ဗဟုသုတ

အရမ်းကောင်းလို့ခဏခဏဖတ်သင့်တဲ့  ပညာရှင်များ၏ အဆိုအမိန့်များ

ပညာရှင်များ၏ အဆိုအမိန့်များ

၁ ထိပ်ဆုံးကိုရောက်ချင်ရင်လိုအပ်တဲ့အခါအားလုံးကိုစွန့်လွှတ်ဝံ့ရဲရတယ်
၂ အကြီးမားဆုံးအခက်အခဲဟာအကြီးမားဆုံးအခွင့်အရေးလည်းဖြစ်နိုင်တယ်

၃ လောကမှာမသိတဲ့အရာကိုသိဟန်ဆောင်တာလောက် ပင်ပန်းဆင်းရဲတာမရှိဘူး
၄ မာန်မဲခြင်းဟာထောင်လွှားမူပါပဲ ပညာရှိဆိုတနား၀င်အောင်ဆုံးမတတ်တယ်

၅ မနာလို၀န်တိုမူဆိုတာ မိမိကိုမိမိယုံကြည်မူနည်းပြီးအလိုလောဘကြီးသူတွေမှာဖြစ်တတ်တယ်
၆ အနိုင်ရှိမယ်အရှုံးရှိမယ် စိတ်လှူပ်ရှားမှုတွေရှိမယ်အဲဒါဘ၀ပဲ

၇ ခြွေရံသင်းပင်းကို ငွေကဖန်တီးနိုင်တယ် ဗီဇစရိုက်ကိုတော့ဘုရားကတောင် မပြုပြင်နိုင်ဘူး
၈ ရည်မှန်းချက်ထာပြီးရင်ရောက်အောင်လျှောက်ပါ လမ်းဆိုတာအလိုလိုပေါ်လာတတ်တယ်။

၉ မြေခွေးကြားထဲမှာနေရင် မြေခွေးလိုအူရဲရမယ်
၁၀ ပျင်းရိညည်းငွေ့ခြင်းကိုစွန့်လွှတ်ကြည့်ပါဘ၀အတွက်အချိန်တွေသိပ်နည်းနေပြီဆိုတာ ထိတ်လန့်ဖွယ်တွေ့ရလိမ်မယ်

၁၁ ဆင်းရဲတွင်းထဲကိုဝုန်းခနဲတွန်းချနိုင်တာဟာ ပျင်းရိခြင်းလက်တစ်ဖက်ပါပဲ
၁၂ တာ၀န်ဆိုတာစွမ်းပကားရှိသူတို့ရဲ့ ကျေးကျွန်ပါ

၁၃ အခွင့်အလမ်းဆိုတာစည်တီးပြီးရောက်မလာဘူးတိတ်တဆိတ်လည်း၀င်မလာဘူးအခွင့်အလမ်းကိုရယူနိုင်တဲ့အရည်အချင်းဟာကိုယ့်မှာပဲရှိတယ်
၁၄ သင့်ဦးခေါင်းကိုဘယ်တော့မှငုံ့မထားပါနဲ့။မျှော်လင့်ချက်အပြည့်အ၀နဲ့အထက်ကိုမော့်ကြည့်လိုက်စမ်းပါ သင့်ဘ၀အတွက်မျှော်လင့်ချက်အလင်းရောင်တွေဖြာဝေနေပါတယ်

၁၅ ကိုယ့်ကိုကိုယ်အထင်ကြီးကိုးကွယ်တဲ့ဘ၀င်သမားဟာ နေမင်းကြီထွက်ပေါ်လာတာကို သူတွန်တာနားထောင်ဖို့လို့ အထင်ရောက်နေတဲ့ ကြက်ဖနဲ့တူပါတယ်
၁၆ လူတွေဟာဘာနဲ့တည်ဆောက်ထားသလဲဆိုရင်လိင်စိတ်ရယ် မိမိကိုယ်ကိုအထင်ကြီးလိုစိတ်ရယ်တဲ့

၁၇ မခံချင်စိတ်ကို အကျအနထူထောင်ပြီး ဘ၀ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုအရယူရမယ်
၁၈ သင်ကတစ်စုံတစ်ယောက်ကို ပြုံးပြလိုက်တယ်။အဲဒီလိုပြုံးပြလိုက်တဲ့အတွက်သင့်မှာဘာမှလျော့မသွားဘူး ဒါပေမဲ့တစ်ဖက်သားမှာအများကြီးရသွားသလိုပဲ

၁၉ လူ့လောကမှာပြောတဲ့သူများတယ်။နားထောင်တဲ့သူနည်းတယ်။တစ်ဖက်သားပြောတာကို တလေးတစားနားထောင်တာဟာ အင်မတန်ကြီးမားတဲ့ယဉ်ကျေးမှူပဲ
၂၀ ကိုယ့်စိတ်ထဲမှာမရှင်းရင်ရဲရဲမေးဝ့ရမယ်။
ရဲရဲတွေးဝံ့ရမယ်။ပြောစရာရှိရင် ရဲရဲပြောဝံ့ရမယ်

၂၁ ပျော်ရွှင်မူဆိုသည်မှာသင်ရောက်ရှိရမည့်စခန်းမဟုတ်ပျော်ရွှင်မှူဖြင့်လိုရာခရီးသွားရန်ဖြစ်သည်
၂၂ လူတိုင်းအတွက် မိမိတွင်ရှိသောအရည်အချင်းဖြင့်အကောင်းဆုးံဖြစ်အောင်လုပ်နိုင်သူသည် နံပတ်၁ ပင်ဖြစ်သည်။
ရှာဖွေစုဆောင်းတင်ပြပေးပါသည်။Credit