ဗဟုသုတ
မြေနေရာမလိုပဲ အိမ်မှာအာလူးစိုက်ရင်း ဝင်ငွေရှာနည်း
အိမ်မှာနေရင်း ဝင်ငွေရှာလို့ရမယ့် နည်းလေးကို ပြောပြပါမယ်။အာလူးကို ပုံးထဲ သို့မဟုတ် အိတ်ထဲထည့်စိုက်မည်ဆိုလျှင်
၁။ အဓိကအနေနဲ့ မြေဆွေးမြေမွဖို့ အရေးကြီးပါတယ်
၂။ အာလူးကို အပင်ပေါက်အညှောက်လေးများ ထွက်လာသည်အထိ ထားထားပေးပါ။ထွက်ရှိလာတဲ့ အပင်အညှောက်လေးတွေကို ဓားဖြင့်လှီးယူ၍စိုက်ပျိုးလို့ရသလိုအလုံးလိုက်ထည့်စိုက်လို့လည်း ရပါတယ်
အိတ်ဖြင့်စိုက်မည်ဆိုပါက အိတ်အတွင်းထဲသို့မြေဆွေးမြေမွ သဲဆန်သောမြေကိုတစ်ပေခန့်ထည့်၍ အာလူးကို အနည်းဆုံး ၂ပင်၄အထိ့ ထည့်စိုက်ပါ
၃။ ထည့်စိုက်ပြီးပါက အာလူးအပေါ်မှ နောက်ထပ်မြေဆွေး ၄လက်မခန့် ဖုံးပေးထားပါ
၄။အာလူးအပင်ထွက်ရှိလာပါကအပင်၏အမြင့်ကိုကြည့်၍အိတ်ပြည့်သည်အထိ့မြေဆွေးကိုတစ်နေ့နည်းနည်းစီဖြည့်ပေးရပါမည်။ရေကိုအနည်းငယ်စိုရုံလောက်သာလောင်းပေးပါ
မြေသိပ်သွားမှာစိုးသည့်အတွက်အများကြီးလောင်းပေးစရာမလိုပါဘူး။တစ်ခုသတိပြုရမှာကတော့ တစ်အိတ်ထဲမှာအပင်ရေအများကြီးကိုထည့်မစိုက်ဖို့ပါ။အပင်ရေအများကြီးထည့်စိုက်မိလျှင် အပင်ကြပ်ပြီး ဥမဥနိုင်ဖြစ်တတ်ပါတယ်။ဥ ဥပါကလည်းမကြီးထွားပါ
အပင်ရေနည်းနိုင်သမျှနည်းလေကောင်းလေဖြစ်ပါတယ်။စတင်စိုက်ပျိုးသည်မှ ဥများဥသည့်အထိ အနည်းဆုံး အချိန် ၂လခန့်ကြာမြင့်တတ်ပါတယ်။ဒီလိုပုံးထဲသို့မဟုတ် အိတ်ထဲအာလူးကိုထည့်စိုက်ခြင်းဟာ
အဟာရဓာတ်မြေသြဇာ အလေအလွင့်မရှိသလိုပေါင်းမြက်လည်း ကင်းစင်၍ ဥလည်းပိုမိုကြီးထွားစေပါတယ်။ဓာတ်မြေသြဇာထည့်ပေးချင်ပါက တီစူပါပုလဲဓာတ်မြေသြဇာကို အနည်းငယ်ထည့်ပေးလို့ရပါတယ်
Credit မူရင်း
Zawgyi
အိတ်ဖြင့်စိုက်မည်ဆိုပါက အိတ်အတွင်းထဲသို့မြေဆွေးမြေမွ သဲဆန်သောမြေကိုတစ်ပေခန့်ထည့်၍ အာလူးကို အနည်းဆုံး ၂ပင်၎အထိ့ ထည့်စိုက်ပါ
Credit မူရင်း