ဗဟုသုတ

သင်ဇာတာမှာဘယ်လိုအိမ်မျိုးနဲ့နေရမလဲ

သင်ဇာတာမှာဘယ်လိုအိမ်မျိုးနဲ့နေရမလဲ

သင်ဇာတာမှာဘယ်လိုအိမ်မျိုးနဲ့နေရမလဲမိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍( ၇ )ဖြင့်စားပါ ၁ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် အကျိုးပေးအား နည်းတတ်သည်မကြာခဏ ပြောင်းရွှေ့နေထိုင်ရသောသူများဖြစ်တတ်သည်တစ်နေရာတည်း၌အခြေချရန်ခက်ခဲတတ်သည်။

အိမ်၌စွဲမြဲစွာနေလျှင်လည်းကျန်းမာရေးညံ့လာတတ်ပေသည်၂ ကြွင်းသော်တော်ရုံတန်ရုံ လူချမ်းသာများပင်လျှင်မနေနိုင်သောအိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရတတ်သည်။

ခမ်းနားထည်ဝါသော အိမ်ကြီးများ၌နေထိုင်ရတတ်သည်ယခုအခြေအနေ၌ ဆင်းရဲနေလျှင်ပင်အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့်စီးပွားတက်ချမ်းသာလာနိုင်ပေသည်၃ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့်နေထိုင်ရတတ်ပေသည်။

အိမ်ကိုမကြာခဏပြင်ဆင်မွမ်းမံလေလေစီးပွားတက်လေလေ။အိမ်ကိုအကြောင်းပြု၍စီးပွားဖြစ်ထွန်းတတ်သောကြောင့်အိမ်နှင့်အလုပ်ကို တွဲထားသင့်ပေသည်၄ကြွင်းသော်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့်ကံပါသူဖြစ်သည်။

ရုတ်တရက်အမွေရခြင်း ထီပေါက်ခြင်းတို့ကြောင့်စီးပွားတက်၍လည်းကောင်း ဆုရခြင်းမဲပေါက်ခြင်း လက်ဆောင်ရခြင်းကြီးကဲသူတို့ကချီးမြှင့်ခြင်းကြောင့်လည်းကောင်းအိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည်

၅ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်ကံနည်းပါးသည်မကြာခဏ ပြောင်းရွှေ့နေထိုင်ရတတ်သည်။အိမ်မှာနေလျှင် အလုပ်များအဆင်မပြေခြင်းပူပင်များရခြင်းမျာကြုံရတတ်ပေသည်။

အိမ်နှင့်အလုပ်ကို တွဲ၍မထားသင့်သော ဇာတာရှင်များဖြစ်သည်၆ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်ကံပါလာသူများဖြစ်သည်

ထူးခြားဆန်းပြားသော ပုံစံဒီဇိုင်းရှိသည့်အိမ်များ၌နေထိုင်ရမည်အိမ်ကြီးအိမ်ကောင်းများတွင်နေထိုင်ပြီးစီးပွားတက်မည်ဤသူများနေထိုင်ရာအိမ်တွင်အများစိတ်ဝင်စားဖွယ်ရာထူးထူးခြားခြားရှိနေတတ်သည်ဝကြွင်းသော်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရန်ကံနည်းပါးတတ်သည်

အိမ်ကြီးအိမ်ကောင်းကိုပိုင်ဆိုင်ထားပြီအခြားတစ်ပါးတွင် နေထိုင်ရတတ်သည်မိမိမှာ အိမ်ပိုင်ပါလျက်နှင့် သူတစ်ပါး၏အိမ်တွင်နေရတတ်သည်မကြာခဏပြောင်းရွှေ့နေထိုင်ရန်ဇာတာပါလာသူများဖြစ်သည်(ဆရာ ဇင်ယော်နီ ၏ရွှေအိမ်တော် အဖွင့်ကျမ်း “မှ,,မျှဝေပါသည်)

Zawgyi





အိမ်ကိုအကြောင်းပြု၍စီးပွားဖြစ်ထွန်းတတ်သောကြောင့်အိမ်နှင့်အလုပ်ကို တွဲထားသင့်ပေသည်၎ကြွင်းသော်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့်ကံပါသူဖြစ်သည်။



