ဗဟုသုတ

ဖြတ်လမ်းနည်းသုံးပြီး ကြွက်သား တွေ ကို အဆမတန်ကြီးထွားလာ စေခဲ့သူ

ဖြတ်လမ်းနည်းသုံးပြီး ကြွက်သား တွေ ကို အဆမတန်ကြီးထွားလာ စေခဲ့သူ

ကျစ်လစ်တောင့်တင်းနေတဲ့ ခန္ဓာကိုယ်ပုံစံကို လူတိုင်းလိုချင်မှာပါ။ ပိန်ပိန်လိန်လိန် ချိနဲ့နဲ့ဆိုရင် မြင်သူတိုင်း အထင် သေးပြီး နှာခေါင်းရှုံ့ကြတာ မဆန်းပါဘူး။

အသက် ၄၈ နှစ်အရွယ် Valdir Segato ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက်ဖြစ် နေတဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်နေသူပါ။ GYM တွေ ဆော့ လေ့ကျင့်ခန်းတွေလုပ်လည်း ခန္ဓာကိုယ်က သိသိသာသာပြောင်းလဲမလာခဲ့ပါဘူး။ ပိန်မြဲပိန် နေဆဲပါပဲ။ မတတ်နိုင်တဲ့အဆုံး သူဟာ ဖြတ်လမ်းနည်းတစ်ခုကို အသုံးပြုပြီး ဧရာမလူကြီးဖြစ်လာစေခဲ့ပါတယ်။

သူအသုံးပြုခဲ့တဲ့ နည်းလမ်းအချို့ကိုလည်း ပွင့်ပွင့်လင်းလင်း မျှ ဝေခဲ့ပါတယ်။ “ကိုယ့်ကိုယ်ကို စိတ်ပျက်နေတာ ငယ်ငယ် လေးကတည်းကပါ။ နောက်ဆုံးတော့ ကျွန် တော်လိုချင် နေတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ဖြတ်လမ်းနည်းတစ်ခုကို သုံးခဲ့ပါတယ်။ ခန္ဓာကိုယ်ကြီးထွား စေတဲ့ အဆီတွေ၊ အရက်ပြင်း တွေနဲ့ ပေါင်းစပ်ထားတဲ့ အကိုက်အခဲပျောက်ဆေးတို့ကို ကြွက်သား တွေ ထဲ ထိုးသွင်းခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှစပြီး ဒီဆေးဝါးများကို ကြွက်သားအတွင်း ထိုးသွင်းခဲ့သည့်နောက် ကျွန်တော့်ရဲ့ ကြွက်သားတွေဟာ ပုံမှန်ထက် (၂၃) လက်မအထိ ကြီးထွားလာခဲ့ပါပြီ” လို့ ပြောထားပါတယ်။

ဆရာဝန်များက Valdir ရဲ့ လုပ်ရပ်က အသက်အန္တရာယ်ကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။Synthol ကို အလွန်အမင်း အသုံးပြုခြင်းဖြင့် အာရုံကြောများကို ထိခိုက်နိုင်ခြင်း၊ ရောဂါပိုးကူးစက်လွယ်ခြင်း၊ အနာနဲ့ လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် Valdir က သူ့ရဲ့ လုပ်ရပ်ကို ရပ်တန့်ခဲ့ခြင်းမရှိဘဲ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှတစ်ဆင့် ကြွက်သားထုထည်များနဲ့ သူ့ရဲ့ ပုံရိပ်များကို ပုံမှန်ကြွား လေ့ရှိပါတယ်။

သူ့ရဲ့ ကြွက်သားများကို Photoshop ဖြင့် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရသလို၊ “ကျေးဇူးပြုပြီး မင်းရဲ့လုပ်ရပ်တွေကို ရပ်တန်းက ရပ်လိုက်ပါ။ မင်းက အရမ်းကို ရုပ်ဆိုးတာပဲ” ဟုလည်း ဝေဖန်ရေးသားခဲ့ကြပါတယ်။ တစ်ဖက်၌လည်း သူ့ရဲ့ ခန္ဓာကိုယ်အပေါ် ချီးကျူးပြောကြားမှုများရှိနေပြီး Valdir ကမူ သူ့ရဲ့ လုပ်ရပ်ကို ရပ်တန့်သွားရန် အစီအစဉ်မရှိဘူးလို့လည်း ဆိုပါတယ်။

By-Jay ( Media 21 )
Credit to original