ဗဟုသုတ အလှအပ

ပင်ပင်ပန်းပန်းမလုပ်ပဲ ဝိတ်ကျချင်သူများအတွက် နေ့စဉ်လိုက်နာသင့်တဲ့ စည်းမျဉ်းများ

လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။ ဝလာတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဗိုက်ခေါက်ထူလာခြင်းဟာ ခန္ဓာကိုယ်အနေအထား မလှပစေရုံသာမက နှလုံးရောဂါ၊ ဆီးချိုရောဂါ- လေဖြတ်ခြင်းစတဲ့

ကျန်းမာရေးဆိုးကျိုးများနဲ့လဲ ဆက်စပ်နေပါတယ်။ ဒီလိုရောဂါမျိုးစုံဝင်လာစေနိုင်တဲ့ ဝမ်းဗိုက်အဆီတွေကို ချေဖျက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်မျိုးကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်

အချိန်မပေးနိုင်သူတွေအတွက်ကတော့လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ အခက်အခဲရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်စရာမလိုဘဲ ဝမ်းဗိုက်အဆီလျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို သတင်းကောင်းပါးလိုက်ပါရစေ

၁ ကယ်လိုရီလွန်ကဲစာလျှော့ချပါ=ကယ်လိုရီအများအပြားပါဝင်တဲ့ ဆီကြော်စာ ပြုပြင်ထုပ်ပိုးထားသော အစားအစာများ စားသုံးမှုကို လျှော့ချသင့်တဲ့အပြင် ဆိုဒါသောက်သုံးမှုကိုလည်း လျှော့ချဖို့လိုအပ်ပါတယ်။ ယင်းအစားအသောက်တွေအစား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို စားသုံးပါ။ အိပ်ရာဝင်ချိန်နီးမှ အစာစားခြင်းကိုရှောင်ကြဉ်သင့်ပါတယ်

၂ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) လျှော့ချပါ=အာလူးချောင်းကြော်ဆန်ဖြူချိုတဲ့ကွေကာ အဖြူရောင်ပေါင်မုန့်စတဲ့ ကာဗိုဟိုက်ဒရိတ် စားသုံးမှုလျှော့ချသင့်ပြီး အသားဓာတ်များများစားသုံးသင့်ပါတယ်။ စားအုန်းဆီကိုရှောင်ကြဉ်သင့် ပြီးပဲပိစပ်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ သံလွင်ဆီကိုသာရွေးချယ်သင့်ပါတယ်

၃ စိတ်ဖိစီးမှုလျှော့ချပါ=စိတ်ဖိစီးမှုများခြင်းဟာ အဆီတည်ဆောက်မှုကို အားပေးသောကော်တီဇုန်းအဆင့်ကို မြင့်တက်စေပြီး ဝမ်းဗိုက်အဆီကိုစုပုံလာစေပါတယ်။ ဒါကြောင့် တရားထိုင်ခြင်းသီချင်းနားထောင်ခြင်း ဝါသနာပါရာလုပ်ငန်းတစ်ခုတွင် အာရုံစူးစိုက်ကာလုပ်ဆောင်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုလျှော့ချသင့်ပါတယ်

၄ အိပ်ရေး၀၀အိပ်ပါ=အိပ်စက်ချိန်နည်းလွန်းခြင်းဟာ လေးလံထိုင်းမှိုင်းစေတဲ့အပြင် အစားအစာကိုလိုအပ်တာထက် ပိုမိုစားသုံးမိစေနိုင်ပါတယ်။ တစ်ညမှာ 7 8 နာရီ အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန်ထိန်းရာမှာ များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ညဘက်မှာ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အသုံးပြုချိန်ကိုလျှော့ချပြီး စိတ်နဲ့ခန္ဓာကိုပြည့်ဝစွာ အနားပေးသင့်ပါတယ်

၅ ရေဓာတ်ဖြည့်ပါ=ရေဓာတ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တာကြောင့် ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဗိုက်ခေါက်ရှိအဆီပြင်တွေ ဖယ်ရှားနိုင်ဖို့အတွက် ခန္ဓာကိုယ်မှာရေဓာတ်လုံလောက်နေမှဖြစ်မှာပါ

အကောင်းဆုံးရရှိနိုင်တဲ့ ရေဓာတ်အရင်းအမြစ်ကတော့ သဘာဝသောက်ရေသန့်နှင့် လက်ဖက်စိမ်း လက်ဖက်ရည်ဖြစ်ပါတယ်။ အစာမစားမီရေသောက်ပေးပါ။ ဒါမှသာ အစားအလွန်အကျူးစားမိခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်

ဗိုက်အဆီများအလွယ်တကူကျသွားစေနိုင်ဖို့ လက်ဖက်စိမ်းလက်ဖက်ရည် နေ့စဉ်သောက်ပေးသင့်ပါတယ်။ထို့ပြင် သစ်သီးဖျော်ရည်များသောက်ခြင်းဖြင့် ရေဓာတ်ဖြတ်တင်းနိုင်တဲ့အပြင် ဖရဲသီး မက်မွန်သီး လိမ္မော်သီးစတဲ့ အသီးအနှံများစားသုံးခြင်းဖြင့်လည်း ရေဓာတ်လုံလောက်စွာရရှိနိုင်ပါတယ်

၆ အာဟာရမပြည့်ဝသောအစာကို ရှောင်ကြဉ်ပါလေ့ကျင့်ခန်းမလုပ်ဘဲ ဗိုက်အဆီလျှော့ချဖို့ဆိုတာ မိမိကိုယ်တိုင် ကယ်လိုရီများများ လောင်ကျွမ်းအောင် ပြုလုပ်နိုင်မှသာလျှင် ထိရောက်မှုရှိမှာပါ။ တစ်လတာအတွက် ဝမ်းဗိုက်အဆီတစ်ပေါင်ကျစေရန်မှာ တစ်နေ့တွင်ကယ်လိုရီ 500 လျော့ကျဖို့လိုပါတယ်

အာဟာရမပြည့်ဝသောအစားအစာတွေနဲ့ အဆီများသောအစားအစာ စားသုံးမှုလျှော့ချကာ အမျှင်ဓာတ်ကြွယ်ဝသောအစာများကိုသာ ရွေးချယ်စားသုံးပါ။ ခန္ဓာကိုယ်၏ နေ့စဉ်လိုအပ်သော အာဟာရဓာတ်များပြည့်ဝအောင် စားသုံးဖို့လိုပါတယ်

၇ ပြုပြင်ထုတ်လုပ်ထားတဲ့ တာရှည်ခံအစားအစာများကိုရှောင်ကြဉ်ပါ=အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာတွေဟာ ဓာတုပစ္စည်းများနဲ့ တာရှည်ခံအောင် ပြုလုပ်ထားတာကြောင့် အာဟာရမပြည့်ဝစေတဲ့အပြင် ကျန်းမာရေးဘေးဥပါဒ်ကိုသာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ချက်ပြုတ်တဲ့ အစားအစာနဲ့ အော်ဂဲနစ်အစားအစာများကိုသာ ရွေးချယ်စားသုံးပါ

၈ ညီညွတ်မျှတစွာစားသုံးပါ=အစာစားသုံးမှုမညီမျှခြင်းအထိုင်များခြင်းတို့ဟာ ကိုယ်အလေးချိန်တက်လာစေဖို့အတွက် အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုလုံလောက်စွာ မလုပ်နိုင်ပါက အစားအသောက်ညီညွတ်မျှတစွာ

စားဖို့ လိုအပ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသောအစားအစာ သစ်သီးဝလံဟင်းသီးဟင်းရွက် ကောက်နှံမှပြုလုပ်သောအစားအစာများ အညိုရောင်ပေါင်မုန့်ဆန်လုံးညို အခွံချွတ်မထားတဲ့ကောက်နှံနဲ့လုပ်တဲ့ ကွေကာ စတဲ့ အစားအစာတွေက ဝမ်းဗိုက်အဆီကျစေဖို့ များစွာအထောက်အကူပြုပေးနိုင်ပါတယ်

၉ စားသုံးမှုပုံစံပြောင်းလဲပါ=တစ်ကြိမ်တည်းတွင် အစာများစွာစားသုံးခြင်းထက် နည်းနည်းချင်းစီမကြာခဏစားသုံးပေးခြင်းက အစာခြေဖျက်မှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး မလိုအပ်တဲ့အဆီများစုပုံလာမှုကိုလည်း တားဆီးပေးပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကောင်းမွန်စေရန်- သွေးတွင်းသကြားဓာတ်ညီမျှစေရန်အတွက် ဟင်းသီးဟင်းရွက်ပါဝင်အောင် စားသုံးပေးသင့်ပါတယ်

၁၀ အငန်စားသုံးမှုလျော့ချပါ=ဆိုဒီယမ်စားသုံးမှုများခြင်းကြောင့် ခန္ဓာကိုယ်မှရေဓာတ်လွန်စွာလိုအပ်လာပါတယ်။ ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်များဟာအဆိပ်အတောက်စွန့်ထုတ်ရမည့်ဖြစ်စဉ်တွင် လုပ်ဆောင်ခြင်းမပြုတော့ဘဲ ရေတွေဟာခန္ဓာကိုယ်ထဲမှာသာ တည်မြဲနေတတ်ပါတယ်။ ဒါကြောင့် ဗိုက်အဆီဖြစ်ခြင်းမှ ကင်းဝေးစေဖို့က အငန်စားသုံးမှုလျော့ချသင့်ပါတယ်

၁၁ ဆေးလိပ် အရက်ရှောင်ပါ=ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းဓာတ်ဟာ ကိုယ်အလေးချိန်တက်စေနိုင်သလို အရက်သောက်ခြင်းကြောင့်လည်း ကိုယ်အလေးချိန်တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ဘီယာဗိုက်ကဲ့သို့ ဗိုက်ရွှဲခြင်းမှ ကင်းဝေးစေဖို့ ဆေးလိပ်၊ အရက်ရှောင်ကြဉ်သင့်ပါတယ်

၁၂ အသေးစား ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်ပါ=အားကစားရုံသွားခြင်းပြေးခြင်းစတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ သီးသန့်မလုပ်နိုင်လျင်လည်း အသေးစားလှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေနိုင်ပါတယ်။ ကလေးငယ်များ

အိမ်မွေးတိရိစ္ဆာန်လေးများနဲ့ ဆော့ကစားခြင်း အတက်အဆင်းတွင် လှေကားအသုံးပြုခြင်း ဈေးဝယ်ထွက်ခြင်း စတဲ့လှုပ်ရှားမှုအနည်းငယ် လုပ်ဆောင်ပေးခြင်းဖြင့် ဘက်စုံကျန်းမာရေးအတွက် ကောင်းစေနိုင်တဲ့အပြင် ဗိုက်အဆီများကိုလည်း လျင်မြန်စွာလျော့ကျသွားစေနိုင်ပါတယ်။credit