ပျောက်ဖို့ခက်တဲ့ဆားဝက်ခြံတွေကို အပြတ်ရှင်းပေးမယ့် အိမ်တွင်းနည်းလမ်းကောင်း(၄)မျိုး
မျက်နှာပေါ်မှာ ဆားဝက်ခြံတွေရှိတာက အတော်လေးစိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး အလှလည်းပျက်ပါတယ်။
ဆားဝက်ခြံတွေရှိနေရင် သဘာဝအတိုင်းနေလို့လည်း အဆင်မပြေသလို၊ မိတ်ကပ်လိမ်းရင်လည်း အဆင်မပြေပါဘူး။
ဒီတော့ ဆားဝက်ခြံတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။
ဒီတော့ တစ်ပတ်တစ်ကြိမ်လုပ်ရုံနဲ့ မျက်နှာပေါ်ကဆားဝက်ခြံတွေကို အပြီးတိုင်ရှင်းလင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သံပရို၊ပျားရည်၊သကြား
သံပရိုသီးကိုထက်ခြမ်းခြမ်းပြီး ပျားရည်အနည်းငယ်လူးပါ။
အဲ့ဒီအပေါ်ကနေ သကြားအနည်းငယ်ဖြူးပြီး ဆားဝက်ခြံတွေရှိတဲ့နေရာမှာ ငါးမိနစ်လောက်ပွတ်တိုက်ပေးပြီး မျက်နှာသစ်ပေးလိုက်ပါ။
တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးရင် ဆားဝက်ခြံတွေ လုံးဝပျောက်ကင်းသွားပါလိမ့်မယ်။
(၂) သစ်ကြမ်းပိုးမှုန့်၊ဂျုံမှုန့်
သစ်ကြမ်းပိုးမှုန့်နဲ့ဂျုံမှုန့်ကိုဆတူရောပြီး ရေနွေးအနည်းငယ်နဲ့ရောပြီး အနှစ်ဖြစ်အောင်လုပ်ပါ။
ရလာတဲ့အနှစ်ကို ဆားဝက်ခြံရှိတဲ့နေရာမှာ ခပ်ထူထူလေးလိမ်းပြီး ၁၅ မိနစ်လောက်ထားပေးပြီး ရေနွေးလေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။
တစ်ပတ်တစ်ကြိမ်မှန်မှန်လုပ်သွားရုံနဲ့ ဆားဝက်ခြံတွေပျောက်ကင်းသွားပါလိမ့်မယ်။
(၃) အုန်းဆီ၊ကော်ဖီမှုန့်
အုန်းဆီထဲကို ကော်ဖီမှုန့်အနည်းငယ်ထည့်ပြီး ရေခဲသေတ္တာထဲမှာခဲထားလိုက်ပါ။
အဲ့ဒီ ကော်ဖီမှုန့်၊အုန်းဆီ အခဲလေးနဲ့ ဆားဝက်ခြံရှိတဲ့နေရာကို ပွတ်တိုက်ပေးပြီး ရေနွေးနဲ့မျက်နှာသစ်ပေးလိုက်ပါ။
တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးရင် ဆားဝက်ခြံတွေ လုံးဝပျောက်ကင်းနိုင်ပါတယ်။
(၄) အုတ်ဂျုံ၊ပျားရည်၊ဒိန်ချဉ်၊သံလွင်ဆီ
အုတ်ဂျုံနှစ်ဇွန်း၊ ပျားရည်နှစ်ဇွန်း၊ ဒိန်ချဉ်နှစ်ဇွန်း၊ သံလွင်ဆီနှစ်ဇွန်းတို့ကိုရောပြီး blender ထဲ ထည့်မွှေပါ။
ရလာတဲ့အနှစ်ကို ဆားဝက်ခြံရှိတဲ့နေရာမှာ ခပ်ထူထူလေးလိမ်းပြီး မိနစ် နှစ်ဆယ်ကြာတဲ့အခါ ရေနွေးလေးနဲ့ပြန်ဆေးချလိုက်ပါ။
တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် ဆားဝက်ခြံတွေလုံးဝရှင်းသွားပါလိမ့်မယ်။
written by PP
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))
ေပ်ာက္ဖို႔ခက္တဲ့ဆားဝက္ၿခံေတြကို အျပတ္ရွင္းေပးမယ့္ အိမ္တြင္းနည္းလမ္းေကာင္း(၄)မ်ိဳး
မ်က္ႏွာေပၚမွာ ဆားဝက္ၿခံေတြရွိတာက အေတာ္ေလးစိတ္အေႏွာက္အယွက္ျဖစ္စရာေကာင္းၿပီး အလွလည္းပ်က္ပါတယ္။
ဆားဝက္ၿခံေတြရွိေနရင္ သဘာဝအတိုင္းေနလို႔လည္း အဆင္မေျပသလို၊ မိတ္ကပ္လိမ္းရင္လည္း အဆင္မေျပပါဘူး။
ဒီေတာ့ ဆားဝက္ၿခံေတြကို ဖယ္ရွားပစ္ဖို႔လိုပါတယ္။
ဒီေတာ့ တစ္ပတ္တစ္ႀကိမ္လုပ္႐ုံနဲ႔ မ်က္ႏွာေပၚကဆားဝက္ၿခံေတြကို အၿပီးတိုင္ရွင္းလင္းႏိုင္မယ့္ နည္းလမ္းေကာင္းေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) သံပ႐ို၊ပ်ားရည္၊သၾကား
သံပ႐ိုသီးကိုထက္ျခမ္းျခမ္းၿပီး ပ်ားရည္အနည္းငယ္လူးပါ။
အဲ့ဒီအေပၚကေန သၾကားအနည္းငယ္ျဖဴးၿပီး ဆားဝက္ၿခံေတြရွိတဲ့ေနရာမွာ ငါးမိနစ္ေလာက္ပြတ္တိုက္ေပးၿပီး မ်က္ႏွာသစ္ေပးလိုက္ပါ။
တစ္ပတ္တစ္ႀကိမ္ပုံမွန္လုပ္ေပးရင္ ဆားဝက္ၿခံေတြ လုံးဝေပ်ာက္ကင္းသြားပါလိမ့္မယ္။
(၂) သစ္ၾကမ္းပိုးမႈန႔္၊ဂ်ဳံမႈန႔္
သစ္ၾကမ္းပိုးမႈန႔္နဲ႔ဂ်ဳံမႈန႔္ကိုဆတူေရာၿပီး ေရေႏြးအနည္းငယ္နဲ႔ေရာၿပီး အႏွစ္ျဖစ္ေအာင္လုပ္ပါ။
ရလာတဲ့အႏွစ္ကို ဆားဝက္ၿခံရွိတဲ့ေနရာမွာ ခပ္ထူထူေလးလိမ္းၿပီး ၁၅ မိနစ္ေလာက္ထားေပးၿပီး ေရေႏြးေလးနဲ႔မ်က္ႏွာသစ္ေပးလိုက္ပါ။
တစ္ပတ္တစ္ႀကိမ္မွန္မွန္လုပ္သြား႐ုံနဲ႔ ဆားဝက္ၿခံေတြေပ်ာက္ကင္းသြားပါလိမ့္မယ္။
(၃) အုန္းဆီ၊ေကာ္ဖီမႈန႔္
အုန္းဆီထဲကို ေကာ္ဖီမႈန႔္အနည္းငယ္ထည့္ၿပီး ေရခဲေသတၱာထဲမွာခဲထားလိုက္ပါ။
အဲ့ဒီ ေကာ္ဖီမႈန႔္၊အုန္းဆီ အခဲေလးနဲ႔ ဆားဝက္ၿခံရွိတဲ့ေနရာကို ပြတ္တိုက္ေပးၿပီး ေရေႏြးနဲ႔မ်က္ႏွာသစ္ေပးလိုက္ပါ။
တစ္ပတ္တစ္ႀကိမ္ပုံမွန္လုပ္ေပးရင္ ဆားဝက္ၿခံေတြ လုံးဝေပ်ာက္ကင္းႏိုင္ပါတယ္။
(၄) အုတ္ဂ်ဳံ၊ပ်ားရည္၊ဒိန္ခ်ဥ္၊သံလြင္ဆီ
အုတ္ဂ်ဳံႏွစ္ဇြန္း၊ ပ်ားရည္ႏွစ္ဇြန္း၊ ဒိန္ခ်ဥ္ႏွစ္ဇြန္း၊ သံလြင္ဆီႏွစ္ဇြန္းတို႔ကိုေရာၿပီး blender ထဲ ထည့္ေမႊပါ။
ရလာတဲ့အႏွစ္ကို ဆားဝက္ၿခံရွိတဲ့ေနရာမွာ ခပ္ထူထူေလးလိမ္းၿပီး မိနစ္ ႏွစ္ဆယ္ၾကာတဲ့အခါ ေရေႏြးေလးနဲ႔ျပန္ေဆးခ်လိုက္ပါ။
တစ္ပတ္တစ္ႀကိမ္လုပ္ေပးရင္ ဆားဝက္ၿခံေတြလုံးဝရွင္းသြားပါလိမ့္မယ္။
written by PP
(((( ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ ခင္ဗ်ာ ))))