ဒီအချက်တွေက သင့်ဘဝတိုးတက်ခြင်းကို လွဲချော်သွားစေနိုင်တယ်
၁ ဆင်ခြေအရမ်းများတယ်
တစ်ခုခုကို မလုပ်ချင်ရင် လုပ်လိုစိတ်မရှိရင် အကြောင်းပြချက်တွေ ဆင်ခြေတွေ ရာထောင်မက ရှာတွေ့နိုင်ပါတယ်။ တကယ့်လုပ်ချင်တဲ့လူတွေအတွက်ကျတော့ နည်းလမ်းအမြဲရှာတွေ့ပါတယ်။
၂ တစ်ခုခုကို အမြဲကြောက်တယ်။
ဆုံးရူံးမှာကြောက်တယ်။အဆင်မပြေမှာကြောက်တယ်။သူများဟားမှာကြောက်တယ်။အခက်တွေ့မှာကြောက်တယ်။ဂုဏ်ငယ်မှာကြောက်တယ်။အမြဲကြောက်စိတ်နဲ့ အကြောက်သံသရာမှာပဲလည်နေတယ်။
၃ သင်ယူဖို့ ငြင်းဆန်တယ်
လုပ်လည်းမလုပ်တတ်ဘူး။ သင်ဖို့လည်းအချိန်မပေးချင်ဘူး။ ပိုက်ဆံတော့ များများရချင်တယ်။ အခုရေတွင်းတူး၊ အခုရေကြည်သောက်ချင်တယ်။
၄ ချီတုံချတုံ ဖြစ်တယ်
နားယောင်လွယ်တယ်။ သူများကို အကြံတောင်းလွန်းတယ်။ ဟိုလိုလို ဒီလိုလို ချီတုံချတုံ ဖြစ်တယ်။
၅ အချိန်ဆွဲတယ်
မပြီးဆုံးနိုင်တော့တဲ့ မနက်ဖန်များစွာနဲ့ ဘယ်တော့မှ မစဖြစ်တော့ပါဘူး
၆ ကောက်ရိုးမီးဆန်တယ်။ အဖျားရူးတယ်
ဘာလုပ်လုပ်၊ အစပိုင်းအရမ်းတက်ကြွတယ်။ ကောက်ရိုးမီးလိုပါပဲ။ ခဏလေးတောက်တယ်။ အဖျားရူးရူးသွားတယ်။
၇ သူများငြင်းဆိုမှာကို အမြဲစိုးရိမ်တယ်
သူများ No ပြောမှာကို အရမ်းကြောက်တယ်။ အရမ်းစိုးရိမ်ကြီးတယ်။ မစခင်မှာပဲ လက်လျှော့သွားတတ်တယ်။
၈ ကိုယ့်ကိုယ်ကို ဘောင်ခတ်တယ်
ဟိုအလုပ်တော့ မသင့်တော်ဘူး။ ဒီအလုပ်တော့ ငါ့အဆင့်နဲ့ဆိုရင် သိမ်ငယ်တယ်။ ခရီးဝေးဝေးသွားဖို့ မိဘနဲ့ မခွဲနိုင်ဘူး။ အနီးအနား စက်ရုံတွေကျတော့ လုပ်ခနည်းတယ်။ မျက်နာငယ်မှာ ဆိုးလို့၊ အမျိုးပြောမှာကြောက်လို့ စသည် ဖြင့် ဘောင်အမျိုးမျိုး ကနေ ရုန်းမထွက်တော့ပါဘူး
၉ လက်တွေ့မဆန်ဘူး
အမြဲစိတ်ကူးယဉ်တယ်။ စိတ်ကူးယဉ်တာအပြစ်မပြောလိုပေမဲ့ ပထမခြေလှမ်း မစဖြစ်တာကပြဿနာပါ။ကံကောင်းမူတွေ၊ လဘ်လာဘတွေ တစ်ခါထဲ နတ်သကြားဆီက ကျလာတော့မဲ့အတိုင်းပါပဲ။ ကံကောင်းအောင် အမြဲမျှော်လင့်နေတဲ့လူစားမျိုးပါ။ ဗေဒင်မေး ဝါသနာပါတဲ့လူစားမျိုးပါ။ အမြဲထီထိုးတတ်ပါတယ်
ကျနော်ကတော့ အချို့အချက်တွေငြိနေသလိုပဲ။ ပြုပြင်ရတော့မှာပေါ့။သင်ကော တစ်ချက်ချက်နဲ့ တိုက်ဆိုင်မိပါသလား
Credit