ဗဟုသုတ

မိုးရွာသည့်အခါ ရေခပ်ချိုးလို့ရလောက်အောင်ရွာလမ်းများ ဆိုးရွားနေတယ်ဆိုတာကို သိစေလို၍ လမ်းလယ်ခေါင်တွင် ရေခပ်ချိုးပြခဲ့သော အမျိုးသား

မိုးရွာသည့်အခါ ရေခပ်ချိုးလို့ရလောက်အောင်ရွာလမ်းများ ဆိုးရွားနေတယ်ဆိုတာကို သိစေလို၍ လမ်းလယ်ခေါင်တွင် ရေခပ်ချိုးပြခဲ့သော အမျိုးသား

မြို့ကြီးတွေရှိ လမ်းမကြီးသည် ဖြူးဖြောင့်နေပြီး ကျေးရွာများရှိ လမ်းများအနေနှင့်တော့ နေ့စဉ်အသုံးပြုနေရသော ဒေသခံလူတို့ဧ။်အဖြစ်မှာ သနားစရာကောင်းလှသည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံ Buriram ခရိုင် Nong Phongရှိ ရွာလေးတစ်ရွာသည် မိုးသည်းထန်စွာ ရွာသွန်းသည့်နေ့များတွင် မဖြစ်မနေ ဖြတ်သွားဖြတ်လာ အသုံးပြုနေရသော ရွာသူ ရွာသားများအဖို့ အခက်တွေ့ခဲ့ကြရသည်။

မည်သို့ပင် သွားလာရခက်ခဲနေပါစေ ထိုလမ်းကြီးအား ကွန်ကရစ်ခင်းပေးဖို့နေသာသာ မြေကြီးများသာဖို့ပြီး သွားလာခဲ့ရကာ မိုးရာသီဖြစ်သည့်အတွက် အလုပ်သွားသော ရွာသူရွာသားများအပြင် ကျောင်းသူကျောင်းသားလေးများမှာ အရှိန်မထိန်းနိုင်ပဲ ချော်လဲ မှောက်လဲရင်းနှင့် ကျောင်းဝတ်စုံတို့မှာ အမြဲလိုလို ညစ်ပတ်စိုရွဲကုန်ကြသည်။

ထို့ကြောင့် ရွာသားတစ်ဦးသည် သူတို့ရွာ၏လမ်းလေးအား အဆင်ပြေပြေ သွားလာရလွယ်ကူစေရန် ဗွက်အိုင်ကြီးဖြစ်နေသော လမ်းလယ်ခေါင်သို့ သွား၍ ရေခပ်ချိုးပြကာ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်

Zawgyi




