ကျန်းမာရေး ဗဟုသုတ

လိပ်ခေါင်း ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်း

လိပ်ခေါင်း ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နည်း

လိပ်ခေါင်း ရောဂါ မဖြစ်အောင် ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ဝမ်းကိုပျော့နေအောင် ဝမ်းမချုပ်အောင် ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်

၁ အမျှင်ဓာတ်များများစားပါ

သစ်သီးဝလံ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတွေများများစားပေးပါ ဝမ်းပျော့စေပါတယ်

၂ အရည်များများသောက်ပါ

တစ်နေ့ကို ရေရှစ်ဖန်ခွက်လောက်သောက်ပေးရပါမယ်။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေကို သောက်ပေးရပါမယ်။ ဝမ်းပျော့စေပါတယ်

၃ ဝမ်းမညှစ်ပါနဲ့

ပုံမှန်ဝမ်းသွားနေတုန်းမှာပဲဖြစ်ဖြစ်၊ ဝမ်းချုပ်လို့ပဲဖြစ်ဖြစ် အသက်အောင့်ပြီး အားစိုက်ညှစ်ထုတ်ရင် ဝမ်းဗိုက်အတွင်းမှာ ဖိအားအများကြီးမြင့်တက်လာပါတယ်။ လိပ်ခေါင်းဖြစ်ဖို့အခွင့်အရေး တွေများလာစေပါတယ်

၄ ဝမ်းသွားချင်ရင် အောင့်မထားပါနဲ့

ပုံမှန်ဝမ်းသွားချင်လာတဲ့အခါ ဝမ်းမသွားချင်အောင် စိတ်ကိုချုပ်ထိန်းထားလိုက်ရင် ဝမ်းသွားချင် စိတ်ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါပေမဲ့ မစင်တွေက အူထဲမှာအချိန်ကြာကြာနေရရင် ခြောက်ပြီးမာလာပါတယ်။ နောက်ပိုင်းမှာ ဝမ်းသွားဖို့ ခက်ခဲလာပါလိမ့်မယ်

၅ ကာယလေ့ကျင့်ခန်းပြုလုပ်ပါ

ဝမ်းချုပ်တာကို ကာကွယ်ဖို့၊ သွေးပြန်ကြောတွေအပေါ် ဖိအားလျော့နည်းစေဖို့ ကိုယ်ကာယလေ့ကျင့်ခန်းကို မှန်မှန်ပြုလုပ်သင့်ပါတယ်။ တက်တက်ကြွကြွနေထိုင်သင့်ပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းပြုလုပ်လို့ ကိုယ်အလေးချိန်လျော့ကျသွားတာကလည်း ဝမ်းဗိုက်အတွင်းဖိအားလျော့နည်းစေတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်

၆ အချိန်ကြာကြာထိုင်ခြင်းကို ရှောင်ကြဉ်ပါ

အချိန်ကြာကြာထိုင်တာ အထူးသဖြင့် အိမ်သာထဲမှာ အချိန်ကြာကြာထိုင်တာဟာ စအိုဝမှာ ရှိတဲ့ သွေးပြန်ကြောတွေအပေါ် ဖိအားများစေပြီး လိပ်ခေါင်းရောဂါဖြစ်ဖို့ အခွင့်အရေးကိုများစေပါတယ်

Credit

လိပ္ေခါင္း ေရာဂါမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္နည္း

လိပ္ေခါင္း ေရာဂါ မျဖစ္ေအာင္ ကာကြယ္ဖို႔အတြက္ အေကာင္းဆုံးနည္းလမ္းက ဝမ္းကိုေပ်ာ့ေနေအာင္ ဝမ္းမခ်ဳပ္ေအာင္ ထိန္းသိမ္းထားဖို႔ျဖစ္ပါတယ္

၁ အမွ်င္ဓာတ္မ်ားမ်ားစားပါ

သစ္သီးဝလံ ဟင္းသီးဟင္း႐ြက္နဲ႕ ေကာက္ႏွံေတြမ်ားမ်ားစားေပးပါ ဝမ္းေပ်ာ့ေစပါတယ္

၂ အရည္မ်ားမ်ားေသာက္ပါ

တစ္ေန႕ကို ေရရွစ္ဖန္ခြက္ေလာက္ေသာက္ေပးရပါမယ္။ လတ္ဆတ္တဲ့ သစ္သီးေဖ်ာ္ရည္ေတြကို ေသာက္ေပးရပါမယ္။ ဝမ္းေပ်ာ့ေစပါတယ္

၃ ဝမ္းမညွစ္ပါနဲ႕

ပုံမွန္ဝမ္းသြားေနတုန္းမွာပဲျဖစ္ျဖစ္၊ ဝမ္းခ်ဳပ္လို႔ပဲျဖစ္ျဖစ္ အသက္ေအာင့္ၿပီး အားစိုက္ညွစ္ထုတ္ရင္ ဝမ္းဗိုက္အတြင္းမွာ ဖိအားအမ်ားႀကီးျမင့္တက္လာပါတယ္။ လိပ္ေခါင္းျဖစ္ဖို႔အခြင့္အေရး ေတြမ်ားလာေစပါတယ္

၄ ဝမ္းသြားခ်င္ရင္ ေအာင့္မထားပါနဲ႕

ပုံမွန္ဝမ္းသြားခ်င္လာတဲ့အခါ ဝမ္းမသြားခ်င္ေအာင္ စိတ္ကိုခ်ဳပ္ထိန္းထားလိုက္ရင္ ဝမ္းသြားခ်င္ စိတ္ေပ်ာက္ကြယ္သြားပါလိမ့္မယ္။ ဒါေပမဲ့ မစင္ေတြက အူထဲမွာအခ်ိန္ၾကာၾကာေနရရင္ ေျခာက္ၿပီးမာလာပါတယ္။ ေနာက္ပိုင္းမွာ ဝမ္းသြားဖို႔ ခက္ခဲလာပါလိမ့္မယ္

၅ ကာယေလ့က်င့္ခန္းျပဳလုပ္ပါ

ဝမ္းခ်ဳပ္တာကို ကာကြယ္ဖို႔၊ ေသြးျပန္ေၾကာေတြအေပၚ ဖိအားေလ်ာ့နည္းေစဖို႔ ကိုယ္ကာယေလ့က်င့္ခန္းကို မွန္မွန္ျပဳလုပ္သင့္ပါတယ္။ တက္တက္ႂကြႂကြေနထိုင္သင့္ပါတယ္။ ကိုယ္ကာယ ေလ့က်င့္ခန္းျပဳလုပ္လို႔ ကိုယ္အေလးခ်ိန္ေလ်ာ့က်သြားတာကလည္း ဝမ္းဗိုက္အတြင္းဖိအားေလ်ာ့နည္းေစတဲ့ အေၾကာင္းတစ္ခ်က္ျဖစ္ပါတယ္

၆ အခ်ိန္ၾကာၾကာထိုင္ျခင္းကို ေရွာင္ၾကဥ္ပါ

အခ်ိန္ၾကာၾကာထိုင္တာ အထူးသျဖင့္ အိမ္သာထဲမွာ အခ်ိန္ၾကာၾကာထိုင္တာဟာ စအိုဝမွာ ရွိတဲ့ ေသြးျပန္ေၾကာေတြအေပၚ ဖိအားမ်ားေစၿပီး လိပ္ေခါင္းေရာဂါျဖစ္ဖို႔ အခြင့္အေရးကိုမ်ားေစပါတယ္

Credit