ဗဟုသုတ အလှအပ

၁လအတွင်းတင်းတိပ်နှင့်မှဲ့ခြောက်များသိသိသာသာလျော့ပါးသွားစေမယ့်နည်းလမ်း

ရက်၃၀အတွင်းတင်းတိပ်နှင့်မှဲ့ခြောက်များသိသိသာသာလျော့ပါးသွားစေမယ့်နည်းလမ်း

၁လအတွင်းတင်းတိပ်နှင့်မှဲ့ခြောက်များသိသိသာသာလျော့ပါးသွားစေမယ့်နည်းလမ်းတင်းတိပ်တွေဟာမှဲ့လိုမထူဘဲပါးလွှာပြီး အရွယ်အစားပုံသဏ္ဍာန်မျိုးစုံဖြင့်မျက်နှာပေါ်မှာ

ပေါက်လေ့ရှိပါတယ်အရောင်အားဖြင့်အညိုရောင်ဖြစ်ကြပါတယ်တင်းတိပ်ပေါက်ခြင်းဟာအရေပြားဆိုင်ရာပျက်စီးမှုတစ်ခုပဲဖြစ်ပါတယ်တင်းတိပ်ပေါက်ရတဲ့အကြောင်းအရင်းတွေ

ကတော့နေပူထဲအထွက်များခြင်းဟော်မုန်းမညီမျှခြင်းနှင့်မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်ပါတယ်တင်းတိပ်ဟာမျက်နှာတင်မကနေအထိများသောခန္ဓာကိုယ်အစိတ်အပိုင်းများ

တွင်လည်းပေါက်ရောက်တတ်ပါတယ်ဒီလိုတင်းတိပ်မှဲ့ခြောက်တွေကိုလျော့ပါးသက်သာစေမယ့်အိမ်တွင်းနည်းလမ်းကောင်းများကိုရှာဖွေပေးထားပါတယ်

၁ ကြက်သွန်နီကြက်သွန်နီကိုခပ်ပါးပါးလှီးပြီးတင်းတိပ်များပေါ်ပွတ်ပေးပါပွတ်ပြီး၁၀
မိနစ်၁၅မိနစ်ခန့်ကြာလျှင်ရေဖြင့်စင်ကြယ်စွာဆေးကြောပါတစ်နေ့၂ကြိမ်ဖြင့်လျော့ပါးသွားသည်အထိပြုလုပ်နိုင်ပါသည်ကြက်သွန်နီကိုအရည်ညှစ်ပြီးတော့လည်းထိုနည်းအတိုင်းပွတ်ပေးကာအသုံးပြုနိုင်ပါသည်

၂ သံပုယိုရည်သံပုယိုရည်ကိုတင်းတိပ်ရှိရာပေါ်သို့ပွတ်ပေးကာခပ်ဖွဖွနှိပ်နယ်ပေးပါ၁၅မိနစ်ခန့်ထားပြီးလျှင်ရေနွေးနွေးဖြင့်ဆေးကြောပါတစ်နေ့ ၂ကြိမ်ပြုလုပ်ပေးပါနောက်ထပ်နည်းလမ်းတစ်မျိုးကတော့ scrubလုပ်တဲ့နည်းလမ်းပါသံပုယိုသီးတစ်ခြမ်းကိုအရည်

ညှစ်ပြီးသကြားလက်ဖက်ရည်ဇွန်း၁ဇွန်းခွဲခန့်ရောကာတင်းတိပ်ရှိရာအရေပြားပေါ်သို့ညှင်သာစွာပွတ်ပေးပါမိနစ်အနည်းငယ်ခန့် ကြာသွားလျှင်ရေဖြင့်ဆေးကြောပေးလိုက်ပါဒီနည်းလမ်းကိုတော့တစ်ပါတ်လျှင်၁ကြိမ်သို့၂ကြိမ်ပြုလုပ်ပေးရမှာပါ

၃ ကြက်ဆူဆီကြက်ဆူဆီကတင်းတိပ်သက်သာစေဖို့အတွက်လည်း အသုံးဝင်ပါသေးတယ်ညဘက်အိပ်ရာဝင်ခါနီးတိုင်းကြက်ဆူဆီကိုလိမ်းအိပ်ပါမနက်ခင်းတစ်သျှူးဖြင့်မျက်နှာပေါ်ကဆီတွေကိုအရင်ဖယ်ရှားလိုက်ပြီး ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်ပါဒီနည်းကိုနေ့စဉ်ပြုလုပ်ခြင်းဖြင့်သိသိသာသာကိုလျော့ပါးသက်သာလာတာမြင်တွေ့ရမှာပါ

၄ ခရမ်းသီးဒီနည်းလမ်းကတော့လူသိနည်းမယ့်နည်းလမ်းထင်ပါတယ်စာရေးသူကိုယ်တိုင်လည်းမမြင်ဖူးမလုပ်ဖူးတဲ့နည်းလမ်းပါခရမ်သီးမှာantioxidantsပေါကြွယ်ဝပြီးတင်းတိပ်တွေကိုဖယ်ရှားပေးနိုင်တယ်လို့ဆိုပါတယ်ခရမ်းသီးကိုခပ်ပါးပါးလှီးပြီးတင်းတိပ်ရှိရာပေါ်သို့တင်ကာစက်ဝိုင်း

လည်ပတ်ပုံအတိုင်းညှင်သာစွာပွတ်ပေးပါပြီးနောက်၁၅ မိနစ်ခန့်ထားပြီးရေဖြင့်ဆေးကြောလိုက်ပါနေ့စဉ်ပုံမှန်ပြုလုပ်မယ်ဆိုတစ်ပါတ်အတွင်းမှာကိုသိသာထင်ရှားတဲ့ရလဒ်မြင်တွေ့ရ

မှာပါရက်သတ္တပါတ်အနည်းငယ်ကြာပြီးတဲ့အခါမှာတော့တင်းတိပ်များကင်းပျောက်သလောက်နီးပါးကိုဖြစ်သွားတာမြင်ရမှာပါ

Credit