ဗဟုသုတ အလှအပ

မော်ဒယ်လ်လေးတွေလို ခြေသလုံးသွယ်လျလှပစေတဲ့ နည်းလမ်းကောင်းများ

လူတွေရဲ့ တယောက်နဲ့ တယောက် ခန္ဓာကိုယ်အစိတ်အပိုင်းဖွဲ့စည်းပုံက မတူညီနိုင်ပါ။ ထိုသို့မတူညီခြင်းကြောင့် ကိုယ်ခန္ဓာအချိုးအစား မမှန်လို့စိတ်ညစ်တာ  ခြေသလုံးတုတ်နေတာ  အဝလွန်နေတာ ပိန်လွန်းတာ စတဲ့အချက်များကြောင့် ကိုယ်ကိုယုံကြည်မှု

လျော့နည်းခြင်းနဲ့ အမျိုးသမီးအများစုက ကြုံတွေ့ရပါတယ်။ မျက်နှာဆံပင်က လှပပြီး ခြေသလုံးတုတ်နေခြင်းကြောင့် အဝတ်အစား ဝတ်ဆင်ရာတွင် ရွေးချယ်ရခက်တာ

လူအများကြားတွင် မိမိကိုယ်ကို ယုံကြည့်မှုလျော့နည်းတာများ ခံစားရနိုင်ပါတယ်။ ခြေသလုံးသေးသွယ်ပြီး လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တဲ့ သူများအတွက် ခြေသလုံးသွယ် နည်းလမ်းများကို ဖော်လိုက်ပါတယ်။

ဖားခုန်လေ့ကျင့်ခန်း

ဖားခုန်နည်းဆိုရင် လူတိုင်းနီးပါး ရင်းနီးတဲ့အပြင် ဒီလေ့ကျင့်ခန်းက ခြေသလုံး ၊ပေါင် အဆီများကို လျှင်မြန်စွာ လျော့ချနိုင်ပါတယ်။ သန်မာထိုင်ထ လုပ်နည်းမျိုးမဟုတ်ဘဲ ခြေထောက်နှစ်ဖက်ကို တစ်ပေလောက်

အကွာထားပါပြီးနောက် လက်ကို အောက်ဘက်သို့ဆန့်ပြီး ခါးကိုကုန်းထားကာ အပေါ်ကို အားဖြင့်ခုန်လိုက် အောက်ကိုပြန်ထိုင်ချလိုက် စတဲ့ပုံစံကို ဖားခုန်လေ့ကျင့်ခန်းပြုလုပ်ခြင်းလို့ ခေါ်ပါတယ်။

ခြေသလုံးကို နှိပ်နယ်ခြင်း

လေ့ကျင့်ခန်ပြုလုပ်ပြီးတိုင်း ခြေသလုံးကြွက်သားများကို အကြော့လျှော့ နှိပ်နယ်ပေးခြင်းက တင်းမာနေတဲ့ ကြွက်သား

များကို ပျော့ပျောင်းအောင်ပြုလုပ်နိုင်တဲ့အပြင် ခြေသလုံးတုတ်ခြင်းမှ လျော့ချနိုင်ပါတယ်။

ကိုယ်ဟန်အနေအထား ပြောင်းလဲနေထိုင်ခြင်း

တောင်တတ်ခြင်း လှေကားများများတတ်ခြင်း -မတ်တပ်အကြာကြီးရပ်ခြင်း စတဲ့ အလေ့အကျင့်တွေက ခြေသလုံး

ကြွက်သားတွေကို ကြီးထွားစေသလို ဒေါက်မြင့်ဖိနပ်ကို အချိန်ကြာမြင့်စွာ စီးထားခြင်းကလည်း ခြေသလုံးကြွက်သားများကို ပိုသုံးရခြင်းကြောင့် ခြေသလုံးတုတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။

တြိဂံပုံစံ ကန်နည်း

ခြေတောက်ကို တြိဂံပုံစံ ကားပြီး ကွေးလိုက် ဖြောင့်လိုက်ပြုလုပ်ပေးခြင်းဖြင့် ပေါင်အတွင်းသား  ပေါင်အနောက်တစ်လျှောက် ခြေသလုံးသားများကို ကျစ်လျစ်စေပြီး ဒူးရိုးများကိုသန်မာစေတဲ့အပြင် ခြေသလုံးတုတ်ခြင်း မှလျော့ချနိုင်ပါတယ်။

အလေးအပင် မခြင်းကို ရှောင်ကြဉ်ပါ

ပြင်းထန်သောလေ့ကျင့်ခန်းကိုပြုလုပ်ပေးခြင်းက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေတာ ဆိုပေမဲ့ ဝိတ်တုံးများများ မခြင်းလေ့ကျင့်ခန်းက ခြေသလုံးကို ပိုပြီးတုတ်စေတဲ့အတွက်

ဝိတ်အလေးချိန်များများ မ ခြင်းထက် အကြိမ်အရေအတွက်ကို ပိုပြီးဦးစားပေးလုပ်ပေးသင့်ပါတယ်။ နည်းလမ်းမမှန်ရင်တော့ ခြေသလုံးကို တုတ်စေတဲ့အတွက် ဒီနည်းလမ်းကို မလုပ်ဘဲနဲ့လည်းနေနိုင်ပါတယ်။credit