Knowledge Sharing ဗဟုသုတ

မိမိရဲ့အသက် ၂၀ ကျော်၊ ၃၀ ကျော်အရွယ်မှာ ချမ်းသာကြွယ်ဝချင်တဲ့ သူတွေအတွက် လိုက်နာသင့်တဲ့ အချက်များ

မိမိရဲ့အသက် ၂၀ ကျော်၊ ၃၀ ကျော်အရွယ်မှာ ချမ်းသာကြွယ်ဝချင်တဲ့ယောကျာ်းများအတွက် ကျင့်သုံးသင့်တဲ့ နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

ထိုနည်းလမ်းကောင်းများကို ကျင့်သုံးပါက သင့်ရဲ့အနာဂတ်မှာ ငွေရေးကြေးရေးကြောင့် မတောင့်မတ မကြောင့်မကျ နေထိုင်ရမှာပဲဖြစ်ပါတယ်။

အချိန်ဖြုန်းတဲ့အကျင့်ကို ဖျောက်ပါ

ချမ်းသာကြွယ်ဝခြင်းသည် တဖြည်းဖြည်းအသက်ကြီးလာသည်နှင့်အမျှ သူ့အလိုလို ချမ်းလာတယ်လို့ ငယ်ရွယ်သူများက ထင်မှတ်တတ်ကြပါတယ်။

ဒါ့ကြောင့် ငယ်ရွယ်ချိန် သန်မာစဉ်မှာ အချိန်ဆွဲတတ်ခြင်း၊ အချိန်ဖြုန်းခြင်းတို့ကို ပြုလုပ်မိတတ်ကြပါတယ်။ အသိဝင်လာတဲ့အချိန်မှာတော့ နောက်ကျသွားပြီပဲဖြစ်ပါတယ်။

နောင်မှ နောင်တ မရအောင်လို့ အချိန်ဖြုန်းတတ်တဲ့အကျင့်ကို ဖျောက်ဖျက်လိုက်ပါ။

ဘယ်အရာမှ သူ့အလိုလို ဖြစ်မလာတာကို နှလုံးသွင်းထားပါ

ချမ်းသာကြွယ်ဝမှုသည် သူ့အလိုလို မဖြစ်တည်လာသလို မှော်အတတ်ကလည်း ကူညီနိုင်မှာမဟုတ်ပါဘူး။ တစ်ခုတည်းသောနည်းလမ်းကတော့ သင့်ရဲ့အသုံးစရိတ်ထက် ပိုရှာပါ။

ဝင်ငွေများကို အမြော်အမြင်ကြီးစွာ ရင်းနှီးမြှုပ်နှံပါ။

မိမိကိုယ်တိုင်အတွက် ရင်းနှီးမြှုပ်နှံပါ

သင့်ရဲ့ပညာရေးအတွက် (သို့) သင့်ရဲ့အရည်အချင်းများ တိုးတက်လာဖို့အတွက် လိုအပ်သည်များကို ရင်းနှီးမြှုပ်နှံပါ။

သင့်မှာ အတွေ့အကြုံများ၊ အရည်အချင်းများ များများတိုးတက်လာလေ သင့်ရဲ့လစာကလည်း ပိုမိုများပြားလာမှာဖြစ်ပြီး ပိုမိုစုဆောင်းမိလာပါလိမ့်မယ်။

တစ်နေ့တာအသုံးစရိတ်များကို စာရင်းဇယားပြုစုထားပါ

အထွေထွေအသုံးစရိတ်အတွက် ငွေဘယ်လောက်ပဲ သုံးမယ် အဝတ်အစားအတွက် ငွေဘယ်လောက်သုံးမယ်ဆိုတာကို တစ်ခါတည်း ကန့်သတ်ထားပါ။

ထို့နောက် တစ်နေ့တာလုံးမှာ အသုံးစရိတ်ဘယ်လောက်ကုန်သလဲဆိုတာကို စာရင်းမှတ်ထားပါ။ မလိုအပ်တဲ့အရာများအတွက် ငွေယိုပေါက်ကို ပိတ်ပင်ထားရပါမယ်။

အကြွေးဆပ်ပါ

မိမိရဲ့ဝင်ငွေများကို မစုဆောင်းခင်၊ ရင်းနှီးမြှုပ်နှံမှု မစတင်ခင်မှာ အရင်ဦးဆုံး အကြွေးတွေကို ဆပ်ရပါမယ်။

သင် အလုပ် မဝင်ခင်မှာ ကျောင်းကိစ္စချေးငွေများ၊ အကြွေးဝယ်ကဒ်များအတွက် အကြွေးများကို အရင်ဆုံးဆပ်ပါ။

အကြွေးဆပ်ပြီးမှ စုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းအဆင့်သို့ တက်လှမ်းရမှာဖြစ်ပါတယ်။

တစ်စုံတစ်ခုတည်းတွင်သာ မမှီခိုပါနဲ့

အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တစ်ခုတည်းအတွက်သာ ဇောက်ချလုပ်ကိုင်နေစဉ်မှာ အခြားသော အလုပ်များကိုလည်း အချိန်ပိုင်းအဖြစ် လုပ်ကိုင်နိုင်ရပါမယ်။

မတော်လို့ သင့်ရဲ့ကုမ္ပဏီက ဒေဝါလီခံခဲ့သော် အခြားသော အသက်မွေးဝမ်းကြောင်းအလုပ်အတွက် လုပ်ကိုင်နိုင်တဲ့အတွက်ကြောင့် ပူပန်စရာမလိုတော့ပါဘူး။

ထို့အတူ သင့်ရဲ့ဝင်ငွေများအားလုံးကို မရင်းနှီး မမြှုပ်နှံလိုက်ပါနဲ့။ Plan A မအောင်မြင်ပါက Plan B ကလည်း အဆင်သင့်ရှိနေရမှာဖြစ်ပါတယ်။

Credit

မိမိရဲ႕အသက္ ၂၀ ေက်ာ္၊ ၃၀ ေက်ာ္အ႐ြယ္မွာ ခ်မ္းသာႂကြယ္ဝခ်င္တဲ့ေယာက်ာ္းမ်ားအတြက္ က်င့္သုံးသင့္တဲ့ နည္းလမ္းေကာင္းမ်ားကို ေဝမွ်ေပးခ်င္ပါတယ္။

ထိုနည္းလမ္းေကာင္းမ်ားကို က်င့္သုံးပါက သင့္ရဲ႕အနာဂတ္မွာ ေငြေရးေၾကးေရးေၾကာင့္ မေတာင့္မတ မေၾကာင့္မက် ေနထိုင္ရမွာပဲျဖစ္ပါတယ္။

အခ်ိန္ျဖဳန္းတဲ့အက်င့္ကို ေဖ်ာက္ပါ

ခ်မ္းသာႂကြယ္ဝျခင္းသည္ တျဖည္းျဖည္းအသက္ႀကီးလာသည္ႏွင့္အမွ် သူ႔အလိုလို ခ်မ္းလာတယ္လို႔ ငယ္႐ြယ္သူမ်ားက ထင္မွတ္တတ္ၾကပါတယ္။

ဒါ့ေၾကာင့္ ငယ္႐ြယ္ခ်ိန္ သန္မာစဥ္မွာ အခ်ိန္ဆြဲတတ္ျခင္း၊ အခ်ိန္ျဖဳန္းျခင္းတို႔ကို ျပဳလုပ္မိတတ္ၾကပါတယ္။ အသိဝင္လာတဲ့အခ်ိန္မွာေတာ့ ေနာက္က်သြားၿပီပဲျဖစ္ပါတယ္။

ေနာင္မွ ေနာင္တ မရေအာင္လို႔ အခ်ိန္ျဖဳန္းတတ္တဲ့အက်င့္ကို ေဖ်ာက္ဖ်က္လိုက္ပါ။

ဘယ္အရာမွ သူ႔အလိုလို ျဖစ္မလာတာကို ႏွလုံးသြင္းထားပါ

ခ်မ္းသာႂကြယ္ဝမႈသည္ သူ႔အလိုလို မျဖစ္တည္လာသလို ေမွာ္အတတ္ကလည္း ကူညီႏိုင္မွာမဟုတ္ပါဘူး။ တစ္ခုတည္းေသာနည္းလမ္းကေတာ့ သင့္ရဲ႕အသုံးစရိတ္ထက္ ပိုရွာပါ။

ဝင္ေငြမ်ားကို အေျမာ္အျမင္ႀကီးစြာ ရင္းႏွီးျမႇဳပ္ႏွံပါ။

မိမိကိုယ္တိုင္အတြက္ ရင္းႏွီးျမႇဳပ္ႏွံပါ

သင့္ရဲ႕ပညာေရးအတြက္ (သို႔) သင့္ရဲ႕အရည္အခ်င္းမ်ား တိုးတက္လာဖို႔အတြက္ လိုအပ္သည္မ်ားကို ရင္းႏွီးျမႇဳပ္ႏွံပါ။

သင့္မွာ အေတြ႕အႀကဳံမ်ား၊ အရည္အခ်င္းမ်ား မ်ားမ်ားတိုးတက္လာေလ သင့္ရဲ႕လစာကလည္း ပိုမိုမ်ားျပားလာမွာျဖစ္ၿပီး ပိုမိုစုေဆာင္းမိလာပါလိမ့္မယ္။

တစ္ေန႔တာအသုံးစရိတ္မ်ားကို စာရင္းဇယားျပဳစုထားပါ

အေထြေထြအသုံးစရိတ္အတြက္ ေငြဘယ္ေလာက္ပဲ သုံးမယ္ အဝတ္အစားအတြက္ ေငြဘယ္ေလာက္သုံးမယ္ဆိုတာကို တစ္ခါတည္း ကန႔္သတ္ထားပါ။

ထို႔ေနာက္ တစ္ေန႔တာလုံးမွာ အသုံးစရိတ္ဘယ္ေလာက္ကုန္သလဲဆိုတာကို စာရင္းမွတ္ထားပါ။ မလိုအပ္တဲ့အရာမ်ားအတြက္ ေငြယိုေပါက္ကို ပိတ္ပင္ထားရပါမယ္။

အေႂကြးဆပ္ပါ

မိမိရဲ႕ဝင္ေငြမ်ားကို မစုေဆာင္းခင္၊ ရင္းႏွီးျမႇဳပ္ႏွံမႈ မစတင္ခင္မွာ အရင္ဦးဆုံး အေႂကြးေတြကို ဆပ္ရပါမယ္။

သင္ အလုပ္ မဝင္ခင္မွာ ေက်ာင္းကိစၥေခ်းေငြမ်ား၊ အေႂကြးဝယ္ကဒ္မ်ားအတြက္ အေႂကြးမ်ားကို အရင္ဆုံးဆပ္ပါ။

အေႂကြးဆပ္ၿပီးမွ စုေဆာင္းျခင္း၊ ရင္းႏွီးျမႇဳပ္ႏွံျခင္းအဆင့္သို႔ တက္လွမ္းရမွာျဖစ္ပါတယ္။

တစ္စုံတစ္ခုတည္းတြင္သာ မမွီခိုပါနဲ႔

အသက္ေမြးဝမ္းေၾကာင္း အလုပ္အကိုင္တစ္ခုတည္းအတြက္သာ ေဇာက္ခ်လုပ္ကိုင္ေနစဥ္မွာ အျခားေသာ အလုပ္မ်ားကိုလည္း အခ်ိန္ပိုင္းအျဖစ္ လုပ္ကိုင္ႏိုင္ရပါမယ္။

မေတာ္လို႔ သင့္ရဲ႕ကုမၸဏီက ေဒဝါလီခံခဲ့ေသာ္ အျခားေသာ အသက္ေမြးဝမ္းေၾကာင္းအလုပ္အတြက္ လုပ္ကိုင္ႏိုင္တဲ့အတြက္ေၾကာင့္ ပူပန္စရာမလိုေတာ့ပါဘူး။

ထို႔အတူ သင့္ရဲ႕ဝင္ေငြမ်ားအားလုံးကို မရင္းႏွီး မျမႇဳပ္ႏွံလိုက္ပါနဲ႔။ Plan A မေအာင္ျမင္ပါက Plan B ကလည္း အဆင္သင့္ရွိေနရမွာျဖစ္ပါတယ္။

Credit