ဗဟုသုတ

မြွေတစ်ကောင် (အန္တရာယ်ရှိတဲ့မြွေ)အဆိပ်ရှိမရှိ မြင်တာနဲ့ သိနိုင်တဲ့ အချက် (၇)ချက်

ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်းရာချီရှိပြီး အဆိပ်မရှိတဲ့မြွေမျိုးစိတ်တွေလည်းရှိပါတယ်။ ဘယ်သူမဆို မြွေဆိုတဲ့သတ္တဝါကိုမြင်တာနဲ့ အဆိပ်ရှိတယ်လို့ပဲသတ်မှတ်ပြီး ဝေးဝေးကရှောင်ကြလေ့ရှိပါတယ်။

ဒါပေမယ့် ကိုယ်မြင်တဲ့မြွေဟာ အဆိပ်ရှိမရှိကို မြင်တာနဲ့သိနိုင်တယ်ဆိုရင် ပိုမကောင်းဘူးလား ။ အခုလည်း မြွေကို ကြည့်ရုံအဆိပ်ရှိမရှိသိနိုင်မယ့်နည်းလမ်းလေးတွေကိုပြောပြသွားမှာပါ

၁ မျက်လုံး အဆိပ်မရှိတဲ့မြွေတွေရဲ့မျက်လုံးထဲမှသူငယ်အိမ်ကတော့ခပ်ဝိုင်းဝိုင်းအနေအထားရှိတဲ့ အဆိပ်ရှိတဲ့မြွေတွေကတော့ ဒေါင်လိုက်ရှည်မြောမြောအနေအထားရှိပါတယ်

ဒါပေမယ့် အာဖရိကမှမြွေဟောက်နက် မြွေပွေး မျိုးစိတ်တွေနဲ့ တာပန်မြွေတွေကတော့ အဆိပ်ရှိပေမယ့် ခပ်ဝိုင်းဝိုင်းသူငယ်အိမ်ရှိပါတယ်

၂ အပူအာရုံခံပေါက် များသောအားဖြင့် အဆိပ်ရှိတဲ့မြွေတွေမှာ မျက်လုံးနဲ့နှာခေါင်းကြားအလည်တည့်တည့်မှာ သားကောင်တွေကိုအာရုံခံနိုင်မယ့် အပူအာရုံခံပေါက်ပါရှိပါတယ်

၃ ပါးပျဉ်း အဆိပ်ရှိတဲ့မြွေအများစုဟာ လည်ပင်းသေးငယ်ပြီးတော့ ပါးပြင်းခွက်လေ့ရှိပါတယ် ။ အဆိပ်မရှိတဲ့မြွေတွေကတော့ ခေါင်းခပ်လုံးလုံးပုံသဏ္ဍာန်ရှိပါတယ်

၄ အမြှီး အဆိပ်မရှိတဲ့မြွေတွေရဲ့ အမြှီးဟာ အကြေးခွံနှစ်ထပ်ဖြစ်နေလေ့ရှိပြီး အဆိပ်ရှိတဲ့မြွေတွေရဲ့အမြှီးကတော့ အရစ်အရစ်ပုံစံမျိုးပေါ်နေလေ့ရှိပါတယ်

၅ အရောင် အဆိပ်ရှိတဲ့မြွေအများစုဟာ အလွန်ထင်ရှားတဲ့အရောင်ရှိပြီးတော့ မြင်တာနဲ့သိနိုင်လောက်အောင် တောက်ပတဲ့ အရောင်မျိုးတွေရှိပါတယ်။မြွေဟောက်နဲ့မြက်လျောမြွေတွေကတော့ အရောင်ခပ်မှိုင်းမှိုင်းရှိတတ်ပြီး မြက်လျောမြွေဟာလည်ပင်းမှာ အဝါရစ်လေးပါတတ်ပါတယ်

၆ အကြေးခွံပုံစံ မြွေရဲ့အကြေးခွံပုံစံဟာ တြိဂံပုံစံမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ ဒီမြွေဟာအဆိပ်ရှိတာသေချာနေပါပြီ

၇။ ရေကူးခြင်း အဆိပ်ရှိတဲ့မြွေတွေဟာ ခေါင်းဖော်ပြီးရေကူးလေ့ရှိပြီးတော့ အဆိပ်မရှိတဲ့မြွေတွေကတော့ ရေအောက်ကိုငုပ်လျိုးပြီးကူးခတ်သွားလာလေ့ရှိကြပါတယ်Credit