ဗဟုသုတ အလှအပ

သင့်ဆံပင်တွေကို ဖားလျားချပြီး ဘာကြောင့် မအိပ်စက်သင့်တာလဲ

သင့်ရဲ့ ဆံပင်တွေဟာ သင့်အသားအရေလိုမျိုး ဂရုစိုက်ဖို့နှင့် လှပနေဖို့ လိုအပ်ပါတယ်။ ကျွန်မတို့က အိပ်ရာမဝင်ခင် ကျွန်မတို့ရဲ့အသားအရေကို ပြင်ဆင်မှုများစွာ ပြုလုပ်သလို ကျွန်မတို့ရဲ့ဆံပင်ကိုလည်း ထပ်တူဂရုစိုက်ပေးသင့်ပါတယ်။

အကယ်၍သင့်ရဲ့ဆံပင်တွေကို ဖားလျားချပြီး အိပ်စက်မယ်ဆိုရင် ဖြစ်လာတတ်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို မျှဝေပေးချင်ပါတယ်

၁ သင့်ရဲ့ မနက်ခင်းကtangle hairတွေနဲ့ နှိုးထလာပါလိမ့်မယ်သင်အိပ်ပျော်သွားစဉ်မှာတော့ သင့်ရဲ့ ဆံပင်တွေက ပုံစံတကျရှိကောင်းရှိပါလိမ့်မယ်။သို့ပေမယ့် ခေါင်းအုံးပေါ် ဆံပင်ရောက်သွားတဲ့အခါ လူးလွန့်လှုပ်ရှားရင်း သင့်မနက်ခင်းတွေက ရှုပ်ထွေးနေတဲ့

ဆံပင်တွေနဲ့သာ နှိုးထလာပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ ၎င်းက ဆံပင်တွေ ကျိုးခြင်း ကြေမွပျက်စီးခြင်းတွေဖြစ်စေပြီး ၎င်းဆံပင်တွေကို အားနည်းစေနိုင်ပါတယ်

၂ သင့်ဝက်ခြံတွေဟာ ဆံပင်တွေကြောင့် ဖြစ်နိုင်ပါတယ်သင့်အသားအရေက ထိခိုက်လွယ်သော အသားအရေအမျိုးအစားဖြစ်မယ်ဆိုရင် သင့်ရဲ့ ဆံပင်တွေကို ဂရုစိုက်ပြီး ဝက်ခြံရန်မှ ကာကွယ်ပါ

သင့်ဆံပင်ပေါ်မှာ စုပုံနေတဲ့ ဆံပင်ထုတ်ကုန်အမျိုးမျိုးနှင့် conditioners တွေဟာ ညဘက်မှာ သင့်မျက်နှာတွေကို ထိတွေ့နေပြီးသင့်ရဲ့ ချွေးပေါက်တွေကို ပိတ်ဆို့နိုင်ပါတယ်။ တစ်ဆက်တည်းမှာ ၎င်းက သင့်အရေပြားကို ယားယံစေပါတယ်။ တကယ်တော့

ဆံပင်ရှည်တွေဟာ သူတို့ရဲ့ နောက်ကျောပေါ်မှာတောင် ဝက်ခြံတွေထွက်လာနိုင်တာကြောင့် အိပ်နေစဉ်အတွင်း သင့်ဆံပင်ကိုတစ်ခုခုနဲ့ ထိန်းသိမ်းထားခြင်းက သင့်ကို ဝက်ခြံတွေရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်

၃ ခြောက်သွေ့ပွလန်နေတဲ့ဆံပင်ပုံစံမျိုးတွေ ပြောင်းလဲသွားပါလိမ့်မယ်သင့်ရဲ့ ခြောက်သွေ့ပွယောင်းနေတဲ့ ဆံပင်အတွက် ကမ္ဘာပေါ်က ရှိရှိသမျှထုတ်ကုန်တွေကို စမ်းသပ်အသုံးပြုနေပြီးဖြစ်တယ်လို့ ထင်ကောင်းထင်ပါတယ်။ သို့ပေမယ့် အိပ်ချိန်အတွင်း ဆံပင်ကို ဖားလျားချ

ထားခြင်းက သင့်ဆံပင်ရဲ့ အစိုဓာတ်ပါဝင်မှုကို ဆုံးရှုံးစေနိုင်ပါတယ်။ သင့်ခေါင်းအုံးက သင့်ရဲ့ ဆံပင်တွေရဲ့ခြောက်သွေ့မှုအတွက် တာဝန်ရှိပါတယ်။ အကြောင်းရင်းကတော့ ဆံပင်တွေကို ပွတ်တိုက်တာများလေလေအစိုဓာတ်ပိုများလေလေပဲဖြစ်ပါတယ်

၄ ဆံပင်များ အဖျားကွဲခြင်းဆံပင်အရှည်တစ်လျှောက်လုံးမှာ အဖျားကွဲခြင်းက သင့်ဆံပင်က ကျန်းမာရေးနှင့် မညီညွှတ်ကြောင်း ပြသနေခြင်းဖြစ်ပါတယ်။ တကယ်တော့ ဆံပင်အဖျားကွဲခြင်းဟာ သင့်ခေါင်းအုံး‌ ကြောင့်လည်း ဖြစ်နိုင်ပါတယ်

၅ သင့်ရဲ့ ဆံပင်တွေက သင့်ရဲ့ အိပ်စက်ခြင်းအရည်အသွေးကိုလည်း ထိခိုက်စေနိုင်ပါတယ်
သင့်ရဲ့ ဖားလျားဆံပင်တွေနဲ့ အိပ်စက်ခြင်းက ညဘက်တွေမှာ အရူးအမူးအိပ်ချင်ရုံမကဘဲ မနက်ခင်းတွေမှာတောင်မနှိုးထချင်အောင် ဖြစ်တတ်ကြပါတယ်။ ဒါ့ကြောင့် သင့်အိပ်စက်ခြင်းအရည်အသွေးတွေကလည်း ကျဆင်းသွားနိုင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ ဆံပင်တွေကို စည်းနှောင်ပြီးဖြစ်ဖြစ် တစ်ခုခုနဲ့ အုပ်ပြီးဖြစ်ဖြစ် အိပ်စက်ပါ။အိပ်စက်နေချိန်အတွင်းသင့်ရဲ့ ဆံပင်တွေကို ဘယ်လိုကာကွယ်မလဲသင်အိပ်စက်နေချိန်မှာ သင့်ရဲ့ ဆံပင်တွေကို ပိုနီတေးစည်းနှောင်ပြီး အိပ်စက်ခြင်းက

အန္တရာယ်များပေမယ့် သင့်အတွက် လွယ်ကူသော တစ်ခြားနည်းလမ်းတွေလည်း ရှိပါတယ်။ ပဝါဖြင့် ဆံပင်တွေကိုအုပ်စည်းထားခြင်း ပိုး သို့ ဖဲပဝါတွေက သင့်ရဲ့ ဆံပင်အဖျားတွေကို ကျန်းမာစေပြီး သင့်ဆံပင်ရဲ့ အစိုဓာတ်ကို စုပ်ယူမှာမဟုတ်ပါဘူး။ ခေါင်းစည်းကွင်းဖြင့် ဖွဖွစည်းထားခြင်းတို့လည်း ပြုလုပ်နိုင်ပါတယ်။credit