ဗဟုသုတ အစားအစာ

စီးပွားအဖြစ်ပါ ရောင်းချနိုင်မယ့် ကောက်ညှင်းထုပ် ပြုလုပ်နည်းလေးပါ

ကောက်ညှင်းထုပ်ပြုလုပ်နည်းလေးပါ

ကောက်ညှင်းဆန်ကို ၅နာရီခန့် ရေကြိုစိမ်ထားပေးပါ။

ဌက်ပျောရွက် သို့ ကြံရွက်ကို ရေသေချာဆေးထားပါ။

ဌက်ပျောရွက်ထုပ်ရအဆင်ပြေအောင် အနည်းငယ်ပျော့သွားအောင် မီးအနည်းငယ် ကင်ထားပေးပါ။ နေပူပူမှာ နွမ်းအောင်လှမ်းလို့လည်းရပါတယ်။

ပြီးမှ ဌက်ပျောရွက်ကို တစ်ပြင်ညီလုံး ဆီအနည်းငယ်သုတ်လိမ်းထားပေးပါ။

ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ဆားအနည်းငယ် ထည့်ပြီး နှံသွားအောင်ဖွဖွလေးနယ်လိုက်ပါ။

ဌက်ပျောသီးနဲ့ပေါင်းမယ်ဆို ဌက်ပျောသီးကို အလယ်မှ ထက်ခြမ်းခြမ်းပြီးသကြားနဲ့ လူးထားပါ( အလုံးလိုက်လည်းရပါတယ်)။

ထို့နောက် ငှက်ပျောဖက်ပေါ်မှာ ကောက်ညှင်းကို ပါးပါးအောက်ကဖြန့်ခံပြီးငှက်ပျောသီးအလယ်ကထည့် ကောက်ညှင်းလေးနဲ့ ငှက်ပျောသီးလုံအောင်ပြန်အုပ်ပြီး ဖက်ကို ဘေးနှစ်ဖက်ကိုအရင်အလယ်ဘက်ကိုချိုးအုပ်လိုက်ပါ

ပြီးမှ ထိပ်စများကို အလယ်ဘက်ကိုချိုးအုပ်လိုက်ပြီး နှီးနဲ့ အလယ်တည့်တည့်ကတစ်ချက်အရင်စည်းလိုက်ပါ ထို့နောက် ဟိုဘက်ထိပ်နားတစ်ချက် ဒီဘက်ထိပ်နားတစ်ချက်နဲ့ တစ်ထုပ်ကို ၃ ချက် တင်းတင်းလေးစည်းလိုက်ရင်ရပါပြီ။

အုန်းသီးထုပ် ထုပ်မယ်ဆို ကောက်ညှင်းကို အုန်းသီးနဲ့နယ် ပဲထုပ်ထုပ်မယ်ဆို ပဲကိုပြုတ်ထားပြီး ကောက်ညှင်းနဲ့နယ် ထုပ်နည်းကတော့ ခုနအတိုင်းပဲနော်။

ထုပ်ပြီးရင်တော့ ပေါင်းအိုးမှာ 45မိနစ်လောက်ပေါင်းရင် ရသလို အပေါက်အပြဲမရှိထုပ်ထားရင် ရေနဲ့ထည့်ပြုတ်လို့လည်းရပါတယ်။ အဆင်ပြေကြပါစေနော်။လေးစားလျှက် crd










