ဗဟုသုတ အစားအစာ

ရှယ်စားကောင်းစေမယ့် နွားနို့ယို လုပ်နည်း…..

နွားနို့ယို

နွားနို့ယိုကတော့ တချို့တွေလဲ လုပ်တတ်ကြမှာပါ။ လုပ်နည်းမေးထားတဲ့သူတွေအတွက်တင်ပေးလိုက်ပါတယ်။

အိမ်မှာပဲ နွားနို့စစ်စစ်နဲ့ပြုလုပ်ပြီး သန့်သန့်ရှင်းရှင်းစားချင်တဲ့သူတွေအတွက် အလွန်လွယ်ကူပါတယ်။

လုပ်ရတာတော့ အချိန်နည်းနည်းကြာပါတယ်။ ဒီနည်းကလဲ အိစံငယ်ငယ်ထဲက အိမ်မှာအဖွားလုပ်တိုင်း ဝင်ဆော့နေကြပေါ့။

ခဏ ခဏတော့ မွှေနေရပါတယ်။ အိမ်မှာလုပ်ရင်တော့ အများကြီးလဲ၇ပြီး သန့်ရှင်းတာမို့လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

နွားနို့- ၄ လီတာ

သကြား – ထမင်းစားဇွန်း ၁၆ ဇွန်း (သို့) ၁ ခွက်

ဆား – လက်ဖက်ရည်ဇွန်း လေးပုံတပုံ ( ထမင်းစားဇွန်း = 1 tablespoon = 15 ml)/(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

နွားနို့ကို အိုးကြီးကြီးတလုံးထဲမှာ ပွက်လာအောင်တည်ပါ။ (နွားနို့ကို အိုးနဲ့ကွက်တိထည့်ရင် နွားနို့ပွက်ရင် ဝေတတ်တာမို့အိုးအကြီးထဲမှာထည့်ရျ်တည်ပါ။ ပွက်လာတာကို သတိထားကြည့်ပါ။သတိမထားမိရင် ဝေကျတတ်ပါတယ်။)

နွားနို့ပွက်လာလျှင် မီးအေးအေးဖြင့် ပြောင်းရျ်တည်ပါ။ သကြားနှင့်ဆားကို ထည့်ပါ။ ခဏ ခဏ မွှေပေးပါ။ မလိုင်တက်လာတိုင်းမွှေမွှေပေးပါ။

မီးအေးအေးဖြင့်တည်လျှင် ဆက်တိုက်မွှေနေစရာမလိုပါ။၁၀ မိနစ်တခါလောက်မှမွှေရင်၇ပါတယ်။

မီးဖိုမီးအားပေါ်မူတည်ပြီး ၁ နာရီ (သို့) ၁ နာရီခွဲလောက်တည်အပြီးမှာ အ၇မ်းပစ်လာပါလိမ့်မည်။အ၇မ်းပစ်လာလျှင် မီးအားပြင်းပြင်းကို ပြောင်းတည်ပြီး ဆက်တိုက်မွှေပေးပါ။

မွှေ၇င်းနဲ့မလိုင်အဖတ်ဖတ်တွေဖြစ်လာပြီး ရေခမ်းလာပါလိမ့်မည်။ ရေကုန် လျှင် မီးဖိုပေါ်မှချရျ်အအေးခံထားပါ။

အေးသွားလျှင် သကြားရည်များအနည်းငယ်ထွက်လာပါလိမ့်မည်။ နွားနို့ယိုရပါပြီ။

နွားနို့ယို ကိုလေလုံသောဗူးထဲ၊ရေခဲသေတ္တာထဲထည့်ရျ် ၂ ပတ်လောက်ထားပြီး ပေါင်မုန့်၊ဘီစကစ်၊ မုန့်ကြွပ်တို့ဖြင့် တွဲရျ်သုံးဆောင်နိုင်ပါတယ်။

Credit

ႏြားႏို႔ယိုကေတာ့ တခ်ိဳ႕ေတြလဲ လုပ္တတ္ၾကမွာပါ။ လုပ္နည္းေမးထားတဲ့သူေတြအတြက္တင္ေပးလိုက္ပါတယ္။

အိမ္မွာပဲ ႏြားႏို႔စစ္စစ္နဲ႔ျပဳလုပ္ၿပီး သန႔္သန႔္ရွင္းရွင္းစားခ်င္တဲ့သူေတြအတြက္ အလြန္လြယ္ကူပါတယ္။

လုပ္ရတာေတာ့ အခ်ိန္နည္းနည္းၾကာပါတယ္။ ဒီနည္းကလဲ အိစံငယ္ငယ္ထဲက အိမ္မွာအဖြားလုပ္တိုင္း ဝင္ေဆာ့ေနၾကေပါ့။

ခဏ ခဏေတာ့ ေမႊေနရပါတယ္။ အိမ္မွာလုပ္ရင္ေတာ့ အမ်ားႀကီးလဲ၇ၿပီး သန႔္ရွင္းတာမို႔လုပ္စားၾကည့္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

ႏြားႏို႔- ၄ လီတာ

သၾကား – ထမင္းစားဇြန္း ၁၆ ဇြန္း (သို႔) ၁ ခြက္

ဆား – လက္ဖက္ရည္ဇြန္း ေလးပုံတပုံ ( ထမင္းစားဇြန္း = 1 tablespoon = 15 ml)/(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)

ျပဳလုပ္နည္း

ႏြားႏို႔ကို အိုးႀကီးႀကီးတလုံးထဲမွာ ပြက္လာေအာင္တည္ပါ။

(ႏြားႏို႔ကို အိုးနဲ႔ကြက္တိထည့္ရင္ ႏြားႏို႔ပြက္ရင္ ေဝတတ္တာမို႔အိုးအႀကီးထဲမွာထည့္ရ်္တည္ပါ။ ပြက္လာတာကို သတိထားၾကည့္ပါ။သတိမထားမိရင္ ေဝက်တတ္ပါတယ္။)

ႏြားႏို႔ပြက္လာလွ်င္ မီးေအးေအးျဖင့္ ေျပာင္းရ်္တည္ပါ။ သၾကားႏွင့္ဆားကို ထည့္ပါ။ ခဏ ခဏ ေမႊေပးပါ။ မလိုင္တက္လာတိုင္းေမႊေမႊေပးပါ။

မီးေအးေအးျဖင့္တည္လွ်င္ ဆက္တိုက္ေမႊေနစရာမလိုပါ။၁၀ မိနစ္တခါေလာက္မွေမႊရင္၇ပါတယ္။

မီးဖိုမီးအားေပၚမူတည္ၿပီး ၁ နာရီ (သို႔) ၁ နာရီခြဲေလာက္တည္အၿပီးမွာ အ၇မ္းပစ္လာပါလိမ့္မည္။အ၇မ္းပစ္လာလွ်င္ မီးအားျပင္းျပင္းကို ေျပာင္းတည္ၿပီး ဆက္တိုက္ေမႊေပးပါ။

ေမႊ၇င္းနဲ႔မလိုင္အဖတ္ဖတ္ေတြျဖစ္လာၿပီး ေရခမ္းလာပါလိမ့္မည္။ ေရကုန္ လွ်င္ မီးဖိုေပၚမွခ်ရ်္အေအးခံထားပါ။

အေးသြားလွ်င္ သၾကားရည္မ်ားအနည္းငယ္ထြက္လာပါလိမ့္မည္။ ႏြားႏို႔ယိုရပါၿပီ။

ႏြားႏို႔ယို ကိုေလလုံေသာဗူးထဲ၊ေရခဲေသတၱာထဲထည့္ရ်္ ၂ ပတ္ေလာက္ထားၿပီး ေပါင္မုန႔္၊ဘီစကစ္၊ မုန႔္ႂကြပ္တို႔ျဖင့္ တြဲရ်္သုံးေဆာင္ႏိုင္ပါတယ္။

Credit