ခုမှဘဲသိတော့တယ် ရွှေစွန်ညို ကဗျာရဲ့ အနက်အဓိပ္ပါယ်…
ရှေးဆရာကြီးတွေက တက်စဉ်အနေနဲ့ ဒီကဗျာလေးပေးလေ့ရှိတယ်။ ထွက်ရပ်ပေါက်မလား.နိဗ္ဗာန်ရောက်အောင်သွားမလား။ ဒီကဗျာလေးက လမ်းညွှန်မြေပူံပဲ။
ရွှေစွန်ညို ဘာလိုလို့ဝဲ မဒွေးလိုလို့ဝဲ
မဒွေးမပါ ဒို့ဆီလာ
ပါ ပါရဲ့သားနောက်ကထား
မဒွေးအသားခါးလှတယ်
ပင်လယ်ရေနဲ့ဆေးပါ့မယ်
ပင်လယ်ရေကုန်ခမ်း
မြစ်ရေနဲ့ဆေးပါ့မယ်
မြစ်ရေကုန်ခမ်း
ချောင်းရေနဲ့ဆေးပါ့မယ်
ချောင်းရေကုန်ခမ်း
တွင်းရေနဲ့ဆေးပါ့မယ်
တွင်းရေကုန်ခမ်းမှ ဘုံနန်းပြန်ပါ့မယ်
ရွှေစွန်ညို ဘာလိုလို့ဝဲ ဘာကိုရှာနေသလဲ။
မဒွေးလိုလို့ဝဲ မဒွေး=၅+၇=၁၂ သိဒ္ဓိ ၁၂ပါးကိုရှာတာပဲ။
မဒွေးမပါ ဒို့ဆီလာ သိဒ္ဓိ လိုချင်လို့ ဒို့ဆီလာရှာတယ်။ ဒို့ဆီလာတောင်းတယ်။
ပါ ပါရဲ့သားနောက်ကထား ပါရမီ က မင်းတို့မှာပါ ပြီးသား။
မဒွေးအသားခါးလှတယ် ဒါပေမယ့် သိဒ္ဓိ ကမ္မဇဒ္ဓိက ရဖို့သိပ်ခက်တယ်။
ပင်လယ်ရေနဲ့ဆေးပါ့မယ် လောဘကိူ ဒါနနဲ့ခွာချပါ။
မြစ်ရေနဲ့ဆေးပါ့မယ် ဒေါသကို သီလနဲ့ခွာချပါ။
ချောင်းရေနဲ့ဆေးပါ့မယ် မောဟကို သမထနဲ့ဆေးကြောပါ။
တွင်းရေနဲ့ဆေးပါ့မယ် ဝိပဿနာနဲ့ အလင်းဓာတ်ရအောင်ယူပါ။
တွင်းရေကုန်ခမ်းမှ ဘုံနန်းပြန်ပါ့မယ်။လုပ်နိုင်မှ ဝိဇ္ဇာဖြစ်မယ်။
ထွက်ရပ်ပေါက်မယ်.နိဗ္ဗာန်ရောက်နိုင်မယ်။
Credit
Zawgyi
ခုမွဘဲသိေတာ့တယ္ ေ႐ႊစြန္ညိဳ ကဗ်ာရဲ႕ အနက္အဓိပၸါယ္…
ေရွးဆရာႀကီးေတြက တက္စဥ္အေနနဲ႔ ဒီကဗ်ာေလးေပးေလ့ရွိတယ္။ ထြက္ရပ္ေပါက္မလား.နိဗၺာန္ေရာက္ေအာင္သြားမလား။ ဒီကဗ်ာေလးက လမ္းၫႊန္ေျမပူံပဲ။
ေ႐ႊစြန္ညိဳ ဘာလိုလို႔ဝဲ မေဒြးလိုလို႔ဝဲ
မေဒြးမပါ ဒို႔ဆီလာ
ပါ ပါရဲ႕သားေနာက္ကထား
မေဒြးအသားခါးလွတယ္
ပင္လယ္ေရနဲ႔ေဆးပါ့မယ္
ပင္လယ္ေရကုန္ခမ္း
ျမစ္ေရနဲ႔ေဆးပါ့မယ္
ျမစ္ေရကုန္ခမ္း
ေခ်ာင္းေရနဲ႔ေဆးပါ့မယ္
ေခ်ာင္းေရကုန္ခမ္း
တြင္းေရနဲ႔ေဆးပါ့မယ္
တြင္းေရကုန္ခမ္းမွ ဘုံနန္းျပန္ပါ့မယ္
ေ႐ႊစြန္ညိဳ ဘာလိုလို႔ဝဲ ဘာကိုရွာေနသလဲ။
မေဒြးလိုလို႔ဝဲ မေဒြး=၅+၇=၁၂ သိဒၶိ ၁၂ပါးကိုရွာတာပဲ။
မေဒြးမပါ ဒို႔ဆီလာ သိဒၶိ လိုခ်င္လို႔ ဒို႔ဆီလာရွာတယ္။ ဒို႔ဆီလာေတာင္းတယ္။
ပါ ပါရဲ႕သားေနာက္ကထား ပါရမီ က မင္းတို႔မွာပါ ၿပီးသား။
မေဒြးအသားခါးလွတယ္ ဒါေပမယ့္ သိဒၶိ ကမၼဇဒၶိက ရဖို႔သိပ္ခက္တယ္။
ပင္လယ္ေရနဲ႔ေဆးပါ့မယ္ ေလာဘကိူ ဒါနနဲ႔ခြာခ်ပါ။
ျမစ္ေရနဲ႔ေဆးပါ့မယ္ ေဒါသကို သီလနဲ႔ခြာခ်ပါ။
ေခ်ာင္းေရနဲ႔ေဆးပါ့မယ္ ေမာဟကို သမထနဲ႔ေဆးေၾကာပါ။
တြင္းေရနဲ႔ေဆးပါ့မယ္ ဝိပႆနာနဲ႔ အလင္းဓာတ္ရေအာင္ယူပါ။
တြင္းေရကုန္ခမ္းမွ ဘုံနန္းျပန္ပါ့မယ္။လုပ္ႏိုင္မွ ဝိဇၨာျဖစ္မယ္။
ထြက္ရပ္ေပါက္မယ္.နိဗၺာန္ေရာက္ႏိုင္မယ္။
Credit