ဗဟုသုတ အလှအပ

ကိုရီးယားမလေးတွေ ပြောတဲ့ မျက်နှာကို သေးသွယ်သွားစေဖို့ အလွယ်နည်းလမ်း (၅) ခု

သင့်ရဲ့မျက်နှာကို သွယ်သွယ်လေးဖြစ်စေဖို့ ခွဲစိတ်ပြုပြင်ဖို့ မလိုပါဘူးနော်။ အလှအပ အဆင်တန်ဆာတွေနဲ့ပဲ

မျက်နှာသွယ်သွယ်လေး ဖန်တီးယူလို့ရပါတယ်။ ကိုရီးယားမလေးတွေ အကြံပေးထားတဲ့ မျက်နှာကို ပါးလျတဲ့ပုံပေါ်စေဖို့ အသုံးပြုနိုင်တဲ့ accessories လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ နားဆွဲထူထူလေးတွေ=မီးဆိုင်းတွေလို နားဆွဲတွေဟာ သင့်မျက်နှာကို ကြီးလား သေးလားဆိုတာ ဝေခွဲရခက်ခဲစေပါတယ်။ ဒီနားဆွဲထူထူတွေက မေးရိုးကို သွယ်လျတဲ့အသွင်အပြင်ကို ပေးပြီး သင့်ကို ဆွဲဆောင်မှုရှိစေပါတယ်။

၂။ နားဆွဲအရှည်တွေ=အရမ်းရှည်လျားတဲ့ နားဆွဲတွေက မျက်နှာဝိုင်းဝိုင်းကို ရှည်ပြီးသွယ်လျတဲ့ပုံပေါက်စေပါတယ်။ ဒီနားဆွဲရှည်တွေက ပါးရိုးထွက်ပြီး မေးရိုးတိုတဲ့မျက်နှာတွေကို

ပါးလျသွားအောင်ကူညီပေးပါလိမ့်မယ်။ ယောကျာ်းလေး K-Pop တွေက သူတို့ရဲ့ မေးရိုးလိုင်းကို သွယ်စေဖို့ ဒီနားဆွဲရှည်ရှည်လေးတွေကို ဝတ်ဆင်ခြင်း ဖြစ်ပါတယ်။

၃။ ဆံပင် ဆက်စပ်ပစ္စည်း=ထူးထူးခြားခြား ဘီးကုတ်လေးတွေ ဇာဘီးကုတ်လေးတွေက ကလေးဆန်ပြီး ချစ်စရာကောင်းပါတယ်။ ဘီးကုတ်က သင့်မျက်နှာကို ပိုကြီးတယ်လို့ မထင်ရစေပဲ ငယ်ရွယ်ပြီး လန်းဆန်းတဲ့ပုံပေါက်စေမှာပါ။

၄။ နေကာမျက်မှန်=Over-sized နေကာမျက်မှန်တွေက နွေရာသီမှာ အသုံးဝင်ပါတယ်။ သင့်မျက်နှာကို ပိုပြီးသေးသွယ်သယောင်ပြုလုပ်ဖို့ ဒီလိုမျက်မှန်တွေကို သုံးနိုင်ပါတယ်။ Cat-eye နှင့် နေကာမျက်မှန်အဝိုင်းတွေကို

ကိုရီးယားဆယ်လီတွေ ရွေးချယ်ကြပါတယ်။ ဒီပုံစံတွေက ဝတ်ဆင်သူအတွက် ပါးလျတဲ့ အကျိုးသက်ရောက်မှု ပေးလို့ပါ။မျက်နှာဝိုင်းတဲ့ သူတွေသည်အများအားဖြင့် ခပ်စောင်းစောင်းဘောင်တွေကိုသာ ရွေးချယ်သင့်ပြီး sharp angled မေးရိုးရှိသူတွေသည်

နေကာမျက်မှန်အဝိုင်းကို ရွေးချယ်သင့်ပါတယ်။ ဒါ မျက်နှာပုံစံကို ပါးလျတဲ့ပုံစံပေါက်စေဖို့ မျက်စိကိုလှည့်စားလိုက်တာ ဖြစ်ပါတယ်။

၅။ ဦးထုပ်အဝိုင်း=ဒီဦးထုပ်ဒီဇိုင်းတွေသည် ၉ဝခုနှစ်လောက်တုန်းက အရမ်းကို ခေတ်စားခဲ့ပါတယ်။ ဦးထုပ်ရဲ့ကျယ်ပြန့်တဲ့အနားတွေက သင့်မျက်နှာကို ပိုသေးသယောင်ဖြစ်စေပါတယ်။ မျက်နှာရှည်တဲ့သူတွေသည် အနားသေးတဲ့ဦးထုပ်လေးတွေ ဝတ်ဆင်သင့်ပါတယ်။credit

Zawgyi

သင့္ရဲ႕မ်က္ႏွာကို သြယ္သြယ္ေလးျဖစ္ေစဖို႔ ခြဲစိတ္ျပဳျပင္ဖို႔ မလိုပါဘူးေနာ္။ အလွအပ အဆင္တန္ဆာေတြနဲ႕ပဲ

မ်က္ႏွာသြယ္သြယ္ေလး ဖန္တီးယူလို႔ရပါတယ္။ ကိုရီးယားမေလးေတြ အႀကံေပးထားတဲ့ မ်က္ႏွာကို ပါးလ်တဲ့ပုံေပၚေစဖို႔ အသုံးျပဳနိုင္တဲ့ accessories ေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။

၁။ နားဆြဲထူထူေလးေတြ=မီးဆိုင္းေတြလို နားဆြဲေတြဟာ သင့္မ်က္ႏွာကို ႀကီးလား ေသးလားဆိုတာ ေဝခြဲရခက္ခဲေစပါတယ္။ ဒီနားဆြဲထူထူေတြက ေမးရိုးကို သြယ္လ်တဲ့အသြင္အျပင္ကို ေပးၿပီး သင့္ကို ဆြဲေဆာင္မႈရွိေစပါတယ္။

၂။ နားဆြဲအရွည္ေတြ=အရမ္းရွည္လ်ားတဲ့ နားဆြဲေတြက မ်က္ႏွာဝိုင္းဝိုင္းကို ရွည္ၿပီးသြယ္လ်တဲ့ပုံေပါက္ေစပါတယ္။ ဒီနားဆြဲရွည္ေတြက ပါးရိုးထြက္ၿပီး ေမးရိုးတိုတဲ့မ်က္ႏွာေတြကို

ပါးလ်သြားေအာင္ကူညီေပးပါလိမ့္မယ္။ ေယာက်ာ္းေလး K-Pop ေတြက သူတို႔ရဲ႕ ေမးရိုးလိုင္းကို သြယ္ေစဖို႔ ဒီနားဆြဲရွည္ရွည္ေလးေတြကို ဝတ္ဆင္ျခင္း ျဖစ္ပါတယ္။

၃။ ဆံပင္ ဆက္စပ္ပစၥည္း=ထူးထူးျခားျခား ဘီးကုတ္ေလးေတြ ဇာဘီးကုတ္ေလးေတြက ကေလးဆန္ၿပီး ခ်စ္စရာေကာင္းပါတယ္။ ဘီးကုတ္က သင့္မ်က္ႏွာကို ပိုႀကီးတယ္လို႔ မထင္ရေစပဲ ငယ္႐ြယ္ၿပီး လန္းဆန္းတဲ့ပုံေပါက္ေစမွာပါ။

၄။ ေနကာမ်က္မွန္=Over-sized ေနကာမ်က္မွန္ေတြက ေႏြရာသီမွာ အသုံးဝင္ပါတယ္။ သင့္မ်က္ႏွာကို ပိုၿပီးေသးသြယ္သေယာင္ျပဳလုပ္ဖို႔ ဒီလိုမ်က္မွန္ေတြကို သုံးနိုင္ပါတယ္။ Cat-eye ႏွင့္ ေနကာမ်က္မွန္အဝိုင္းေတြကို

ကိုရီးယားဆယ္လီေတြ ေ႐ြးခ်ယ္ၾကပါတယ္။ ဒီပုံစံေတြက ဝတ္ဆင္သူအတြက္ ပါးလ်တဲ့ အက်ိဳးသက္ေရာက္မႈ ေပးလို႔ပါ။မ်က္ႏွာဝိုင္းတဲ့ သူေတြသည္အမ်ားအားျဖင့္ ခပ္ေစာင္းေစာင္းေဘာင္ေတြကိုသာ ေ႐ြးခ်ယ္သင့္ၿပီး sharp angled ေမးရိုးရွိသူေတြသည္

ေနကာမ်က္မွန္အဝိုင္းကို ေ႐ြးခ်ယ္သင့္ပါတယ္။ ဒါ မ်က္ႏွာပုံစံကို ပါးလ်တဲ့ပုံစံေပါက္ေစဖို႔ မ်က္စိကိုလွည့္စားလိုက္တာ ျဖစ္ပါတယ္။

၅။ ဦးထုပ္အဝိုင္း=ဒီဦးထုပ္ဒီဇိုင္းေတြသည္ ၉ဝခုႏွစ္ေလာက္တုန္းက အရမ္းကို ေခတ္စားခဲ့ပါတယ္။ ဦးထုပ္ရဲ႕က်ယ္ျပန႔္တဲ့အနားေတြက သင့္မ်က္ႏွာကို ပိုေသးသေယာင္ျဖစ္ေစပါတယ္။ မ်က္ႏွာရွည္တဲ့သူေတြသည္ အနားေသးတဲ့ဦးထုပ္ေလးေတြ ဝတ္ဆင္သင့္ပါတယ္။credit