ငါးကြီးအန်ဖက်က ဘာလို့ ရွှေထက်တန်ဖိုးကြီးတာလဲ ငါးကြီးအန်ဖက်ရဲ့ အသုံးဝင်ပုံများ
မကြာသေးခင်က အသက်၆၀အရွယ် ထိုင်းတံငါသည်အဖိုးအိုတစ်ယောက် အလေးချိန် ပေါင်၂၂၀လောက်တောင်ရှိတဲ့ ငါးကြီးအန်ဖက်ကို ရရှိခဲ့ပါတယ်
တံငါသည်တစ်ဦးပီပီ ဒါက ဘာလဲဆိုတာ သိတာမို့ သူ့တူကို ချက်ချင်းလှမ်းခေါ်ပြီး ငါးကြီးအန်ဖက်ကို အိမ်သယ်ယူခဲ့ပါတယ်
၎င်းအဖိုးအိုအနေနဲ့ ဒီငါးကြီးအန်ဖက်ကို ရောင်းနိုင်ခဲ့ရင်ပေါင်၂.၄သန်းလောက်အထိ ရရှိမှာပါ
တချို့က ငါးကြီးအန်ဖက်ကို ငါးကြီးက အန်ထုတ်တာလို့ ထင်နေကြပါတယ်။ တကယ္က အစာခြေတဲ့စနစ်ကနေ စွန့်ထုတ်လိုက်တဲ့ ပျော့ချွဲချွဲအရာသာ ဖြစ်ပါတယ်
ဒါကို အလွယ်အားဖြင့် ငါးကြီးအန်ဖက်လို့ ခေါ်ကြတာပါ။ တကယ္က ချေးအဆင့်မရောက်သေးတဲ့ ချေးခါးအဆင့် ဖြစ်ပါတယ်
သိပ္ပံပညာရှင်တွေကတော့ ဝေလငါးချေး Whale pooလို့ ခေါ်ကြပါတယ်။ Ambergris လို့နောက်တိုင်းက ပိုသိပါတယ်။
တချို့က ငါးကြီးအန်ဖက်ကို ငါးသုတ်ပိုးက ဖြစ်လာတာလို့ ပြောနေကြတာရှိပေမယ့် အဲဒါ မှားပါတယ်။ ဒီလို အမှတ်မှားရခြင်းရဲ့ ဖြစ်နိုင်ဖွယ်အချက်ကတော့
ဒီငါးကြီးအန်ဖက်ကို ထုတ်လုပ်နိုင်တဲ့ ငါးဟာ Sperm Whale လို့ခေါ်တဲ့ ဝေလငါးမျိုးရင်းတစ်ခုကပဲ ထုတ်လုပ်နိုင်တာပါ
ဒီမှာပါတဲ့ Sperm ဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့သုံးနေတဲ့ သုတ်ပိုးရဲ့ အင်္ဂလိပ်စာလုံးပေါင်းနဲ့ အတူတူဖြစ်လို့ ငါကြီးအန်ဖက်ကို ငါးကြီးရဲ့သုတ်လို့ မှားယွင်းတာ ဖြစ်နိုင်ပါတယ်
Sperm Whale တွေကို Cachalot တွေလို့လည်း ခေါ်ကြပါတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာ အကြီးမားဆုံး အသားစားသတ္တဝါဖြစ်ပါတယ်။
သူတို့ဟာ ကင်းမွန်တို့ ရေဘဝဲတို့ကို အလွယ်တကူဖမ်းစားလေ့ရှိပြီး၊ အစာအိမ်ထဲမှာ အဲဒီအစားအစာတစ်ချို့ဟာ ခြေဖျက်ဖို့ ခက်ခဲရာကနေ သည်းခြေအရည်အနှစ်တွေနဲ့ပေါင်းပြီး
အစာမကြေဖြစ်ရာမှ အပြင်ကို မစင်အဆင့်မရောက်ဘဲ စွန့်ထုတ်လိုက်ရတာပါ။ငါးကြီးအန်ဖက်ကို စောစောကပြောတဲ့ Sperm Whale ကပဲ ထုတ်လုပ်နိုင်တာပါ
သိပ္ပံပညာရှင်များရဲ့အဆိုအရ ငါးကြီးအန်ဖက်ကို Sperm Whale အကောင်တစ်ရာမှာ တစ်ကောင်လောက်ခန့်ကသာ ထုတ်လုပ်နိုင်ပြီး၊
နှစ်ကာလရှည်ကြာစွာ သမုဒ္ဒရာထဲ မျောနေရင်းကနေ အစက စေးပြစ်တဲ့ကျိချွဲချွဲ အလုံးအခဲကြီးကနေ နောက်တော့ ရာသီဥတုကြောင့် ဖယောင်းကဲ့သို့ အတုံးကြီး ဖြစ်သွားပါတယ်
အဲဒီကေန ရေမျောကမ်းတင် ဖြစ်လာရတာပါ။ တစ်ခါတလေ ဝေလငါးသေတွေရဲ့ ဝမ်းဗိုက်ထဲကနေ ရနိုင်တာမျိုးလည်း ရှိတတ်ပါတယ်
ငါးကြီးအန်ဖက်က ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတော့ ကမ္ဘာကျော်အဆင့်မြင့် ရေမွှေးထုတ်လုပ်ရေးတွေမှာ သုံးပါတယ်။ ငါးကြီးအန်ဖက်ဆီက အနံ့အသက်ကို ယူတာမဟုတ်ပါဘူး
ငါးကြီးအန်ဖက်ဆီကပါတဲ့ ဓာတ်ပေါင်းပစ္စည်းတွေက ရေမွေးရဲ့အနံ့အသက်ကို နှစ်ပေါင်းများစွာ ထိန်းထားနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကတည်းက ငါးကြီးအန်ဖက်ဟာ ဈေးအကြီးဆုံးအရာ ဖြစ်ခဲ့တာပါ
ငါးကြီးအန်ဖက်နဲ့ ထုတ်လုပ်ထားတဲ့ ရေမွေးတစ်ပုလင်းဟာ ဒေါ်လာ ၅၀၀ကန် ဒေါ်လာ သောင်းနဲ့ချီ ဈေးကောင်းရတာမျိုး ရှိပါတယ်
ငါးကြီးအန်ဖက်ရဲ့အတွင်းမှာ ဓာတ်အမျိုးပေါင်း ၂၀လောက်အထိ ပါဝင်ပြီး၊ တစ်ခုနဲ့တစ်ခု ကျစ်လစ်သိပ်သည်းပုံမတူသလို ဈေးလည်း မတူညီပါဘူး
သာမန်အားဖြင့် ငါးကြီးအန်ဖက် တစ်ကီလိုဂရမ်ဟာ ပျမ်းမျှ ဒေါ်လာ၁၃၅၀၀၀ဝန်းကျင်လောက် ဈေးရနိုင်ပါတယ်
ဆောင်းပါးအစပိုင်းမှာ ဖော်ပြခဲ့တဲ့ ထိုင်းတံငါသည် Naris Suwannasang ကေတာ့ ပေါင်၂၂၀လောက် အလေးချိန်ရှိတဲ့ ငါးကြီးအန်ဖက်ကို ရခဲ့တာပါ
ကီလိုအားဖြင့် ၁၀၀ကီလိုလောက် အလေးချိန်ရှိပြီး ဈေးနှုန်းအားဖြင့် စတာလင်ပေါင် ၂.၄သန်းလောက်အထိ ရမယ်လို့ သိရပါတယ်
မှတ်ချက် ယခုဆောင်းပါးရေးနေချိန်မှာ ရေတစ်ကီလိုရဲ့ပေါက်ဈေးဟာ ဒေါ်လာ၅၈၇၈၁ ဖြစ်ပါတယ်။
Credit
ငါးကြီးအန်ဖက်ကဘာလို့ရွှေထက်တန်ဖိုးကြီးတာလဲ၊ငါးကြီးအန်ဖက်အသုံးဝင်ပုံများမကြာသေးခင်ကအသက်၆၀)အရွယ် ထိုင်းတံငါသည်အဖိုးအိုတစ်ယောက်အလေးချိန်ပေါင်(၂၂၀)လောက်တောင်ရှိတဲ့ငါးကြီးအန်ဖက်ကိုရရှိခဲ့ပါတယ်။