ဗဟုသုတ

နဖူးအရေးအကြောင်းလိုင်းတွေကို လျော့ပါးသွားစေမယ့် သဘာဝနည်းလမ်း (၄)ခု

နဖူးပေါ်က အရေးအကြောင်းတွေဟာ အသက်အရွယ်အရ၊ မျိုးရိုးဗီဇအရ နေရောင်တိုက်ရိုက်ထိတွေ့မှုအရ ပေါ်လာနိုင်ပါတယ်။ နဖူးက အရေးအကြောင်းတွေကို လုံးဝဖယ်ရှားလို့မရပေမယ့်လည်း အချို့သော သဘာဝကုစားမှုတွေက

မြင်သာမှုနည်းအောင် ကူညီနိုင်ပါတယ်။ အဓိကအချက်က အရေပြားရဲ့အစိုဓါတ်နဲ့ elasticityကို ထိန်းညှိပေးနိုင်တဲ့ ထုတ်ကုန်တွေနဲ့ နည်းစနစ်တွေကို အာရုံစိုက်ဖို့ ဖြစ်ပါတယ်

၁။ ငှက်ပျောသီး

ငှက်ပျောသီးက အထူးသဖြင့် နဖူးအသားအရေထိန်းသိမ်းဖို့အတွက် ကောင်းမွန်ပါတယ်။ ငှက်ပျောသီးမှာ ဗီတာမင်တွေနဲ့ သဘာဝအဆီများ ပါဝင်ပြီး အရေပြားကို ကျန်းမာစေပါတယ်။ ငှက်ပျောသီးတစ်လုံးရဲ့ ၄ပုံ ၁ပုံလောက်ကို

အနှစ်ဖြစ်သွားအောင် ကြိတ်ချေပါ။ ပြီးရင် နဖူးပေါ်မှာ ပါးပါးသုတ်လိမ်းပြီး ၁၅ မိနစ်  မိနစ် ၂၀လောက်ထားပါ။ ပြီးမှ ရေနွေးနွေးနဲ့ ဆေးကြောပါ နဖူးအသားအရေဟာ ပိုချောမွေ့လာတယ်လို့ ခံစားရပါလိမ့်မယ်

၂။ အချဉ်ဓါတ်ပါသော အသီးများ

အချဉ်ဓါတ်ပါတဲ့ အသီးတွေမှာ အသားအရေကို ချောမွေ့စေပြီး အရေပြားကို ကျန်းမာစေတဲ့ ဗီတာမင် အီးနှင့် စီတို့ပါ

ဝင်ပါတယ်။ သံပရာသီး၊ လိမ္မော်သီး၊ စပျစ်သီး စတာတွေရွေးချယ်လိမ်းနိုင်ပါတယ်။ သင်ကြိုက်နှစ်သက်တဲ့ အသီးကို ရွေးချယ်ပြီး နဖူးပေါ်မှာ တိုက်ရိုက်ပွတ်လိမ်းပေးပါ။ ၁၀မိနစ်လောက်ထားပြီးမှ မျက်နှာသစ်ပါ

၃။ သဘာဝအဆီများ

အုန်းဆီနှင့် သံလွင်ဆီနှစ်မျိုးလုံးဟာ အသားအရေကို စိုပြေစေခြင်းဖြင့် အရေပြား elasticity ကိုတိုးစေပါတယ်။ ခြောက်သွေ့တဲ့ အသားအရေက elastic မဖြစ်ခြင်းကြောင့် အရေးအကြောင်းတွေကို ပိုမြင်သာစေပါတယ်။

နဖူးအစိုဓါတ်ဖြည့်ပေးတာကို အာရုံစိုက်ရင် အသားအရေဟာ elastic ပိုဖြစ်လာနိုင်ပါတယ်။ မျက်နှာသစ်ပြီး အိပ်ရာမဝင်ခင်မှာ သံလွင်ဆီနှင့် အုန်းဆီကို လိမ်းပါ။ ဆီကို နဖူးအရေးအကြောင်းပေါ်ကို တိုက်ရိုက်လိမ်းပေးပြီး အရေပြားပေါ်မှာ ချွဲကျိကျိ မခံစားရတဲ့အထိ နှိပ်နယ်ပေးပါ။ ကိုယ်နှစ်သက်ရာ ဆီနှစ်မျိုးကို ရောပြီး လိမ်းနိုင်ပါတယ်

၄။ ကြက်ဥအကာ

ကြက်ဥအကာတွေက နဖူးပေါ်က အရေပြားရဲ့ အသွင်အပြင်ကို တိုးတတ်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ကြက်ဥအကာချည်းပဲ လိမ်းမယ့်အစား ပျားရည်နဲ့ ရောစပ်နိုင်ပါတယ်။ ဒီ Mask က နဖူးအရေးအကြောင်းကို လျော့ချပေးရုံသာမက အသားအရေကိုလည်း ပိုမိုကောင်းမွန်စေပါတယ်

ပန်းကန်လုံးထဲမှာ ကြက်ဥတစ်လုံးမှ အကာနှင့် ပျားရည် ၁ဇွန်းကို ရောပါ။ နဖူးပေါ်မှာလိမ်းပါ။ (လည်ပင်းနဲ့ မျက်နှာတစ်ပြင်လုံးလိမ်းလည်း ရပါတယ်) ။ ရေအေးအေးနဲ့ မျက်နှာမသစ်ခင် ၁၅ မိနစ်လောက်ထားပါ။credit

Zawgyi

နဖူးေပၚက အေရးအေၾကာင္းေတြဟာ အသက္အ႐ြယ္အရ၊ မ်ိဳးရိုးဗီဇအရ ေနေရာင္တိုက္ရိုက္ထိေတြ႕မႈအရ ေပၚလာနိုင္ပါတယ္။ နဖူးက အေရးအေၾကာင္းေတြကို လုံးဝဖယ္ရွားလို႔မရေပမယ့္လည္း အခ်ိဳ႕ေသာ သဘာဝကုစားမႈေတြက

ျမင္သာမႈနည္းေအာင္ ကူညီနိုင္ပါတယ္။ အဓိကအခ်က္က အေရျပားရဲ႕အစိုဓါတ္နဲ႕ elasticityကို ထိန္းညွိေပးနိုင္တဲ့ ထုတ္ကုန္ေတြနဲ႕ နည္းစနစ္ေတြကို အာ႐ုံစိုက္ဖို႔ ျဖစ္ပါတယ္

၁။ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးက အထူးသျဖင့္ နဖူးအသားအေရထိန္းသိမ္းဖို႔အတြက္ ေကာင္းမြန္ပါတယ္။ ငွက္ေပ်ာသီးမွာ ဗီတာမင္ေတြနဲ႕ သဘာဝအဆီမ်ား ပါဝင္ၿပီး အေရျပားကို က်န္းမာေစပါတယ္။ ငွက္ေပ်ာသီးတစ္လုံးရဲ႕ ၄ပုံ ၁ပုံေလာက္ကို

အႏွစ္ျဖစ္သြားေအာင္ ႀကိတ္ေခ်ပါ။ ၿပီးရင္ နဖူးေပၚမွာ ပါးပါးသုတ္လိမ္းၿပီး ၁၅ မိနစ္  မိနစ္ ၂၀ေလာက္ထားပါ။ ၿပီးမွ ေရေႏြးေႏြးနဲ႕ ေဆးေၾကာပါ နဖူးအသားအေရဟာ ပိုေခ်ာေမြ႕လာတယ္လို႔ ခံစားရပါလိမ့္မယ္

၂။ အခ်ဥ္ဓါတ္ပါေသာ အသီးမ်ား

အခ်ဥ္ဓါတ္ပါတဲ့ အသီးေတြမွာ အသားအေရကို ေခ်ာေမြ႕ေစၿပီး အေရျပားကို က်န္းမာေစတဲ့ ဗီတာမင္ အီးႏွင့္ စီတို႔ပါ

ဝင္ပါတယ္။ သံပရာသီး၊ လိေမၼာ္သီး၊ စပ်စ္သီး စတာေတြေ႐ြးခ်ယ္လိမ္းနိုင္ပါတယ္။ သင္ႀကိဳက္ႏွစ္သက္တဲ့ အသီးကို ေ႐ြးခ်ယ္ၿပီး နဖူးေပၚမွာ တိုက္ရိုက္ပြတ္လိမ္းေပးပါ။ ၁၀မိနစ္ေလာက္ထားၿပီးမွ မ်က္ႏွာသစ္ပါ

၃။ သဘာဝအဆီမ်ား

အုန္းဆီႏွင့္ သံလြင္ဆီႏွစ္မ်ိဳးလုံးဟာ အသားအေရကို စိုေျပေစျခင္းျဖင့္ အေရျပား elasticity ကိုတိုးေစပါတယ္။ ေျခာက္ေသြ႕တဲ့ အသားအေရက elastic မျဖစ္ျခင္းေၾကာင့္ အေရးအေၾကာင္းေတြကို ပိုျမင္သာေစပါတယ္။

နဖူးအစိုဓါတ္ျဖည့္ေပးတာကို အာ႐ုံစိုက္ရင္ အသားအေရဟာ elastic ပိုျဖစ္လာနိုင္ပါတယ္။ မ်က္ႏွာသစ္ၿပီး အိပ္ရာမဝင္ခင္မွာ သံလြင္ဆီႏွင့္ အုန္းဆီကို လိမ္းပါ။ ဆီကို နဖူးအေရးအေၾကာင္းေပၚကို တိုက္ရိုက္လိမ္းေပးၿပီး အေရျပားေပၚမွာ ခြၽဲက်ိက်ိ မခံစားရတဲ့အထိ ႏွိပ္နယ္ေပးပါ။ ကိုယ္ႏွစ္သက္ရာ ဆီႏွစ္မ်ိဳးကို ေရာၿပီး လိမ္းနိုင္ပါတယ္

၄။ ၾကက္ဥအကာ

ၾကက္ဥအကာေတြက နဖူးေပၚက အေရျပားရဲ႕ အသြင္အျပင္ကို တိုးတတ္ေစဖို႔ အေထာက္အကူျပဳနိုင္ပါတယ္။ ၾကက္ဥအကာခ်ည္းပဲ လိမ္းမယ့္အစား ပ်ားရည္နဲ႕ ေရာစပ္နိုင္ပါတယ္။ ဒီ Mask က နဖူးအေရးအေၾကာင္းကို ေလ်ာ့ခ်ေပး႐ုံသာမက အသားအေရကိုလည္း ပိုမိုေကာင္းမြန္ေစပါတယ္

ပန္းကန္လုံးထဲမွာ ၾကက္ဥတစ္လုံးမွ အကာႏွင့္ ပ်ားရည္ ၁ဇြန္းကို ေရာပါ။ နဖူးေပၚမွာလိမ္းပါ။ (လည္ပင္းနဲ႕ မ်က္ႏွာတစ္ျပင္လုံးလိမ္းလည္း ရပါတယ္) ။ ေရေအးေအးနဲ႕ မ်က္ႏွာမသစ္ခင္ ၁၅ မိနစ္ေလာက္ထားပါ။credit