခြောက်လာပြီဆို ဟော့ပေါ့အနှစ်ထည့်ပါ ရေမထည့်သေးပဲကြက်သားနဲ့ဟော့ပေါ့အနှစ်ကို၅မိနစ်ခန့်ချက်ပေးပါ
ပြီးရင်ရေထည့်ပါကြက်သားကျက်စေရန်၁၀/၁၅မိနစ်ခန့်တည်ထားပေးပါ(ဒီအဆင့်မှာတခြားအသား/အသားလုံးစတဲ့ကျက်ဖို့လိုတဲ့အဆာပလာတွေထည့်ထားလို့ရပါပြီ)
-အပေါ့အငန်အတွက်အသားမှုန့်/ဆားကိုလိုသလောက်ထည့်ပေးပါ
ရေဗွမ်းဗွမ်းဆူပြီးအသားတွေလဲကျက်ပြီဆိုရင်တော့မိမိကြိုက်နှစ်သက်ရာအရွက်တွေထည့်ပြီးသုံးဆောင်နိုင်ပါပြီ။လေးစားလျှက် crd credit
Home made ကှကခြဉွစြပဟြော့ပေါ့ခကွနြညြး