ကျန်းမာရေး ဗဟုသုတ
စိတ်ဖိစီးမှုတွေ ကို ပြေ လျော့ စေ ပြီး ည ဘက် ကောင်း ကောင်း အိပ်ပျော် စေမယ့် နည်းလမ်း ( ၄ ) ခု
စိတ်ဖိစီးမှုတွေ ကို ပြေ လျော့ စေ ပြီး ည ဘက် ကောင်း ကောင်း အိပ်ပျော် စေမယ့် နည်းလမ်း ( ၄ ) ခု
အလုပ်တွေ အရမ်း ပင်ပန်းလို့ ပဲဖြစ်ဖြစ် ၊ စိတ်ညစ်စရာတွေ ရှိ လို့ပဲ ဖြစ်ဖြစ် ၊ ညဘက် အိပ်မ ပျော် တဲ့ အခါ နောက်တစ်နေ့ အ တွက် အားအင်တွေ မပြည့်တော့ ဘဲ သင့်ရဲ့ နေ့စဉ် ဘဝကို က မောက် ကမ ဖြစ်စေ နိုင် ပါ တယ် ။
ဒီ တော့ အိပ် တဲ့ အ ချိန် မှာ စိတ် ဖိ စီး မှု တွေ ကို လျှော့ ချ ပေး ပြီး ကောင်း ကောင်း အိပ် ပျော် စေ မယ့် နည်း လမ်းကောင်းလေး တွေ ကို ဖော်ပြ ပေး ချင် ပါ တယ် ။
နည်းလမ်း ( ၁ )
အိပ် ရာ ပေါ် မှာ လဲှ အိပ် ပြီး ဒူး နှစ် ဖက် ကို ပိုက် ထား လိုက် ပါ ။
အ သက် ကို ဖြည်း ဖြည်း ချင်း ရှူသွင်း ၊ ရှူထုတ် လုပ်တာကို ၁၀ ကြိမ် လုပ်ပေးပါ ။ ဒီလိုလုပ်တဲ့အခါ ခေါင်းအုံး မအုံးထားပါနဲ့။
နည်းလမ်း ( ၂ )
တင်ပါးအောက်မှာ ခေါင်းအုံး ဒါမှမဟုတ် စောင်ကို ခေါက်ထားပြီး ခြေ ထောက်တွေကို နံရံမှာ ထောင် လိုက် ပါ ။
လက်နှစ်ဖက်ကို ဘေးဘက် မှာ ချထားကာ အသက်ကို ဖြည်းဖြည်းချင်း ရှူပါ ။ ဒီ အ နေ အထားအတိုင်း ၅ မိနစ်လောက်နေ ပေး လိုက် ပါ ။
နည်းလမ်း ( ၃ )
အိပ်ရာပေါ်မှာ လဲှအိပ်ပြီး လည်ပင်း နဲ့ ခါးအောက်မှာ တဘက်လိပ်လေးတွေ ထည့်ပြီး ခြေ ထောက် နှစ်ဖက်ကို ဘေးဘက်ကို ကားပြီး ပြန်ကပ် လိုက် ပါ ။
အဲ့ဒါကို တစ်မိနစ်လောက် လုပ် ပေး ပါ ။
နဖူးကို ခေါင်းအုံးမှာ တင်ထားပြီး မှောက်ခုံအိပ်ပါ၊ ခုနကလိုပဲ ခြေ ထောက် နှစ်ဖက်ကို ဘေးဘက်ကို ကားပြီးပြန်ကပ်တာကို တစ်မိနစ်လောက် လုပ်ပေးပါ ။
နည်းလမ်း ( ၄ )
အိပ်ရာပေါ်မှာ သက်တောင့် သက်သာ လဲှအိပ်ပြီး တဘက်ကို ခေါက်ပြီးလည်ပင်းအောက်မှာ ထည့်ထားလိုက်ပါ။ လက်ဝါးနှစ်ဖက်ကိုလှန်ပြီး ဘေးကို ချထားပါ။
အသက်ကို ဖြည်းဖြည်းချင်းရှူပြီး စိတ်ထဲမှာဖြစ်လာတဲ့ အ တွေးလေးတွေကို လိုက်မထိန်းချုပ်ပဲ ဒီတိုင်းလေး ပဲ တွေးနေလိုက်ပါ။ အဲ့ဒီ အတိုင်း သက်တောင့်သက်သာလေး နေ ရင်း အိပ်ချင်လာပြီး ကောင်းကောင်း အိပ်ပျော်သွားပါလိမ့်မယ်။
Credit
နည်းလမ်း ( ၁ )
အိပ် ရာ ပေါ် မှာ လှဲ အိပ် ပြီး ဒူး နှစ် ဖက် ကို ပိုက် ထား လိုက် ပါ ။
နည်းလမ်း ( ၂ )
နည်းလမ်း ( ၃ )
အိပ်ရာပေါ်မှာ လှဲအိပ်ပြီး လည်ပင်း နဲ့ ခါးအောက်မှာ တဘက်လိပ်လေးတွေ ထည့်ပြီး ခြေ ထောက် နှစ်ဖက်ကို ဘေးဘက်ကို ကားပြီး ပြန်ကပ် လိုက် ပါ ။
နည်းလမ်း ( ၄ )
Credit