သီတင်းကျွတ်လအတွင်းမွေးဖွားသူများသည်စိတ်ခံစားမှုကို အထူးဦးစားပေးသူများဖြစ်တတ်ကြမည်။တစ်ခုမဟုတ်တစ်ခု ညှို့ဓါတ်အားကောင်းတတ်ကြတယ်။ ဘေးလူတွေကချစ်ခင်ကြည်ညိုကြမယ်ခင်မင်မှုနှင့်ချစ်မေတ္တာသံယောဇဉ်ကို အလေးအနက်ထားမယ်
အလွန်သိမ်မွေ့သောနှလုံးသားပိုင်ရှင်များဖြစ်ကြပြီး ဒေါသဖြစ်ပါကလဲ ဘာမျှမမြင်တတ်ကြတော့ချေ။ ငွေအသုံးကြမ်းသူများလည်းဖြစ်တတ်ကြတယ်။သီတင်းကျွတ်လမွေးဖွားသူတို့သည် စိတ်နုတတ်သည်။ စိတ်ထိခိုက်လွယ်သည်။ အပြင်ပန်း ဘာမှမဖြစ်သလိုဟန်ဆောင်ထားသော်လည်းစိတ်ထဲကထိခိုက်ခံစားရတာစိတ်ကောက်မိတာမျိုးမသိမသာဖြစ်တတ်တယ်။၎င်းင်းစရိုက်ကိုလည်း လူမသိအောင်ဖုံးကွယ်ထားလိုတတ်တယ်ထို့အပြင် အယုံလွယ်တတ်မယ်
အပျော်အပါးတွင်ဝါသနာထုံကြီးမယ်။မည်သည့်ကိစ္စမဆို အစွဲအလမ်းကြီးမားတတ်ကြတယ်။အိမ်ထောင်ပြုပြီးသောအခါတွင်လည်းကိုယ့်အိမ်ထောင်ဖက်အပေါ် ချစ်ခင်ယုယစွာအလိုလိုက်တတ်ကြတယ်။ရိုးရိုးအေးအေးနေထိုင်ကာ မိမိကိုပါရမီဖြည့်ပေးသောအိမ်ထောင်ဖက်နှင့်အိမ်ထောင်ပြုရတတ်ပါတယ်။အိမ်ထောင်ဖက်၏ ကံကြောင့် ကြီးပွားချမ်းသာတတ်ပါတယ်
အိမ်ထောင်ရေးသုခကိုရရှိတတ်ကြမည်။ကျန်းမာရေးနှင့်ပတ်သက်၍ ခါးနေရာတစ်ဝိုက်အလွန်ပျော့သည်။အမြဲတမ်းခါးနှင့်ပတ်သက်၍ဂရုစိုက်ရမည်ခါးကိုက်ခါးနာခါးညောင်းဝေဒနာများ မကြာခဏဖြစ်တတ်တယ်။အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်၍ အစာမကြေခြင်း
အစာအိမ်အချဉ်ပေါက်ခြင်းဖြစ်တတ်၍ အစားအသောက်အမြဲသတိရှိပါ။ဝမ်းကို ဂရုစိုက်ပါ။ ဝမ်းချုပ်၊ ဝမ်းပျက်၊ ဝမ်းကိုက်တို့ဖြစ်တတ်ပြီးလည်ချောင်း၊ နှာစေး၊ အာသီးရောင်ခြင်းတို့လည်းဖြစ်တတ်၍အအေးမခံသင့်လေအေးစက် သိပ်မသုံးသင့်ပါ။ အထူးသဖြင့်အမျိုးသမီးများ ရင်သားတွင် အနာဖြစ်တတ်၏။မြေပြို၊ တွင်းပြို၊ တောင်ပြိုအန္တရာယ်များကိုသတိထားသင့်ပါသည်
သီတင်းကျွတ်လမွေးဖွားသူတို့သည်ဘာသာရေးပါရမီစွမ်းအားကြီးရုံသာမကအနာရဂါတ်တွင်ဖြစ်ပျက်စရာတို့ကိုကြိုတင်သိမြင်နိုင်စွမ်းထက်မြက်နေတယ်။အိပ်မက်ထူး၊ နိမိတ်ထူးများ ပေးတတ်သဖြင့် ယုံကြည်ရာဂါထာမန္တန်တို့ကိုသာ ရွတ်ဆိုပွားများနေသင့်ပါတယ်။သီတင်းကျွတ်လမွေးဖွားသူတို့သည် ဘဝကို တည်ငြိမ်အေးချမ်းစွာနှင့်အောင်မြင်မှုရအောင်အမြဲတမ်းကြိုးစားနေတတ် ကြံစည်နေတတ်ကြတယ်
မျှော်မှန်းချက်ကြီးမားတတ်ကြမယ်။ စိတ်ကူးယဉ်နေတတ်ကြသဖြင့်လက်တွေ့အကောင်အထည်မဖော်မိဘဲလေထဲတွင်တိုက်အိမ်ဆောက်သလို ဖြစ်တတ်ကြတယ်။ဘာသာရေးခေါင်းဆောင်များလည်း ဖြစ်တတ်ကြတယ်။လူအများပေါ်တွင် နည်းအမျိုးမျိုးနှင့်ဆွဲဆောင်နိုင်စွမ်းရှိတတ်ကြမယ်။အနုပညာတွင် အထူးပါရမီရင့်သန်တတ်တယ်။တည်ကြည်ဖြောင့်မတ်မယ်။ ငွေကြေးမျက်နှာကို လုံးဝမကြည့်။လက်ရှိအနေအထားလေးအပေါ်တွင် ကျေနပ်နေတတ်တယ်
မည်သည့်အလုပ်မဆို ပြုလုပ်ရာတွင် အစပိုင်း၌အလွန်ခက်နေတတ်တယ် မည်သည့်ကိစ္စမဆိုခေတ္တမြင်ရုံ၊လေ့လာရုံဖြင့်သိလွယ်တတ်လွယ်မယ်၊ ကွက်ကျော်မြင်တတ်တယ်။အနီးစပ်ဆုံးအနေအထားအထိ အဆုံးသတ်အဖြေကိုသုံးသပ်နိုင်ခြင်း၊ အလုပ်လုပ်ရာတွင် အစ၊ အလယ်၊အဆုံးအနေအထားတို့ကို သုံးသပ်ကိုင်တွယ်လုပ်ဆောင်မှုအလွန်ထက်မြက်ခြင်းတို့ကြောင့် အောင်မြင်မှု အထွဋ်အထိပ်ကိုရရှိတတ်ကြမည်။သီတင်းကျွတ်လမွေးဖွားသူတို့သည် စေတနာ၏တူသောအကျိုးပေးခြင်းကိုမကြာခဏ မျက်ဝါးထင်ထင်တွေ့ကြုံရတတ်မယ်
ကောင်းတာလုပ်လျှင်ကောင်းတာအကျိုးပေးတတ်သည်ဟူသော စကားကိုအမြဲနှလုံးသွင်းသင့်ပါတယ်။အခက်အခဲကြုံတိုင်းကူညီမည့်သူများပေါ်လာတတ်တယ်။ဘဝတွင်တရာရေးဌာန၊ အုပ်ချုပ်ရေးဌာန၊ ကုန်သည်လုပ်ငန်း၊ နိုင်ငံရပ်ခြားနှင့်ဆက်စပ်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ဆက်သွယ်ရေး၊ပို့ဆောင်ရေးလုပ်ငန်း တို့ဖြင့် ကောင်းကျိုးပေးမယ်။သီတင်းကျွတ်လမွေးဖွားသူတို့သည် ဘဝကိုမှန်သည်ထင်သည့်ဘက်ကနောက်မဆုတ်တမ်း လုပ်တတ်တယ်
တက်ကြွနိုးကြားစွာ လုပ်တတ်ပြီးမျှတစွာတွေးခေါ်မှုလည်းရှိမည်။ နှုတ်မူရေးရာ ထက်မြက်မယ်။စေတနာကောင်းရှိသော်လည်း တဇွတ်ထိုးလုပ်တတ်တယ်။ ကိုယ့်ယုံကြည်မှုကိုယ့်အကျိုးစီးပွားကို ထိခိုက်လာက ဆတ်ဆတ်ထိမခံ တုံ့ပြန်တတ်မယ်။သီးသန့်နေလိုစိတ် ပြင်းထန်တယ်။ ပတ်ဝန်းကျင်ကို ခင်မင်တတ်မယ်။ခင်ရာဆွေမျိုးဟုသဘောထားတယ်။ တည်ကြည်ဖြောင့်မတ်မယ်။အမွေအနှစ်ကိစ္စတို့တွင်ပြဿနာကြုံရတတ်တယ်
ရတနာသုံးပါးနှင့် မိဘ၊ ဆရာတု့ိအား ရိုသေကိုင်းရှိုင်းသော်လည်းမိစ္ဆာအယူကိုပါယူမိတတ်၏။သတိရှိပါဘဝတွင် မည်သို့သောအခက်အခဲကြုံသည်ဖြစ်စေ ကောင်းမွန်သန့်စင်စွာ အသက်မွေးဝမ်းကျောင်းပြုရတတ်ပြီးမင်းစိုးရာဇာချီးမြှောက်ခံရတတ်တယ်။စိတ်အပြောင်းအလဲမြန်သဖြင့် အလုပ်အပြောင်းအလဲလဲများတတ်တယ် မွေးဖွားရာဒေသမှ ဝေးရာသို့ ထွက်ခွာကြိုးစားလေ အောင်မြင်လေဖြစ်တတ်၏
သီတင်းကျွတ်လမွေးဖွားသူတို့သည် ကိုယ်စွမ်းကိုယ်စဖြင့် ကြိုးစားပြီးဘဝကိအထွဋ်အထိပ်ရောက်သွားတတ်ကြမည်။အစပိုင်းတွင်ခက်ခဲပြီးမှအလွန်အောင်မြင်သွားတတ်တယ် ဘဝတွင်အစွဲအလန်းကြီးသောစိတ်ကိုအားမာန်အဖြစ်ပြောင်းလဲသုံးစွဲပါတစ်နပ်စားဉာဏ်ဖြင့်ကြံခြင်းမရှိပါ။အလွန်စရိုက်ကောင်းတယ်။ဦးစီးဦးဆောင်နေရာတွင် အမြဲတမ်း နေရာပေးခြင်းခံရတတ်၏
မှန်ကန်ခြင်းတိကျခြင်းတည်ကြည်ခြင်းကြိုတင်ခန့်မှန်းမှုတွင်ကျွမ်းကျင်ခြင်း စွမ်းရည်တို့နှင့်ပြည့်စုံသည်။အထူးသဖြင့် နှင်းဆီပန်းပွင့် လှလှပိုစတာပုံများ အလုပ်ခန်း အိမ်ခန်းတွင်ချိတ်ဆွဲထားခြင်းဖြင့် လာဘ်အလွန်ရွှင်တတ်၏
Credit – thartharlay