ဗဟုသုတ

ကားတစ်စီးကို ကျွမ်းကျင်စွာမောင်းနှင်တတ်ဖို့အတွက် မသိမဖြစ် သိထားရမယ့် အခြေခံအကြောင်းအအချက် ၄ မျိူး

ကားမောင်းတဲ့လူတိုင်း အဆင့်နှစ်ဆင့်ကို ဖြတ်သန်းရပါတယ်။ ပထမတစ်ဆင့်ကတော့ ကားမောင်းသင်ရမယ်၊ ဒုတိယကတော့ ကားမောင်းလိုင်စင် ဖြေရပါမယ်။အောင်ရင် လိုင်စင်ရပြီး ကားမောင်းတတ်ပြီလို့ မထင်လိုက်ပါနဲ့ဦး ကားမောင်းလိုင်စင်ရတိုင်း ကားမောင်းတတ်တယ်လို့ထင်ရင် အမှားကြီးမှားသွားနိုင်ပါတယ်။

လိုင်စင်ကိုင်ထားပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း မသိသူတွေ ဒုနဲ့ဒေး ပါ။ဒါကြောင့် ကားတစ်စီးကို ကျွမ်းကျင်စွာမောင်းနှင်တတ်ဖို့အတွက် မသိမဖြစ် သိထားရမယ့် အခြေခံအကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁ လက်ကိုင်ဂွေကို မှားယွင်းစွာ ကိုင်ဆောင်ခြင်း မြို့တွင်းမှာ မောင်းမယ်ဆိုရင်တော့ ၃ နာရီနဲ့ ၉ နာရီ အနေအထားတွေကို ကိုင်ရမှာဖြစ်ပြီး၊ အမြန်လမ်းမှာဆိုရင်တော့ ၄ နာရီနဲ့ ၈ နာရီ အနေအထားတွေကိုင်ပြီး မောင်းနှင်ရင်လူသက်သာပါတယ် ၂ နာရီနဲ့ ၁၀ နာရီ အနေအထားတွေကတော့ လေအိတ်မပါတဲ့ကားဟောင်းတွေ၊ လက်ကိုင်ဂွေကြီးမားတဲ့ကားတွေနဲ့ ပါဝါစတီယာရင်စနစ်မပါဝင်တဲ့ ကားတွေအတွက်ပါ။ လက်ကိုင်ဂွေကို လက်ဖဝါးနဲ့တွန်းထားတာမျိုးတွေဟာ လက်ချော်တတ်တာကြောင့် လက်နှစ်ဖက်နဲ့ခိုင်မြဲစွာဆုပ်ကိုင်ပြီး မောင်းပါ

၂ လက်ကိုင်ဂွေ နှင့် နီးကပ်စွာထိုင်ခြင်း လူအများစု အမှုမဲ့ အမှတ်မဲ့ ဖြစ်တတ်ကြတဲ့ အကြောင်းအရာလေးတစ်ခုကတော့ လေအိတ်ပါပဲ

ယာဉ်မတော်တဆမှုဖြစ်လို့ လေအိတ်ပွင့်လာခဲ့ရင် လက်ကိုင်ဂွေနဲ့နီးကပ်စွာ ရှိနေခဲ့ပါက နံရိုးကျိုးတာတွေ၊ မီးလောင်သလို အပူလောင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် လက်ကိုင်ဂွေနဲ့ အနည်းဆုံး တစ်ပေခွဲလောက် အကွာအဝေးရှိနေရပါမယ်။

၃ တာယာလေပေါင် ပုံမှန်မစစ်ဆေးခြင်း ယာဉ်မောင်းသမား အများစုဟာ လေချိန်ဖို့ အ နည်းငယ်ပျင်းတတ်ကြလေ့ရှိပါတယ်။ အခြားနိုင်ငံတွေမှာလည်း ဆီဆိုင်တွေမှာ လေချိန်လို့ရတာတောင် ချိန်ဖို့ပျင်းနေတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ လမ်းမကြုံရင် သို့ကားမောင်းနေရင်း ဆိုင်တွေ့မှ ဝင်ချိန်တတ်ကြပါတယ်။ တာယာဟာ သင့်ကားရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အတွက် ပုံမှန်လေချိန်တာမျိုးတွေပြုလုပ်ပေးသင့်ပြီး ခရီးဝေးသွားမယ့်အခါမျိုးတွေမှာ နိုက်ထရိုဂျင်လေထိုးသွားကြဖို့ အကြံပေးလိုက်ပါရစေ

၄ ဘေးမှန်များ အချိန်အဆလွဲနေခြင်း လမ်းပြောင်းခါနီးနဲ့ ဘက်ဆုတ်တဲ့ အချိန်တွေမှာ ဘေးမှန်က အချိန်အဆလွဲနေရင် မျက်လုံးကန်းနေတဲ့လူ ကားမောင်းနေသလိုပါပဲ။ အခန့်မသင့်ရင် နောက်ဆုတ်တုန်း လူတိုက်မိတာတို့ လမ်းပြောင်းတုန်း သူများကား သွားပွတ်မိတာ တို့ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေးမှန်နှစ်ဖက်လုံးကို နောက်ကော ဘေးကော နှစ်ဘက်လုံး ထင်မြင်အောင် သေချာချိန်ထားပါ

Credit