မှဲ့နဲ့ပတ်သက်ပြီးသီအိုရီတွေမြောက်များစွာရှိပါတယ်။မှဲ့ဟာကံဆိုးခြင်းတွေကိုပဲယူဆောင်လာပေးတယ်လို့ အယူရှိကြသလို ကံကောင်းခြင်းတွေကို သယ်ဆောင်လာပေးတယ်လို့လည်း အယူရှိကြပါတယ်။ဒါပေမယ့် မှဲ့တစ်ခုချင်းစီရဲ့နောက်မှာ ကျွန်မတို့ဘဝနဲ့ပတ်သက်ပြီး ပုန်းကွယ်နေတဲ့အကြောင်းအရာတစ်ခုစီရှိရမယ်လို့ လက်ခံထားကြဆဲပါ။ဒီတစ်ခါမှာတော့ ရှေးလေ့လာဖော်ထုတ်ချက်များအရ အောက်ပါဧရိယာတစ်ဝိုက်မှာရှိတဲ့မှဲ့တွေနဲ့ပတ်သက်ပြီး ချမ်းသာကြွယ်ဝမှုလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်
1 နှုတ်ခမ်းအပေါ်မှာမှဲ့ပါတဲ့သူတွေဟာ အထူးကံကောင်းကြသူတွေပါ။အရွယ်မတိုင်ခင်ကတည်းက ငွေကြေး၊အောင်မြင်မှုတွေနဲ့ ထိတွေ့နေရပါပြီ။သူတို့ဟာ သဘာဝအားဖြင့် တဇွတ်ထိုးဆန်တတ်ပေမယ့် အဲဒီအကျင့်လေးကပဲ အောင်မြင်မှုလမ်းကြောင်းကို အမြန်ဆုံးတွန်းတင်ပေးလိုက်သယောင်ပါ
2 နှာခေါင်းပေါ်သို့နှာခေါင်းဘေးဘက်မှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝဖို့ကျိန်းသေပါတယ်။ဒါပေမယ့် ဒီလိုမှဲ့ပိုင်ရှင်တွေရဲ့ အောင်မြင်မှုနဲ့ဓနကတော့ အသက်30သို့လက်ထပ်ပြီးနောက်မှ အချိန်တန်မှာပါ။ညာဘက်ပါးမှာမှဲ့ပါတဲ့သူတွေအတွက်လည်း ထိုနည်းအတိုင်းပါပဲ။လက်ထပ်ပြီးနောက်မှ အခြေအနေထူးခြားလာမှာပါ
3 Third eye areaလို့ခေါ်တဲ့ မျက်လုံးနှစ်လုံး မျက်ခုံးနှစ်ဖက်ကြားမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေ ဝိုင်းဝန်းနေတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။အမြဲလိုလို သူတို့ရဲ့ဘဝမှာ ငွေကြေးတွေက လုံလောက်တာထက်ပို လျှံပြီးရင်းလျှံပါပဲ
4 ခြေဖဝါးမှာမှဲ့ပါတဲ့သူတွေကတော့ ခရီးများများထွက်ရတဲ့သူတွေဖြစ်ဖို့ ကျိန်းသေပါတယ်။ပြည်တွင်းဖြစ်ဖြစ်၊ပြည်ပပဲဖြစ်ဖြစ် သေချာတာကတော့ ခရီးသွားခြင်းဟာ ဘဝရဲ့အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ဒါပေမယ့် ခရီးဘလောက်သွားသွား နိုင်ငံခြားမှာအခြေချဖို့တော့ အလားအလာမရှိပါဘူး
5 ညာဘက်လက်ဖဝါးမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝအောင်မြင်မှုတွေရရှိဖို့မွေးဖွားလာတဲ့ အခွင့်ထူးခံလူတန်းစားတွေဖြစ်ပါတယ်။ဒါပေမယ့် မှဲ့တည်နေရာပေါ်မူတည်ပြီး ပိုင်ဆိုင်ဖို့အချိန်တွေကကွဲပြားသွားပါတယ်။တကယ်လို့ မှဲ့ကအပေါ်ခြမ်းမှာရှိနေရင်တော့ ငယ်ရွယ်ချိန်ကတည်းက အောင်မြင်နိုင်ပြီး အောက်ဘက်ခြမ်းမှာရှိနေရင်တော့ အောင်မြင်ချမ်းသာတဲ့ဘဝပိုင်ဆိုင်ရဖို့ အချိန်အနည်းငယ်ယူရမှာပါ
6 ရင်ဘတ်ညာဘက်ခြမ်းမှာ မှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုတွေနဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ
7 မေးစေ့မှာမှဲ့ပါတဲ့သူတွေကတော့ ချမ်းသာကြွယ်ဝမှုနဲ့ပတ်သက်ပြီး ကံကောင်းတတ်ကြပါတယ်။သူတို့ဟာ လူအများနဲ့နှီးနှောဆက်ဆံရတာထက် တစ်ယောက်တည်းပဲ ဖြတ်သန်းလိုကြပါတယ်
Credit
Zawgyi
Credit