ဗဟုသုတ အလှအပ

ပေါင်ခြံမည်းလို့ ဖြူ ဖွေးချင်သူများအတွက် လွယ်ကူးသောနည်း

လူအများစုဟာ မိမိတို့ရဲ့ ပေါင်အတွင်းသား(ပေါင်ခြံ) အစိတ်အပိုင်းကို လျစ်လျူ ရှုလေ့ရှိကြပြီး ဂရုစိုက်ရကောင်းမှန်း မသိကြပါဘူး။သတိထားမိသောအချိန်ကျမှ မည်းနေမှန်း သိကြပါတော့တယ်။ စိတ်မပူပါနဲ့-ဒီလိုပေါင်ခြံမည်းတဲ့ပြသနာ ကို ဖြေရှင်းပေးနိုင်မယ့် ငွေကုန်ကြေးကျ မများစေတဲ့ အိမ်တွင်းနည်းလမ်းကောင်းများစွာ ရှိပါတယ်

၁။သခြါးသီး=သခွါးသီးမှာ ပေါင်ခြံဖြူအောင်လုပ်ပေးနိုင်မယ့် သဘာဝအစွမ်းသတ္တိတွေ ရှိပါတယ်။ သခွါးသီးမှာပါဝင်တဲ့ ဓါတ်တွေဟာ အရေပြားဆဲလ်တွေကို ပြုပြင်ထိန်းသိမ်းပေးပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။သခွားသီးအခြမ်း

(သို့) အရည်ကို ပေါင်ခြံသို့ ဆယ်မိနစ်ခန့် ပွတ်ပေးပါ ။ ပြီးလျှင် ၅မိနစ်ခန့်ကြာအောင် ထားပြီး ရေဖြင့်ဆေးကြောပါ။ ဤနည်းအတိုင်း တစ်နေ့ တစ်ကြိမ်မှ နှစ်ကြိမ်အထိ ပြုလုပ်ပေးနိုင်ပါသည်

၂။ရှားစောင်းလက်ပက်=Antioxident ကြွယ်ဝတဲ့ ရှားစောင်းလက်ပက်က အရေပြားအတွက် အကောင်းဆုံးဆိုတာ မမေ့နဲ့ဦးလေ။ ရှားစောင်းလက်ပက်အတွင်းမှ ဂျယ်လ်ပုံစံ အနှစ်လေးတွေကို မည်းနေသော ပေါင်ခြံအရေပြားပေါ်သို့ စိမ့်ဝင်အောင်

သေချာလိမ်းပြီး မိနစ် ၂၀ခန့် နှိပ်နယ်ပေးရမှာပါ ။ပြီးနောက် ရေနွေးနွေးဖြင့် ဆေးကြောပါ။ တစ်နေ့ တစ်ကြိမ် ပုံမှန်လုပ်ပေးရမှာ ဖြစ်ပါတယ် ။ ထိရောက်မှုမြန်ချင်သူများကတော့ နှစ်ကြိမ်ပြုလုပ်ပေးပါ

၃။သံပုယိုသီး=အက်ဆစ်ဓါတ်ပါဝင်တဲ့ သံပုယိုသီးက မည်းညစ်တဲ့ အသားအရေအတွက် အကောင်းဆုံးပါပဲ ။ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်ပြီး ဆဲလ်သစ်များကြီးထွားမှုကို အားပေးကာ အသားဖြူချင်သူများအတွက် သင့်လျော် သော အသီးဖြစ်ပါတယ်။ သံပုယိုအရည်ကို

ပေါင်ခြံအတွင်းပိုင်းသို့ ဂွမ်းစဖြင့် သေချာနှံ့စပ်စွာ ပွတ်လိမ်းပေးပါ။ ပြီးနောက် မိနစ် ၂၀ခန့်ထားပြီး ရေအေးလေးဖြင့် ဆေးချပါ။ ထိုအတိုင်း တစ်ပါတ်ကို နှစ်ကြိမ်-သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။ ထိခိုက်လွယ်သော အသားအရေပိုင်ရှင်များအနေဖြင့် သံပုယိုရည်ကိုရေအနည်းငယ်ရော၍ လိမ်းပေးပါ

၄။ဒိန်ချဉ်=ဒိန်ချဉ်က အသားအရေအတွက် ကောင်းကျိုးများစွာရှိပြီး ကျန်းမာရေးအတွက်လည်း စားသင့်တဲ့ အစားအစာတစ်မျိုးပါပဲ ။ မိန်းကလေးများအတွက် ပိုသင့်လျော်၍ ်ပုံမှန်စားပေးခြင်းဖြင့် အသားအရေလှပြီး ကျန်းမာစေမှာပါ။ အရောအနှောမပါဝင်သော

ရိုးရိုးဒိန်ချဉ်ကို မည်းနေသောအရေပြားပေါ်၌ ပွတ်လိမ်းပေးပါ။ ၁၀မိနစ်၊ ၁၅ မိနစ်ခန့်ထားပြီးနောက် ကြက် သီးနွေးရေလေးဖြင့် ဆေးကြောပါ။ တစ်နေ့တစ်ကြိမ် ပုံမှန်လိမ်းပေးခြင်းဖြင့် ကောင်းမွန်သော ရလဒ်ကို တွေ့ရှိရမှာပါ

၅။ အုန်းဆီ=အုန်းဆီဟာ အသားအရေကို ဖြူ စေပြီး အစိုဓါတ်ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။ အုန်းဆီ စားပွဲတင်ဇွန်း ၃ဇွန်း နှင့် သံပုယိုအရည် တစ်ဇွန်းတို့ကို ရောနှောပြီး ပေါင်ခြံပေါ်သို့ လိမ်းပြီး ၁၅မိနစ်ခန့် နှိပ်နယ်ပေးပါ။ ၅ မိနစ်ခန့်ထားပြီးနောက်

ရေနွေးနွေးလေးဖြင့် ဆေးကြောပေးပါ။ နေ့စဉ်ပုံမှန်ပြုလုပ်ပေးပါ။ အခုဖော်ပြခဲ့သော နည်းလမ်းကောင်းလေးတွေကို ဇွဲရှိရှိနဲ့ ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ဖြူဝင်းတဲ့ ပေါင်အတွင်းသားကို ပြန်လည်ပိုင်ဆိုင်စေမှာပါနော်Credit