ဗဟုသုတ

ဒီအချက်တွေက သင့်ကိုဆင်းရဲတွင်းထဲ ဆွဲခေါ်နိုင်တယ်

ဒီအချက်တွေက သင့်ကိုဆင်းရဲတွင်းထဲ ဆွဲခေါ်နိုင်တယ်

၁ မစဉ်းစားပဲသုံးတယ်

ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် ၁၀ နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကိုထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ် လိုအပ်တာ နဲ့ လိုချင်တာ ကိုမခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ် ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ်

၂ ဘဝ ကို အကြွေးရှိအောင်လုပ်ခြင်း

သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ credit အကြွေး ကဒ်တစ်ခုခုအကြွေး အပြင်က

အကြွေး အရစ်ကျပေးချေခြင်းအကြွေး စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ

၃ ငွေရေးကြေးရေးအပိုင်း အသေးစိပ်မထိန်းသိမ်းခြင်း

ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း ငွေရေးကြေးရေးအပိုင်းမှာကိုယ့်အကျိုးကိုမသိခြင်း ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း ဒီလို မျိုး

အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ် ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ

၄ အပိုငွေ အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း

ငွေရေးကြေးရေး plan မချခြင်း အနာဂတ် သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကိုအမြဲတမ်းကြုံစေပါတယ်
ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း ၃ ခု
၁ ဝင်ငွေ ထွက်ငွေအရင်း
၂ ငွေရေးကြေးရေး အခြေအနေ အရင်း
၃ ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် သိတယ်ဆိုရင် ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ်

၅ စုငွေကို အထင်သေးခြင်း

စုငွေရဲ့ အ ဓိ က အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ

၆ ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံတယ်

ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘောနဲ့တူတူပါပဲ ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိသင့်ပါတယ် ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်

၇ ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး

ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ် ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ ဝင်ငွေရှာပါ ငွေဝင် ငွေထွက်ကို control လုပ်ပါ ငွေစုပါ ပြီးရင် အရင်းအနှီးလုပ်ပါ ဒီနေ့ကနေစပါ

ဒီ ၇ ချက်ထဲမှာ သင်အကျင့်ရှိပါသလား ??
ရှိတယ်ဆိုရင် မှတ်ထားပါcrd