ဗဟုသုတ အလှအပ
ချိုင်းမွှေးတွေကို သဘာဝအတိုင်း ဖယ်ရှားပေးမယ့်နည်းလမ်း (၃)သွယ်
ချိုင်းမွှေးကိုဘယ်လိုရှင်းကြပါသလဲ။ ရိတ်တာလား၊ နုတ်တာလား။ ရိတ်ရင်ချိုင်းမွှေးပိုထူလာပြီးနုတ်ရင်လည်း အရေပြားထိခိုက်လို့ ချိုင်းသားပျက်ဆီးပါတယ်။ အဲဒီအတွက် ဘယ်လိုနည်းလမ်းကိုသုံးမလဲဆိုတာစာဖတ်သူတွေအတွက် နည်းလမ်းကောင်း ၃ သွယ်ကိုတင်ဆက်ပေးသွားမယ်နော်
နည်းလမ်း ၁ နွားနို့ စားပွဲတင်ဇွန်း ၂ ဇွန်း၊နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း၊ပြုလုပ်နည်း ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး
ချိုင်းအောက်မှာ ၁၅ မိနစ် (သို့) မခြောက်ခင်ထိ ထားပါ။ ပြီးရင် ရေအေးနဲ့ဆေးချပါ။ နေ့တိုင်းတစ်နေ့တခါပုံမှန်လုပ်ပါ၂ ပတ်လောက်ဆိုရင် သိသာလာမှာဖြစ်ပါတယ်
နည်းလမ်း ၂ ကြက်ဥ ၁ လုံး၊ပြောင်းဖူးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ပြုလုပ်နည်း ပါဝင်ပစ္စည်း နှစ်မျိုးကိုရောလိုက်ပါ
ပြီးရင်ချိုင်းအောက်မှာလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ ရေအေးနဲ့ဆေးချပါ။ တစ်ပတ်ကို ၃ ကြိမ် ၂ ပတ်တိတိလုပ်ပေးပါချိုင်းမွှေးတွေတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်
နည်းလမ်း ၃ ပါဝင်ပစ္စည်း သကြား စားပွဲတင်ဇွန်း ၁ ဇွန်း၊သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း (
သို့ သံပုရာသီး တစ်ခြမ်း
ပြုလုပ်နည်း ပါဝင်ပစ္စည်းနှစ်မျိုးလုံးကို ရောလိုက်ပါ။ သံပုရာသီးတစ်ခြမ်းကိုသုံးမယ်ဆိုရင် အဲဒီပေါ်မှာ သကြးကိုတင်ပါ
ပြီးရင် ချိုင်းအောက်မှာ သေချာပွတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပါ။ ပြီးရင် အဝတ်စကိုရေအေးစွတ်ပြီး သန့်ရှင်းရေးလုပ်ပါ
တစ်နေ့ကို ၁ ခါလုပ်ပါ။ ၂ ပတ်လောက်ဆိုရင် အမွှေးတွေတဖြည်းဖြည်းနည်းသွားမှာဖြစ်ပါတယ်။စာဖတ်သူတို့ အဆင်ပြေတဲ့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်Credit
Zawgyi