Health Knowledge ဗဟုသုတ

မျက်နှာပေါ်ရေနွေးဝတ်တင်ခြင်းဖြင့် ရလာမယ့် အံ့မခမ်းဖွယ်အကျိုးကျေးဇူးများ

မျက်နှာပေါ်ရေနွေးဝတ်တင်ခြင်းဖြင့် ရလာမယ့် အံ့မခမ်းဖွယ်အကျိုးကျေးဇူးများ

ဦးခေါင်း- ချွေးပေါက်များကို ပွင့် စေပြီး သွေးလည်ပတ်မှုကို ပို၍ အားကောင်းစေသည်။ဆံပင်များ သန်စွမ်း၍ ဆံပင်ပေါက်မှုကို အား ပေးသည်။မျက်နှာ- ချွေးပေါက်များကို ပွင့်စေပြီး အသားအရေကို နူးညံ့စေသည်။

အစိုဓာတ်ဖြည့်ဆေးရည်က အသား ထဲကို လွယ်ကူစွာ စိမ့်ဝင်စေသည်။မျက်လုံး- မျက်လုံးတဝိုက်ရှိ ကြွက် သားများကို ပြေလျော့စေသည်။
လည်ပင်း- တောင့်တင်းခြင်း ကိုက် ခဲခြင်း၊ ပုံခုံးကြွက်သားများ ကိုက်ခဲ ခြင်းကို သက်သာစေသည်။

တကိုယ် လုံး သွေးလည်ပတ်မှုကိုပေး၍ ခေါင်း ကိုက်ခြင်းကိုလည်း သက်သာစေ သည်။စိတ်အပန်းဖြေမှုကို ရယူ လိုပါက Aroma oil (သို့) organic oil များ သဘာဝအဆီတို့ကိုပူနွေး သော မျက်နှာသုတ်ပုဝါပေါ်တွင် ဆွတ်ဖျန်းပြီး အပူတင်ပေးပါက စိတ်ကိုလန်းဆန်းစေသည်။

ယင်းနှင့်ပတ်သက်၍ ပြု လုပ်နည်း (၂) နည်းကို ဖော်ပြပေး ပါမည်။

(၁) သစ်နေကျအတိုင်း မျက်နှာသစ် ပါ။

(၂) ရေနွေးစိမ်၊ ရေနွေးညှစ်ထားသော မျက်နှာသုတ်ပုဝါကို မျက်နှာပေါ်တင် ပါ။

(၃) မျက်နှာသုတ်ပုဝါ မအေးမီ မျက်နှာမှခွာပါ။

(၄) ပြီးလျှင် မျက်နှာစိုစွတ်ကျန် နေပါက မျက်နှာသုတ်ပုဝါ အခြောက် နှင့် အသာအယာတို့သုတ်ပြီးမျက်နှာ အသားအရေ နွေးနေစဉ်၌ပင် moisturizer ကို ချက်ချင်လိမ်းပါ

ဒုတိယ တစ်နည်းအတွက် မျက်နှာသုတ်ပုဝါ (၂) ထည်ကို ရေနွေးစိမ်ရမည်။

(၁) ထုံးစံအတိုင်း မျက်နှာအရင် သစ်ပါ

(၂) moisturizer ကို သုံးနေကျထက် ပမာဏမြောက်မြားစွာလိမ်းပါ

(၃) မျက်နှာပေါ် ရေနွေးဝတ်တင်ပါ

(၄) ရေနွေးဝတ် မအေးမီ မျက်နှာ မှဖယ်ပြီး ကနဦးလိမ်းထားသော moisturizer များကို ဒုတိယရေနွေး ဝတ်နှင့် စင်အောင်သုတ်ပါ။

(၅) ပြီးလျှင် မျက်နှာနွေးနေစဉ်၌ပင် ာသငျအကမငဖနမ ထပ်၍လိမ်းရန်ဖြစ် သည်

Credit:thithtoolwin