ဗဟုသုတ

နှုတ်ခမ်းပုံစံ (၆) မျိုးက ပြောပြနေတဲ့ ပင်ကိုစရိုက်

လူတွေက အလှအပနဲ့ ပတ်သက်ရင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျပါဘူး။ လှပြီးရင်း လှချင်တာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို လှတယ်လို့ပဲ ထင်ကြပါတယ်။ မျက်နှာသွင်ပြင် ကလည်း ပင်ကိုစရိုက်ကို ဖော်ပြနိုင်သလို နှုတ်ခမ်းကလည်း သင့်ရဲ့ ပင်ကိုစရိုက်ကို ဖော်ပြပေးနိုင်ပါတယ်

၁။ ကြီးမားသော နှူတ်ခမ်းဖူးဖူး

နှုတ်ခမ်းဖူးဖူးလေး ဆိုရင်တော့ အရင်ဆုံး ပြေးမြင်မိတာက Angelina Jolie ပါပဲ။ ဒီနှုတ်ခမ်းပုံစံက အတော်ကို လှပါတယ်။ ကြီးမားတဲ့ နှုတ်ခမ်းဖူးဖူးတွေကို ပိုင်ဆိုင်တဲ့သူ ကတော့ ကြင်နာတတ်သူ-ရက်ရောပြီး စေတနာကောင်းသူ-စာနာတတ်သူဖြစ်ပါတယ်။ ဘယ်လောက် ကြင်နာတတ်သူလဲ ဆိုရင် ကြောင်လေးတွေကို မြင်ရင်တောင် ချစ်နေတတ်သူပါ။ အလှူလုပ်ရတာကို ဝါသနာ ပါသူလည်းဖြစ်ပါတယ်

၂။ အပေါ်နှုတ်ခမ်းက အောက်နှုတ်ခမ်းထက်ကြီးသူ

ဒီလိုနှုတ်ခမ်းပိုင်ရှင်က ပျော်ပျော်နေတတ်ပြီး စိတ်ထိခိုက်လည်း လွယ်ပါတယ်။ နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်ပြီး ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်ပါတယ်

၃။ အောက်နှုတ်ခမ်းက အပေါ်နှုတ်ခမ်းထက်ကြီးသူ

ဒီလိုနှုတ်ခမ်းပိုင်ရှင်တွေက စိတ်ကောက်နေတဲ့ ကလေးတွေရဲ့ နှုတ်ခမ်းလိုပါပဲ။ သူတို့က ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းလေးတွေကို သိပြီး ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်သူ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ပြီး စွန့်စားသွားလာရတာကို ကြိုက်နှစ်သက်သူ စိတ်ဓာတ်ပြင်းပြသူ ဖြစ်ပါတယ်

၄။ ပုံမှန်နှုတ်ခမ်း

ပုံမှန်နှုတ်ခမ်းပိုင်ရှင်တွေက ဆွဲဆောင်မှု ရှိပါတယ်။ စိတ်နေစိတ်ထားကလဲ ရိုးဖြောင့်ပါတယ်။ လူတိုင်းနဲ့လည်း သဟဇာတဖြစ်အောင် နေတတ်သူပါ။ မိတ်ဆွေကောင်း ပီသသူ၊ နားထောင်တတ်သူ၊ ကူညီသူလည်းဖြစ်ပါတယ်။ တခြားသူတွေအတွက် အချိန်ကုန်ရမှာကို မနှမြောတတ်သူပါ။

၅။ နှုတ်ခမ်းပါးလေး

နှုတ်ခမ်းပါး ပိုင်ရှင်လေးတွေက ဘယ်ပြဿနာကိုမဆို တာဝန်ယူဖြေရှင်းတတ်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူပါ။ ခင်မင်တဲ့ လူနည်းစုလောက်နဲ့ပဲ နေထိုင်ရတာကို ပျော်ရွှင်တတ်သူလည်း ဖြစ်ပါတယ်

၆။ သေးငယ်သော နှုတ်ခမ်းဖူးဖူးလေး

သေးငယ်တဲ့ နှုတ်ခမ်းလေးကို ပိုင်ဆိုင်တဲ့သူတွေက အမြဲ အနစ်နာခံသူတွေပါ။ တခြားသူတွေရဲ့ ဆန္ဒကို အမြဲဦးစားပေးသူပါ။ စည်းကမ်းကြီးသူလည်းဖြစ်ပါတယ်။ အလုပ်ကို ကြိုးစားပြီး ပြဿနာ မဖြစ်အောင် အေးအေးဆေးဆေး နေတတ်ကြပါတယ်။credit