ဗဟုသုတ

မိသားစုတစ်စုကို ဆင်းရဲစေနိုင်တဲ့ အကြောင်းအရင်းများ

လူသားအားလုံး အတွက် အကျိုးရှိစေတာမို့ ဖတ်ဖြစ်အောင် ဖတ်လိုက်ပါနော်

ကျနော်တို့လူသားတိုင်း မှာ မိသားစု အသိုက်အမြုံ ဆိုတာ ရှိကြပါတယ် သက်ရှိသတ္တဝါတိုင်းမှာ လည်း မိသားစုဆိုတာရှိကြစမြဲပါ ဒီမိသားစုဆိုတဲ့ လှပတဲ့ အဓိပ်ပါယျလေးက

အရမ်းကို လေးနက်မှု ရှိသလို ပျော်ရွှင်အေးချမ်းဖွယ် မေတ္တာကမ္ဘာလေး ဆိုလည်း လုံးဝ မမှားပါဘူး။ တစ်ဦးနဲ့တစ်ဦး အမှီသဟဲ ပြုပြီး နေထိုင်နေကြတာ ပဲဖြစ်ပါတယ်

ကဲကျနော့်အနေနဲ့ လူသား အားလုံးအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းသော မိသားစုဘဝလေးကို ပိုင်ဆိုင်စေလိုသော မေတ္တာဖြင့်ထောက်ပြစရာလေး အနည်းငယ်တော့ရှိပါတယ် အဲ့ဒါကဘာလဲဆိုတော့ အိမ်ထောင်စု တစ်စု မိသားစု တစ်စု ဘာ့ကြောင့် ဆင်းဆင်းရဲရဲ ဒုက္ခတွေ ကို ရင်ဝယ်ပိုက်နေရသလဲ ဆိုတာလေးပါ

လူတိုင်းသိထားသင့်သလို၊ လိုက်နာ ဆောင်ရွက်သင့်မယ်လို့လည်း ကျနော့်အနေနဲ့တွေးထင် မိပါတယ် ကျနော်အနေနဲ့ မိသားစုတစ်ခုလုံး ဆင်းရဲတွင်းထဲနက်နက်စေတဲ့အချက်လေး တွေ ကတော့

၁ အိမ်ထောင်ဦးစီး မပီသတဲ့ အိမ်ထောင်ဦးစီး
အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီး လုပ်တဲ့သူ တစ်နည်း အားဖြင့် အဖေ ကို အဓိကထားစေချင်တာပါ။ အိမ်ထောင်ဦးစီးညံ့ဖျင်းရင်လည်း ဒီအိမ်ဟာဆင်းရဲမှာပဲ၊ အိမ်ထောင်ဦးစီအနေနဲ့မိန်းမယူ၊ ကလေးမွေးရုံ လောက်နဲ့တော့ အိမ်ထောင်ဦးစီးမခေါ်ထိုက်သေး ပါဘူး

မိသားစုတာဝန်တွေကို ထမ်းဆောင်းပေးရမယ့် တာဝန်တွေ ရှိသလို၊ စီးပွားရေး လုပ်ငန်းတွေအတွက် လည်း ဆွေးနွေး တိုင်ပင်မှုတွေရှိမှာပဲ၊ ပစ္စုပ္ပန် အနာဂတ် ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတဲ့ အတွေး အမြင်တွေလည်းရှိသင့် ရှိထိုက်ပါတယ်။

မိသားစုအရေးတွေကို လည်းရင်ကော့ခေါင်းမော့ပြီး ရှေ့က ဦးဆောင်မှုတွေလည်း လုပ်ကိုင်ဆောင်ရွက် သင့်ပါတယ်။ ကဲအဲ့လိုမှမဟု တ်ပဲ တစ်နေ့ တစ်နေ့ စားလောက်ရုံလေး လုပ်မယ်၊ အိမ်ပြန် ထမင်းစား၊ အိပ်၊ထ၊စား၊သွား ဆိုယုံလောက်ပဲ လုပ်နေရင်တော့ ဒီအိမ်ဟာ သေချာတယ် ဆင်းရဲတွင်းထဲရောက်ပြီး ဒုက္ခတွေ တန်းစီပြီး ဝင်နေမှာပဲဒါ့ကြောင့် ဒီအိမ်ဟာ ဆင်းရဲနေမှာပဲ

၂ အိမ်တွင်းသူခိုး

ဒီအချက်ကတော့ အရေးကြီးတယ်အိမ်တစ်အိမ်မှာ အိမ်တွင်းသူခိုးရှိနေရင်လည်း ဒီအိမ်ဟာ ဆင်းရဲမှာ ပဲ အိမ်ထောင်ဆိုတာ လင်နဲ့မယား နှစ်ဦး တည်ဆောက် ထားတာပါ။

အဲ့ဒီမှာပြဿနာတစ်ခု ကယောက်ျားဖြစ်စေ၊ ဇနီးမယားဖြစ်စေတစ်ယောက်ယောက်ကအိမ်တွင်းသူခိုး ဖြစ်နေရင်သေချာတယ်ဆင်းရဲပြီဆိုလိုတာက ကိုယ့်ဘက်ကိုပဲကြည့်တတ်တဲ့ သူကိုဆိုလိုတာပါ။ ကိုယ့်အိမ်မှာဖြင့်စားမလောက်သေးဘူး၊ကိုယ့်အမျိုးဆီ ကိုခိုးခိုးပေးနေတာ မိသားစုရှေ့ရေးကို သိပ်မတွေးဘူး။

ထင်တိုင်းကျဲနေတာမျိုး ထမင်းမငတ်ရုံတမယ်ပဲ ရပ်တည်နေသ၍တော့ အဲ့ဒီအိမ်ဟာ ဆင်းရဲမှာပဲ နောက်တစ်နည်းက အရက်သောက်တတ်တဲ့ယောက်ျား ကလည်းခိုးမှာပဲ၊ ချဲတွေ နှစ်လုံးတွေထိုးတတ်တဲ့မိန်းမ ကလည်း ခိုးမှာ။အဲဒါဆိုသေချာတယ် ဒီအိမ်ထောင်စု ဟာ ဆင်းရဲ နေမှာပဲ

၃ မတည့်အတူနေမိသားစု

အိမ်တစ်အိမ်မှာ မိသားစုဆိုတာ ဖြစ်ပေါ်လာမှာပဲ အဲ့မိသားစုတွေမှာပဲ ပြဿနာတစ်ခုက အကြီးနဲ့အငယ် မတည့်တာ၊ အမနဲ့ညီမ မတည့်တာစတဲ့ စကားများ ရန်ဖြစ်တတ်တာတွေအစုံပေါ့ အိမ်တစ်အိမ်ဟာ ဘယ်တော့မှ သာယာမှုမရှိဘူး၊

နေ့တိုင်းလိုလို စကား များတတ်တယ်၊ မသိရင် သူစိမ်းတွေလိုပဲ။ သူ့ကိုလည်း အဖတ်မလုပ် င့ါကိုလည်းမလေးစား ဖြစ်နေရင်တော့ အဲ့ဒီ့ အိမ်ထောင်စုဟာ လဲပြိုပြီး ဆင်းရဲတွင်းထဲ လွတ်မြောက် နိုင်မှာမဟုတ်ပါဘူး

၄ အိမ်နီးချင်းကောင်းမရှိခြင်း

လူဆိုတာ လူ့အသိုင်းအဝိုင်းထဲမှာနေတတ်မှ လူနဲ့ တူတာပါ။ အဲ့လိုမှ မဟုတ်ရင်တော့ လူဖြစ်တယ် ဆိုရုံပဲ သုံးလို့ရ ပါတယ်။ လူလို့ မခေါ် ထိုက်လောက်ပါဘူး။

အဓိကပြောချင်တာက ကိုယ်နေတဲ့ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် နေစေချင်တာပါ အဲ့လိုမှမဟုတ်ပဲ သူနဲ့ငါ့အကြောင်းပြော၊ ငါနဲ့တွေ့ရင်သူ့အကြောင်းပြော လောကကြီးကိုအကောင်းမမြင်တတ်ဘူးဆန့်ကျင်ဘက် အတွေးတွေရှိနေသ၍တော့ ဘယ်တော့မှအဆင်ပြေနိုင် မှာ မဟုတ်ပါဘူး ။

အဲ့လိုလူမျိုးကို ဘယ်လိုပုဂ္ဂိုလ် ကမှ လည်း ဖေးမစောင့်ရှောက်နေမှာ မဟုတ်တဲ့အတွက် ဆင်းရဲနေမှာပဲ ဘယ်တော့မှ အဆင်ပြေပြေနဲ့ ခရီး ဆက်နိုင်နေမှာမဟုတ်တဲ့အတွက် ဒီအိမ်ဟာလည်း ဆင်းရဲနေမှာပဲ

ကျနော်ပြောတဲ့ဒီအချက်တွေတစ်ချက်ချက်နဲ့ငြိနေတယ် ဆိုရင် ဒီမိသားစုရဲ့အနာဂတ်ဟာ လှပနေမှာ မဟုတ်နိုင် တဲ့အတွက်စာ ဖတ်ပရိတ်သတ်တွေလည်းဒီအချက်လေး တွေ ကို ရှောင်ကျဉ်နိုင်ကြမယ်ဆိုရင် ဝမ်းသာပါတယ်။

ဒီအချက်တွေနဲ့လွတ်မြောက်နိုင်မယ်ဆိုရင် အေးချမ်းလှ တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ အေးချမ်းပြီးပျော်ရွှင်လှတဲ့ မိသားစုဘဝလေးကို လူသားတိုင်း ပိုင်ဆိုင်နိုင်ကြပါစေ လို့ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ် မိသားစုအားလုံး သာယာချမ်းမြေ့နိင်ကြပါစေCredit