ကျန်းမာရေး ဗဟုသုတ

ဝက်ခြံ ၊ ဆားဝက်ခြံ နှင့် ချွေးပေါက်ကျယ်တာတွေအတွက် အစွမ်းထက် ခရမ်းချဉ်သီးနည်းလမ်း

ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ် ။ ဒါေ့ကြာင့် အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ် ။

ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ် ။

ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင် ..

၁။ မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးဖို့အတွက် ခရမ်းချဉ်သီး နှင့် သကြား

ပထမဦးစွာ သကြားလက်ဖက်ရည် ၂ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ ။ ထို့နောက် ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသုံးပြုမယ့် တစ်ခြမ်းကို သကြားခွက်ထဲ ၂မိနစ်ခန့် နှစ်ထည့်ထားပါ ။ ပြီးသွားလျှင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ ၊ ဝက်ခြံတွေကို သိသာစွာ ပျောက်ကင်းစေပါတယ်။

၂။ နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့်ဒိန်ချဉ်

အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့် ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက် (သို့ ) Blender ဖြင့် ခပ်ပျစ်ပျစ်လေးရအောင် ကြိတ်ပေးပါ ။

ထို့နောက် နေလောင်မှုတွေဖြစ်နေသော အရေပြားနေရာသို့ သုတ်လိမ်းပေးပြီး အနည်းဆုံး ၁၅မိနစ်ခန့်ကြာအောင် ထားလိုက်ပါ ။ ပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ ။ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ။

၃။ အဆီပြန်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သခွားသီး

သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တေ့ာ ဒီနည်းလမ်းက လုံးဝ အထောက်အကူပြုမှာပါ ။ သခွားသီးနှင့် ခရမ်းချဉ်သီးကို အရည်သီးသန့်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဆီ ဆတူရောစပ်ပြီး မျက်နှာပေါ်သို့ ညှင်သာစွာ သုတ်လိမ်းပေးပါ ။

၁၀မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအဆီပြန်ခြင်းကို သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ် ။

၄။ ချွေးပေါက်ကျယ်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သံပုယိုသီး

ချွေးပေါက်ကျယ်တဲ့ ပြဿနာကြောင့် ဖုန်မှုန့်တွေ အရေပြားထဲဝင်ပြီး ဆားဝက်ခြံ နှင့် ဝက်ခြံတွေကို ပိုပြီး ဖြစ်ပွားစေပါတယ်။ ခရမ်းချဉ်သီး နှင့် သံပုယိုသီး နည်းလမ်းကို အသုံးပြုပေးပါ။ ခရမ်းချဉ်သီး နှင့် သံပုယိုသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းစီ ရောစပ်လိုက်ပါ။

ထို့နောက် ဂွမ်းဖြင့်တို့ကာ ချေးပေါက်ကျယ်တဲ့ နေရာတွေကို အဓိကထား လိမ်းပေးပါ ။ ၁၅မိနစ်ကြာအောင်ထားပြီး ခြောက်သွေ့သွားလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။ ကျေနပ်တဲ့ ရလဒ်ရတဲ့အထိ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးပါ ။

၅။ ဝက်ခြံတွေအတွက်ခရမ်းချဉ်သီး

မျက်နှာပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုဝက်ခြံမဆို ကုသဖို့အတွက် ခရမ်းချဉ်သီးက အကောင်းဆုံးပါပဲ ။ သန့်ရှင်းလတ်ဆတ်တဲ့ ခရမ်းချဉ်သီး တစ်လုံးကို ယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါ ။ တစ်ခြမ်းကိုယူပြီး မျက်နှာအနှံ့ ပွတ်လိုက်ပါ ။ ဝက်ခြံရှိတဲ့နေရာကို အဓိကထား ပွတ်လိမ်းပေးပါ ။

၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။တစ်ပါတ် ၃ကြိမ် ပြုလုပ်ပေးရမှာပါ။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ နှင့် စီ ဟာ ဝက်ခြံတွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ် ။

ဝက်ခြံမရှိသူများလည်း ဒီနည်းလမ်းလေးကို လုပ်ပေးမယ်ဆိုရင် ဝက်ခြံ ၊ ဆားဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို မျက်နှာအသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။

မှတ်ချက် ။ ။ အထက်ဖော်ပြပါနည်းလမ်းတွေကို အသုံးမပြုခင်မှာ မျက်နှာသစ်ထားဖို့တော့ လိုပါမယ်။

Credit

ZawGyiဖြင့်ဖတ်ရန်

ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ် ။ ဒါေ့ကြာင့် အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ် ။

ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ် ။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ် ။

ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ရအောင် ..

၁။ မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးဖို့အတွက် ခရမ်းချဉ်သီး နှင့် သကြား

ပထမဦးစွာ သကြားလက်ဖက်ရည် ၂ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ ။ ထို့နောက် ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသုံးပြုမယ့် တစ်ခြမ်းကို သကြားခွက်ထဲ ၂မိနစ်ခန့် နှစ်ထည့်ထားပါ ။ ပြီးသွားလျှင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ ၊ ဝက်ခြံတွေကို သိသာစွာ ပျောက်ကင်းစေပါတယ်။

၂။ နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့်ဒိန်ချဉ်

အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့် ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက် (သို့ ) Blender ဖြင့် ခပ်ပျစ်ပျစ်လေးရအောင် ကြိတ်ပေးပါ ။

ထို့နောက် နေလောင်မှုတွေဖြစ်နေသော အရေပြားနေရာသို့ သုတ်လိမ်းပေးပြီး အနည်းဆုံး ၁၅မိနစ်ခန့်ကြာအောင် ထားလိုက်ပါ ။ ပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ ။ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ။

၃။ အဆီပြန်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သခွားသီး

သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တေ့ာ ဒီနည်းလမ်းက လုံးဝ အထောက်အကူပြုမှာပါ ။ သခွားသီးနှင့် ခရမ်းချဉ်သီးကို အရည်သီးသန့်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့်ဆီ ဆတူရောစပ်ပြီး မျက်နှာပေါ်သို့ ညှင်သာစွာ သုတ်လိမ်းပေးပါ ။ ၁၀မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအဆီပြန်ခြင်းကို သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ် ။

၄။ ချွေးပေါက်ကျယ်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သံပုယိုသီး

ချွေးပေါက်ကျယ်တဲ့ ပြဿနာကြောင့် ဖုန်မှုန့်တွေ အရေပြားထဲဝင်ပြီး ဆားဝက်ခြံ နှင့် ဝက်ခြံတွေကို ပိုပြီး ဖြစ်ပွားစေပါတယ်။ ခရမ်းချဉ်သီး နှင့် သံပုယိုသီး နည်းလမ်းကို အသုံးပြုပေးပါ။ ခရမ်းချဉ်သီး နှင့် သံပုယိုသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ဇွန်းစီ ရောစပ်လိုက်ပါ။

ထို့နောက် ဂွမ်းဖြင့်တို့ကာ ချေးပေါက်ကျယ်တဲ့ နေရာတွေကို အဓိကထား လိမ်းပေးပါ ။ ၁၅မိနစ်ကြာအောင်ထားပြီး ခြောက်သွေ့သွားလျှင် ရေအေးဖြင့် ဆေးကြောပေးပါ ။ ကျေနပ်တဲ့ ရလဒ်ရတဲ့အထိ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးပါ ။

၅။ ဝက်ခြံတွေအတွက်ခရမ်းချဉ်သီး

မျက်နှာပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုဝက်ခြံမဆို ကုသဖို့အတွက် ခရမ်းချဉ်သီးက အကောင်းဆုံးပါပဲ ။ သန့်ရှင်းလတ်ဆတ်တဲ့ ခရမ်းချဉ်သီး တစ်လုံးကို ယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါ ။ တစ်ခြမ်းကိုယူပြီး မျက်နှာအနှံ့ ပွတ်လိုက်ပါ ။ ဝက်ခြံရှိတဲ့နေရာကို အဓိကထား ပွတ်လိမ်းပေးပါ ။

၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။တစ်ပါတ် ၃ကြိမ် ပြုလုပ်ပေးရမှာပါ။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ နှင့် စီ ဟာ ဝက်ခြံတွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ် ။ ဝက်ခြံမရှိသူများလည်း ဒီနည်းလမ်းလေးကို လုပ်ပေးမယ်ဆိုရင် ဝက်ခြံ ၊ ဆားဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို မျက်နှာအသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။